Sunday, March 30, 2025

မြန်မာ့ငလျင်ဘေးဒဏ်အား ကူညီကယ်ဆယ်မှုများပြုလုပ်ရန် ထိုင်းတော်ဝင်ကြည်းတပ်၏ အထူးတပ်ဖွဲ့ဝင်(၅၅)ဦးကိုစေလွှတ်ခဲ့

ပြီးခဲ့သည့် မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန် ထိုင်းနိုင်ငံမှ ထိုင်းတော်ဝင်ကြည်းတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဝင် (၅၅)ဦးကို...

MRF မှ အရေးပေါ်လှုပ်ရှားမှုအဖွဲ့(Task Force)...

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ အင်အား အလွန် ပြင်းထန်သော မြေငလျင် ဘေးဒဏ် သက်ရောက်မှုခံရသူများနှင့် ဒေသများအား ကူညီရန် ရည်ရွယ်ပြီး "MRF Operation AID...

ဟောင်ကောင်အစိုးရကယ်ဆယ်ရေးအဖွဲ့ ငလျင်ဘေးသင့်မြန်မာသို့လာရောက်ကူညီမည်

ဟောင်ကောင်၊မတ် ၂၉ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန်အတွက် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများသို့ အင်အား ၅၁ ဦးပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို...

ဝမ်းတွင်းမြို့ရှိ ပြိုကျသွားသည့် အမှတ်(၇)ချည် မျှင်အထည်စက်ရုံအတွင်းပိတ်မိနေသည့်...

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် မတ် ၂၈ ရက်မွန်းတည့်ပိုင်းက အင်အားအလွန်ပြင်းထန်သည့်ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အမှတ်(၁)ရပ်ကွက်ရှိ အမှတ် (၇)ချည်မျှင်အထည်စက်ရုံအဆောက်အဦးမှာ ပြိုကျသွားခဲ့ပြီး အမျိုးသမီး(၂)ဦးပိတ်မိနေခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...
HomeInternationalအိမ်ဖြူတော်သည် ယီမင်စစ်ပွဲအစီအစဉ်ကို သတင်းသမားတစ်ဦးထံ...

အိမ်ဖြူတော်သည် ယီမင်စစ်ပွဲအစီအစဉ်ကို သတင်းသမားတစ်ဦးထံ မှားယွင်းပေးပို့ခဲ့

အိမ်ဖြူတော် ထိပ်တန်းအရာရှိများသည် ယီမင်စစ်ပွဲဆိုင်ရာ အစီအစဉ်များကို သတင်းသမားတစ်ဦးပါဝင်သော အုပ်စုတစ်ခုထံ မှားယွင်းပေးပို့ခဲ့မိသည်ဟု အိမ်ဖြူတော်က တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ယင်း အမှားအယွင်းအပေါ် ဒီမိုကရက်တစ် အမတ်များက ချက်ခြင်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။

“Houthi PC small group” ဟု အမည်ပေးထားသော Signal မက်ဆင်ဂျာပေါ်ရှိ ကုဒ်ဝှက် group chat တစ်ခုက မတ် ၁၃ ရက်တွင် သူ့ကို မမျှော်လင့်ဘဲ ဖိတ်ကြားခဲ့သည်ဟု The Atlantic မဂ္ဂဇင်း အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးဘတ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယီမင်ရှိ ဟူသီသူပုန်များအပေါ် အမေရိက၏ အကြီးစားတိုက်ခိုက်ရေး အစီအစဉ်များအကြောင်းကို တိုက်ခိုက်မှု မစမီ နာရီပိုင်းအလိုတွင် အဆိုပါ ဂရုမက်ဆေ့ချ်များအရ ဂိုးဘတ် သိရှိခဲ့ရသည်။

ပင်လယ်နီတွင် ဖြတ်သန်းသွားလာသော သင်္ဘောများကို တိုက်ခိုက်နေမှုအတွက် မတ် လ ၁၅ ရက် နေ့တွင် အမေရိက,က ဟူသီအဖွဲ့ကို တိုက်ခိုက်မှုများ လုပ်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှု မစမီတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပစ်မှတ်များ၊ အမေရိက ဖြန့်ကျက်မည့် လက်နက်များ၊ တိုက်ခိုက်မှု အစီအစဉ်ဆိုင်ရာ သတင်းအချက်အလက်များ အပါအဝင် စစ်ဆင်ရေးဆိုင်ရာ အသေးစိတ်အကြောင်းအရာကို ဂရုတွင် ပို့စ်တင်ခဲ့သည်ဟု ဂိုးဘတ်က ပြောဆိုသည်။

အဆိုပါ group chat တွင် ဒုတိယ သမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန်ရက်လစ်ဖ်နှင့် အခြားသူများကို ကိုယ်စားပြုသော အကောင့်များလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

ချက်တင် တစ်နေရာတွင် ဗန့်စ်ဟု သတ်မှတ်ခံရသူက ပင်လယ်နီတွင် သင်္ဘောများ အခက်ကြုံနေမှုကို ပိုမိုရင်ဆိုင်နေရသော အမေရိက၏ မဟာမိတ် ဥရောပအတွက် အမေရိက၏ အကူအညီသည် ထိုက်တန်ပါသလားဟူသော မေးခွန်းထုတ်မှုမျိုး ပြောဆိုခဲ့သည်ဟု ဆိုသည်။

