နူးဒေလီ၊ဒီဇင်ဘာ ၃၀
Lowy Institute က ထုတ်ပြန်သော Asia Power Index ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံသည် ဂျပန်နိုင်ငံကိုကျော်တက်ကာ အာရှတွင် တတိယအင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကြောင်း သိရှိရသည်။
အဆင့်သတ်မှတ်ချက်တွင် ယခုကဲ့သို့ ပြောင်းလဲတိုးတက်သွားခြင်းက ကမ္ဘာ့ဇာတ်ခုံ၌ အိန္ဒိယ၏ဩဇာလွှမ်းမိုးနိုင်မှုမြင့်လာပြီး ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် အရေးပါသော နိုင်ငံဖြစ်လာပြီး စူပါပါဝါနိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ဖို့အတွက်လည်း ခိုင်မာသည့်နေရာတစ်ခုကိုရရှိစေခဲ့သည်။
Asia Power Index သည် ဩစတြေးလျဉာဏ်ကြီးရှင်များအဖွဲ့ကထုတ်ပြန်ကြေငြာသည့် အာရှတစ်ဝန်းရှိနိုင်ငံများ၏ ပါဝါ၊ ဩဇာများကို တိုင်းတာအကဲဖြတ်သည့် အစီအစဉ်တစ်ခုလည်းဖြစ်သည်။
ယင်းသို့တိုင်းတာဆုံးဖြတ်ရာ၌ အဆိုပါနိုင်ငံ၏ စီးပွားရေးအရင်းအမြစ်များ၊စစ်ရေးစွမ်းရည်၊ သံတမန်ရေးအရဩဇာလွှမ်းမိုးမှု၊ယဉ်ကျေးမှုတိုးတက်မှု၊အနာဂတ်အရင်းအမြစ်များအပါအဝင် အခြားစံနှုန်းများအပေါ်မူတည်တိုင်းတာခြင်းလည်းဖြစ်သည်။
ယခုနှစ်တွင် အိန္ဒိယသည် ဂျပန်ကိုကျော်ကာ တတိယနေရာသို့ရောက်ရှိလာခြင်းသည် အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေး၊သံခင်းတမန်ခင်းနှင့်စီးပွားရေးတိုးတက်မှုအပါအဝင် အခြားအဓိကကျသည့်နယ်ပယ်များတွင် ၎င်းတို့၏ တိုးတက်လာမှုအခြေအနေများကိုထင်ဟပ်နေစေသည်ဟုလည်းဆိုထားသည်။
Source : ဘစ်ဇ်နစ်စတန်းဒတ်ထ်