လူပေါင်းနှစ်သိန်းသုံးသောင်းခန့်ေ-သဆုံးခဲ့ရသည့် အိန္ဒိယသမုဒ္ဒရာဆူနာမီသည် အနှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်ကာ ေ-သဆုံးခဲ့သူများ၏ မိသားစုဝင်များက အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနား၌ ဆူနာမီအတွင်းေ-သဆုံးသွားပြီး မိသားစုများနှင့်အဆက်သွယ်မရသည့် အမည်မသိေ-သဆုံးသူ ၁၄,၀၀၀ အားမြှုပ်နှံထားသည့် သင်္ချိုင်းသို့ လူအများအပြားလာရောက်ကာ လွမ်းသူ့ပန်းခွေများလာချခဲ့ကြသည်။
“ကျွန်တော့်မိသားစုဝင်တွေ ဘယ်ရောက်သွားလဲမသိသလို ပြန်လဲရှာမတွေ့ခဲ့ပါဘူး၊ဒါကြောင့် နှစ်တိုင်းဒီနေရာလာပြီး ပန်းခွေချတာကလွဲရင်တခြားဘာမှမလုပ်နိုင်ပါဘူး” ဟု လွန်ခဲ့သည့်အနှစ် ၂၀ က သဘာဝဘေးအတွင်း သားနှစ်ဦးကိုဆုံးရှုံးခဲ့ရသည့် ဖခင်တစ်ဦးကပြောကြားခဲ့သည်။
၂၀၀၄ ခုနှစ်ကဖြစ်ခဲ့သည့် အဆိုပါသဘာဝဘေးအတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လူပေါင်း နှစ်သိန်းသုံးသောင်းခန့်ေ-သဆုံးခဲ့ပြီး အင်ဒိုနီးရှားတစ်နိုင်ငံတည်း၌ လူပေါင်း ၁၇,၀၀၀ ကျော်ေ-သဆုံးခဲ့သည်ဟုလည်းသိရသည်။
အဆိုပါသဘာဝဘေးကြောင့် ထိုင်းနိုင်ငံ၌လည်း လူပေါင်း ၈,၀၀၀ ကျော်ေ-သဆုံးကာ အိန္ဒိယ၌ ၁၀,၇၄၉ ဦးေ-သဆုံးပြီး တမီနာဒူးလ်ပြည်နယ်တစ်ခုတည်းကပင် လူ ၇,၀၀၀ နီးပါးေ-သဆုံးခဲ့သည်ဟုလည်းသိရသည်။
Source : Khasod English