Wednesday, February 19, 2025

ဒုတိယအကြိမ်ထပ်မံခိုးယူခြင်းခံခဲ့ရသည့် ရွှေအိုးရစေတီတော်အတွင်းရှိ ရှေးဟောင်းလျောင်းတော်မူ ကျောက်သားဆင်းတုတော်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေအိုးရစေတီတော်အတွင်းကိုးကွယ်ထားသည့် ရှေးဟောင်းလျောင်းတော်မူ ကျောက်သားဆင်းတုတော်တစ်ဆူ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက ဒုတိယအကြိမ်မြောက်အဖြစ်ထပ်မံခိုးယူခြင်းခံခဲ့ရကြောင်း သိရသည်။ ရွှေအိုးရစေတီတော်ဂေါပကအဖွဲ့ဝင်များသည် စေတီတော်သို့ရောက်ရှိလာစဥ် ဘုရားဝင်းအ တွင်းကိုးကွယ်ထားသည့်...

မော်လမြိုင်၌ ကျောင်းသား/ကျောင်သူ (၃၀၀) အား...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ အခြေခံနှင့် အဆင့်မြင့်သင်တန်း ကျောင်းသားကျောင်းသူ (၃၀၀) ဦးအား အခမဲ့ သင်ကြားပို့သွားမည်ဖြစ်ကြောင်း သာသနာနွယ်ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်တစ်ပါးထံမှ...

အစ္စရေးဓားစာခံအားလုံးကို တစ်ပြိုင်နက် လွှတ်ပေးရန် ဟာမတ်စ်...

ဂါဇာမြေပေါ်ရှိ ပါလက်စတိုင်း ဟာမတ်စ်အဖွဲ့သည် ကျန်ရှိနေသေးသည့် အစ္စရေးဓားစာခံများအားလုံးကို တစ်ပြိုင်နက် လွှတ်ပေးရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြသည်။ ဂါဇာမြေပေါ်တွင် စစ်ပြေငြိမ်းရေး...

ဒူဘိုင်းစားသောက်ကုန်ပြပွဲတွင် မြန်မာပြခန်းတစ်ခုပါဝင်

Gulfood Dubai တွင်ကျင်းပနေသော ပြခန်းပေါင်း ၅၅၀၀ကျော် ကမ္ဘာ့အကြီးဆုံး စားသောက်ကုန်ပြပွဲကို ဖေဖော်ဝါရီ ၁၇ မှ ၂၁ ထိ Dubai...
HomeInternationalအိန္ဒိယဘာသာရေးပွဲတစ်ခု၌ လူအုပ်ပြိုပြီး ၁၇...

အိန္ဒိယဘာသာရေးပွဲတစ်ခု၌ လူအုပ်ပြိုပြီး ၁၇ ဦးထက်မနည်းသေဆုံး

နူးဒေလီ၊ဇန်နဝါရီ ၂၉

အိန္ဒိယနိုင်ငံ အူတရာပရာဒက်ရှ်ပြည်နယ်ရှိ ဘာသာရေးပွဲတော်တစ်ခု၌ လူအုပ်ပြိုပြီး လူ ၁၇ ဦးထက်မနည်းသေဆုံးကာ ၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်း မီဒီယာများ၏ သတင်းများ အရသိရသည်။

လူအုပ်ပြိုမှုသည် ဗုဒ္ဓဟူးနေ့ အစောပိုင်းကဖြစ်‌ပေါ်ခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးများဆက်လက်လုပ် ဆောင်နေကာ သေဆုံးဒဏ်ရာရသူအရေအတွက် ဆက်တိုးလာနိုင်သည်ဟုလည်းခန့်မှန်းထားကြသည်။

အဆိုပါလူသေဆုံးမှုများအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကထုတ်ပြန်ကြေငြာခဲ့ပြီး ဒဏ်ရာရရှိသူများလည်း အမြန်ဆုံးသက်သာစေရန်ဆုတောင်းပေးခဲ့သည်။

အူတရာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ်ကမူ ဒဏ်ရာရသူများကို ဆေးရုံတင်ထားသည်ဟုပြောကြားခဲ့သော်လည်း သေဆုံးသူအရေအတွက်အတိအကျကိုထုတ်ပြန်ကြေငြာခြင်းမရှိခဲ့ပေ။

ယခုဘာသာရေးပွဲတော်သည် ဟိန္ဒူဘာသာဝင်များ၏အယူအဆအရ ဂင်္ဂါမြစ်၊ယမုံနာမြစ်နှင့် သူရဿတီမြစ်သုံးခုတို့ဆုံစည်းရာမြစ်ဆုံမှ မြင့်မြတ်သောရေကို ယူငင်ရန်နှင့်ရေချိုးရန်ပြုလုပ်ကြသည့်ပွဲတော်တစ်ခုလည်းဖြစ်သည်။

