ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းနိုင်သောဒေသများတွင် ရန်ကုန်တိုင်းလည်းပါဝင်လာကြောင်း မိုးဇလ၏ ယနေ့ နိုဝင်ဘာ ၂၇ ရက်ည ၇ နာရီကထုတ်ပြန်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၈/၂၀၂၄)အရ သိရသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မနက်ဖြန် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧ ရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည် နယ်တို့တွင်မိုးရွာသွန်းနိုင်သည်ဟု မိုးဇလထံမှသိရသည်။
အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင် ငံ၊ ကိုကိုးကျွန်းမြို့၏အနောက်-အနောက်တောင်ဘက် ရေမိုင်(၇၃၀)မိုင်ခန့်ကိုဗဟိုပြုနေပြီး မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားလာနိုင်သည့် အ ခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသော်လည်း ယနေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။
အားကောင်းသောမုန်တိုင်းငယ်၏ ဗဟိုချက်လေဖိအားမှာ ၁၀၀၁ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းသည် တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်သည်ဟုလည်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။