Wednesday, January 15, 2025

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane တို့ဆွေးနွေးခဲ့ကြသည်။ လာအိုနိုင်ငံ...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင်...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women's Futsal Asain Cup 2025 China...

EAO များအတွင်း Coordination and...

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးအပါအဝင် အချက်(၅)ချက်ကို 7 EAO Alliance ၏ (၃/၂၀၂၅)...

တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊...

ဗဟိုဘဏ်အနေဖြင့်တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၉) ဦးကိုအမှုဖွင့် အရေးယူထားပြီး (၆) ‌ဦးအားတည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုထားကြောင်း ဗဟိုဘဏ်မှ...
HomeNewsLocal Newsအိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ် လာ...

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ် လာ ၁.၆ ဘီလီယံကျော်လွန်မည်ဟု စီးပွားကူးသန်း ဒုဝန်ကြီးပြော

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်လွန်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းမင်း၏ ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် အိန္ဒိယ-မြန်မာ စီးပွားရေးညီလာခံ ၂၀၂၅ အခမ်းအနားတွင် ၎င်းက ထည့်သွင်း‌ပြောကြားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ယခုဘဏ္ဍာနှစ်၏ ကိုးလတာအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရရှိထားပြီး၊ ဘဏ္ဍာနှစ်အလိုက် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏတန်ဖိုးများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ၊ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃ ဘီလီယံ ကုန်သွယ်မှုပြုလုပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသို့ ပဲမျိုးစုံ၊ ရာဘာ၊ ငါး၊ အထည်ချုပ် စသည်တို့ကို အများဆုံး တင်ပို့ထားပြီး အိန္ဒိယနိုင်ဘက်မှ ဆေးဝါး၊ ရေနံထွက်ကုန်ပစ္စည်းများ၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံပေါင်း (၅၃) နိုင်ငံအနက် အိန္ဒိယနိုင်ငံသည် ရင်းနှီး မြှုပ်နှံမှုအများဆုံး ပြုလုပ်သည့် နိုင်ငံအဆင့် (၁၁) နေရာတွင် ရပ်တည်လျက်ရှိနေပြီး မြန်မာနိုင်ငံတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၈၃ သန်းခန့် ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane တို့ဆွေးနွေးခဲ့ကြသည်။ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန်အပ်ခြင်းခံခဲ့ရသည့် H.E. Mr. Thongsavanh Phomvihane အား မြန်မာသံအမတ်ကြီးမှ ဇန်န ဝါရီ ၁၃ ရက်နေ့လည် ၃ နာရီက သွားရောက်တွေ့ ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-လာအို နှစ်နိုင်ငံကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု၊ စွမ်းအင်၊...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ်ပြော

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women's Futsal Asain Cup 2025 China (Qualifiers)ပွဲ၏ အုပ်စု(D)ပွဲစဥ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့လည် ၁ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရလဒ်ကောင်းတွေရဖို့ကြိုးစားပါမယ်။ ဒီပွဲအတွက် ကြို တင်ပြင်ဆင်မှုတွေအများကြီးလုပ်ထားသလို ပြိုင်ပွဲအတွက်လည်း အသင့်ဖြစ်နေပါပြီ"ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ ထို့ပြင် အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲစဥ်တိုင်းကို အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကာ အုပ်စု(D)တွင်...

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးဆွေးနွေး

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးအပါအဝင် အချက်(၅)ချက်ကို 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၊ မဟာမိတ်အဖွဲ့ - 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးအား ယနေ့ ဇန်နဝါရီ ၁၄ ရက်က သဘာပတိ(၁)အဖြစ် ဦးဆောင်အဖွဲ့-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်မှ ဦးဆောင်၍ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင် ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှနေ့စဥ်ရင် ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခမျိုးစုံအားသုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071