အာဏာပိုင်များ၏ခန့်မှန်းချက်အရ ပွဲတော်သို့ လူ သန်း ၁၀၀ ခန့်လာရောက်ကြပြီး ဘုရားဖူးများနှင့်ခရီးသွားများအတွက် အာဏာပိုင်များက ချက်ပြုတ်နိုင်မည့်နေရာ ၃,၀၀၀၊အိမ်သာ ၁၅၀,၀၀၀၊လမ်း၊လျှပ်စစ်မီး၊ရေ၊ဆက်သွယ်ရေးတာဝါတိုင်များနှင့် ဆေးရုံ ၁၁ ရုံတို့ စီစဉ်ပေးထားကြောင်းလည်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒုတိယအကြိမ်ထပ်မံခိုးယူခြင်းခံခဲ့ရသည့် ရွှေအိုးရစေတီတော်အတွင်းရှိ ရှေးဟောင်းလျောင်းတော်မူ ကျောက်သားဆင်းတုတော်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေအိုးရစေတီတော်အတွင်းကိုးကွယ်ထားသည့် ရှေးဟောင်းလျောင်းတော်မူ ကျောက်သားဆင်းတုတော်တစ်ဆူ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက ဒုတိယအကြိမ်မြောက်အဖြစ်ထပ်မံခိုးယူခြင်းခံခဲ့ရကြောင်း သိရသည်။ ရွှေအိုးရစေတီတော်ဂေါပကအဖွဲ့ဝင်များသည် စေတီတော်သို့ရောက်ရှိလာစဥ် ဘုရားဝင်းအ တွင်းကိုးကွယ်ထားသည့် ရှေးဟောင်းလျောင်း တော်မူ ကျောက်သားဆင်းတုတော်ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများအားအကြောင်းကြားပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းလျောင်းတော်မူ ကျောက်သားဆင်းတုတော်သည် ငွေကျပ်သိန်းပေါင်းထောင်ချီတန်ကြေးရှိပြီး ၂၀၀၇ ခုနှစ်က ပထမအကြိမ်ခိုးယူခြင်းခံခဲ့ရပြီး မြဝတီမြို့၌ ဘုရားခိုးဂိုဏ်းတစ်ခုအားဖမ်းဆီးရမိချိန်တွင် ပြန်လည်ရရှိခဲ့၍ ရွှေအိုးရစေတီတော်ပရိဝုဏ်အတွင်းကို ပြန်လည်ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပင့်ဆောင်ပူဇော်ခံပြီး ယခု ဒုတိ ယအကြိမ် ထပ်မံခိုးယူခြင်းခံခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက...

မော်လမြိုင်၌ ကျောင်းသား/ကျောင်သူ (၃၀၀) အား နွေရာ ယဉ်ကျေးလိမ္မာ သင်တန်းပေးမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ အခြေခံနှင့် အဆင့်မြင့်သင်တန်း ကျောင်းသားကျောင်းသူ (၃၀၀) ဦးအား အခမဲ့ သင်ကြားပို့သွားမည်ဖြစ်ကြောင်း သာသနာနွယ်ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်တစ်ပါးထံမှ သိရသည်။ သင်ကြားပို့ချမှုကို မော်လမြိုင်မြို့ သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော်က ကြီးမှုးပြုလုပ်ခြင်းဖြစ်ပြီး အခြေခံသင်တန်းတွင် ဗုဒ္ဓဝင်၊ ဘုရားရှိခိုး နှင့် ဗုဒ္ဓဘာသာ အခြေခံသင်ခန်းစာများ၊ ယဉ်ကျေးလိမ္မာ ကဗျာများကို သင်ကြား ပို့ချသွားမည်ဖြစ်ကာ အဆင့်မြင့်သင်တန်းတွင် မင်္ဂလသုတ်၊ သိင်္ဂိါလောဝါဒသုတ်လာ ကျင့်ဝတ်များနှင့် လောကနီတိများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ အခြေခံသင်တန်းတွင် KG တန်း မှ Grade 4...

အစ္စရေးဓားစာခံအားလုံးကို တစ်ပြိုင်နက် လွှတ်ပေးရန် ဟာမတ်စ် အဖွဲ့ အဆင်သင့်ဖြစ်နေ

ဂါဇာမြေပေါ်ရှိ ပါလက်စတိုင်း ဟာမတ်စ်အဖွဲ့သည် ကျန်ရှိနေသေးသည့် အစ္စရေးဓားစာခံများအားလုံးကို တစ်ပြိုင်နက် လွှတ်ပေးရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြသည်။ ဂါဇာမြေပေါ်တွင် စစ်ပြေငြိမ်းရေး ဆွေးနွေးမှုများ၏ ဒုတိယအဆင့်အတွင်း ၎င်းတို့၏ သဘောထားကို ဖော်ပြသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ "ဟာမတ်စ်အဖွဲ့သည် ဂါဇာစစ်ပြေငြိမ်းရေးသဘောတူညီချက်၏ ဒုတိယအဆင့်တွင် အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်းအကျဉ်းသားများအား တစ်ပြိုင်နက် လဲလှယ်ရန် အဆိုပြုထားပြီး၊ ထိုသို့ပြုလုပ်ရာတွင် စစ်ပြေငြိမ်းရေးကို အမြဲတမ်းရရှိရန်နှင့် အစ္စရေးတပ်များ လုံးဝဆုတ်ခွာသွားရန် ရည်ရွယ်ထားကြောင်း" သတင်းဌာနက ဖော်ပြသည်။ အီဂျစ်၊ ကာတာနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကြားဝင်ဆောင်ရွက်မှုကြောင့် အစ္စရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071