Friday, November 15, 2024

လုပ်ဆောင်ချက် အစီအစဉ်သစ် တိုင်းပြည်သို့ ချပြမည်ဟု...

ယူကရိန်းအတွက် အစီအစဉ်သစ်တစ်ခုကို နိုင်ငံသို့ ချပြတော့မည်ဟု သမ္မတ ဇလန်းစကီးကကြေညာခဲ့သည်။ “စုစုပေါင်း အချက် ၁၀ ချက်ကို နောက်အပတ်မှာ ချပြသွားမှာဖြစ်ပါတယ်" ဟု သူ၏...

၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်...

ဖီလစ်ပိုင်နိုင်ငံမှ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု...

မူဆယ်တွင် စက်သုံးဆီတစ်လီတာ ကျပ် (၁၂၀၀၀)...

တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် (၁၂၀၀၀)အထိ ဈေးမြင့်တက်နေပြီး အချို့စက်သုံးဆီဆိုင်များ ပိတ်ထားရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့...

အိန္ဒိယ၌လေထုညစ်ညမ်းနေ၍အများပြည်သူပို့ဆောင်ရေးစနစ်များရပ်ဆိုင်း

နူးဒေလီ၊နိုဝင်ဘာ ၁၄ ကြာသပတေးနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံမြို့တော်နှင့် ဆင်ခြေဖုံးများတွင် မီးခိုးမြူများ ဖုံးလွှမ်းသွားခဲ့ပြီး လေယာဉ်ခရီးစဉ်များနှင့် ရထားအချိန်များကို ရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။ ခရီးသည်များအနေဖြင့်လည်း လေကြောင်းခရီးစဉ်ဆိုင်ရာ နောက်ဆုံးအခြေအနေအတွက် သတင်းအချက်အလက်များရစေရန် မိမိတို့၏...
HomeNewsLocal Newsအိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ပထမအကြိမ် Asia...

အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 အစည်းအဝေးကို သီတဂူဆရာတော်ကြီးတက်ရောက်

အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အသောကဟိုတယ်တွင် နိုဝင်ဘာ ၅ ရက်နံနက် ၈ နာရီကကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 ကိုတက်ရောက်တော်မူခဲ့ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီးသည် ယင်း အစည်းအ ဝေးအား Internatiional Buddhist Confederation ၏ဖိတ်ကြားချက်အရတက်ရောက်တော်မူခဲ့ခြင်းဖြစ်ကာ အခမ်းအနားအား ဘုရားပန်းကပ်ခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်၍ ဖွင့်လှစ်ပေးတော်မူခဲ့ကြောင်း သိရသည်။

ထို့ပြင် အစည်းအဝေး၌ သီတဂူဆရာတော်ကြီးသည် “Recognition of Pali as a Classical Indian Language”အကြောင်းအား မိန့်ခွန်းအ ဖြစ်မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ အိန္ဒိယနိုင်ငံသမ္မတနှင့် နိုင်ငံပေါင်း(၃၀)မှ ဖိတ်ကြားထားသောဘာသာရေးခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များအပါအဝင် လူပေါင်း(၁၀၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လုပ်ဆောင်ချက် အစီအစဉ်သစ် တိုင်းပြည်သို့ ချပြမည်ဟု ဇလန်းစကီးကြေညာ

ယူကရိန်းအတွက် အစီအစဉ်သစ်တစ်ခုကို နိုင်ငံသို့ ချပြတော့မည်ဟု သမ္မတ ဇလန်းစကီးကကြေညာခဲ့သည်။ “စုစုပေါင်း အချက် ၁၀ ချက်ကို နောက်အပတ်မှာ ချပြသွားမှာဖြစ်ပါတယ်" ဟု သူ၏ Telegram ချန်နယ်တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် လုံခြုံရေး၊ စွမ်းအင်နှင့် လက်နက်တပ်ဆင်ရေး စသည့်အချက်များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်နက်များနှင့်ပတ်သက်၍မူ အဆိုပါ အစီအစဉ်သည် ယူကရိန်းတွင် ထုတ်လုပ်မှုအပေါ် အာရုံစိုက်မည်ဖြစ်ပြီး မိတ်ဖက်များနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ယူကရိန်းလွှတ်တော်အမတ် Alexey Goncharenko (ရုရှားတွင် အကြမ်းဖက်သမားများနှင့် အစွန်းရောက်များစာရင်းတွင် ပါ၀င်သည်)က...

၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု နည်းပြချုပ်ဦးဌေးမြင့်ဆို

ဖီလစ်ပိုင်နိုင်ငံမှ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်ကပြောသည်။ ပြိုင်ပွဲအကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဖီလစ်ပိုင်နိုင်ငံရှိ ပြိုင်ပွဲဝင်အသင်းများတည်းခိုသော Marcopolo Hotel ၌ကျင်းပစဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲသို့ ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းများမှ နည်းပြနှင့် အသင်းခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ "အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဟာ အတွေ့အကြုံကောင်းတွေရရှိစေမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ ပွဲတိုင်းခက်ခဲမှာပါ။ ဒီပြိုင်ပွဲမတိုင်ခင် ထိုင်းမှာလေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲကစားခဲ့ပါတယ်။...

မူဆယ်တွင် စက်သုံးဆီတစ်လီတာ ကျပ် (၁၂၀၀၀) အထိ ဈေးမြင့်တက်

တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် (၁၂၀၀၀)အထိ ဈေးမြင့်တက်နေပြီး အချို့စက်သုံးဆီဆိုင်များ ပိတ်ထားရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ တရုတ်နိုင်ငံဘက်မှ စက်သုံးဆီအပါအဝင် အခြားလူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်များကို တင်သွင့်ခွင့်ပိတ်လိုက်ပြီးနောက် ဒေသတွင်း စက်သုံးဆီဈေးများ မြင့်တက်လာပြီး လက်ကျန်ဆီများကို အကန့်အသတ်ဖြင့် ရောင်းချပေးနေရကြောင်း ဆိုသည်။ "ဂိတ်တွေပိတ်တော့ ဆီလက်ကျန်မရှိတော့တဲ့ ဆိုင်တွေက ပိတ်ထားပြီ။ လက်ကျန်ဆီရှိတဲ့ ဆိုင်တွေကပဲ ရောင်းပေးနေတာ။ ဆိုင်တွေမှာဆိုရင်တော့ ၉၅၀၀ ကျပ်နဲ့ရတယ်။ လိုချင်သလိုမရဘူး။ အပြင် ဆီဆိုင်အသေးတွေကတော့ ဒီနေ့အထိ ၁၂၀၀၀နဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071