ယင်းတွင် Hegseth ဟု မှတ်ယူခံရသူက “ဒုတိယသမ္မတကြီးရေ ဥရောပအတွက် အခမဲ့ ဝန်ထမ်းရတာကို ခင်ဗျား မနှစ်မြို့တာ ကျွန်တော် အပြည့်အ၀ နားလည်ပါတယ်” ဟု တုန့်ပြန်ထားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံတော် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူးအဖြစ် အမည်စာရင်းတင်ထားသော Joe Kent သည် အထက်လွှတ်တော်က ထောက်ခံအတည်ပြုထားခြင်း မရှိသေးသော်လည်း ယင်း ဂရုတွင် ပါဝင်နေသည်မှာ ထင်ရှားသည်ဟု ဆိုသည်။

အဆိုပါ ချက်တင်သည် အစစ်အမှန်ဖြစ်ပုံရသည်ဟု အိမ်ဖြူတော် နိုင်ငံတော် လုံခြုံရေးကောင်စီ NSC ပြောရေးဆိုခွင့်ရှိသူ Brian Hughes က ပြောဆိုပြီး ချက်တင်တွင် မှားယွင်းသော နံပါတ်ကို ထည့်သွင်းခဲ့မိမှုနှင့် ပတ်သက်၍ NSC က ပြန်လည်သုံးသပ်နေသည်ဟု ဆိုခဲ့သည်။

The Atlantic ၏ သတင်းဖော်ပြချက်နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ချက်တင်တွင် စစ်ပွဲအစီအစဉ်များကို မျှဝေခဲ့ခြင်းမရှိကြောင်း Hegseth က ငြင်းဆိုခဲ့ကာ ဂိုးဘတ်၏ ယုံကြည်စိတ်ချရမှုအပေါ် တိုက်ခိုက် ပြောဆိုသွားခဲ့သည်။ Ref: ယဟျူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ငလျင်ဘေးဒဏ်အား ကူညီကယ်ဆယ်မှုများပြုလုပ်ရန် ထိုင်းတော်ဝင်ကြည်းတပ်၏ အထူးတပ်ဖွဲ့ဝင်(၅၅)ဦးကိုစေလွှတ်ခဲ့

ပြီးခဲ့သည့် မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန် ထိုင်းနိုင်ငံမှ ထိုင်းတော်ဝင်ကြည်းတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဝင် (၅၅)ဦးကို ယနေ့ မတ် ၃၀ ရက်ကစေလွှတ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ငလျင်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတွင်ကြုံတွေ့နေရမှုများကို ကူညီပေးသွားမည်ဖြစ်ကာ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင်ရောက်ရှိနေသည့် ထိုင်းလူမျိုးများကိုလည်း ကူညီကယ်ဆယ်မှုများပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့တွင် စီမံခန့်ခွဲရေးအဖွဲ့ ၊ စစ်ဗိုလ်များပါဝင်သောအဖွဲ့၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်ကူညီနိုင်ရန်ဆေးအဖွဲ့၊ ပျက်စီးဆုံးရှုံးမှုများအားစစ်ဆေးရေးအဖွဲ့နှင့် ဆက်သွယ်ရေးအဖွဲ့များပါဝင်ကာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှလည်း ထိုင်းစစ်သံမှူး၊ ပထမအတွင်းဝန်၊...

MRF မှ အရေးပေါ်လှုပ်ရှားမှုအဖွဲ့(Task Force) အသစ်တစ်ခုကိုစတင်ဖွဲ့စည်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ အင်အား အလွန် ပြင်းထန်သော မြေငလျင် ဘေးဒဏ် သက်ရောက်မှုခံရသူများနှင့် ဒေသများအား ကူညီရန် ရည်ရွယ်ပြီး "MRF Operation AID - Action in Disaster" အရေးပေါ်လှုပ်ရှားမှုအဖွဲ့(Task Force) အသစ်တစ်ခုကိုစတင်ဖွဲ့စည်း တာဝန်ပေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထိုသို့ လုပ်ဆောင်သွားမည့် အစီအစဉ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ညီနောင်အသင်းများနှင့် ဆန်စပါးလုပ်ငန်းကဏ္ဍ မှ မိသားစုများ၏ လူအင်အား၊ အရင်းအမြစ်များနှင့် ပူးပေါင်းမှုစွမ်းအားများ၊ လူသားချင်း စာနာထောက်ထားမှုများကို အပြည့်အဝ အသုံးချပြီး အရေးပေါ်...

ဟောင်ကောင်အစိုးရကယ်ဆယ်ရေးအဖွဲ့ ငလျင်ဘေးသင့်မြန်မာသို့လာရောက်ကူညီမည်

ဟောင်ကောင်၊မတ် ၂၉ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန်အတွက် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများသို့ အင်အား ၅၁ ဦးပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စနေနေ့ကစေလွှတ်ခဲ့ကြောင်းသိရသည်။ အဆိုပါအဖွဲ့တွင် လုံခြုံရေးဗျူရိုမှအရာရှိများ၊ မီးသတ်ဌာန၊လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဆေးရုံအာဏာပိုင်တို့ပါဝင်ပြီး ၎င်းတို့နှင့်အတူ ရှာဖွေရေး ခွေးနှစ်ကောင်ကိုလည်းယူဆောင်လာခဲ့သည်ဟုသိရသည်။ HKSAR ၏ အမှုဆောင်အရာရှိချုပ် ဂျွန်လီက ကယ်ဆယ်ရေးမစ်ရှင်အတွက်လာမည့်သူများအား လေဆိပ်အထိလိုက်ပါပို့ဆောင်နှုတ်ဆက်ပြီး အဖွဲ့ကိုယ်စားလှယ်အား အလံပေးအပ်ခဲ့သည်ဟုဆိုသည်။ HKSAR အစိုးရအနေဖြင့် ဟောင်ကောင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးထံမှ အကူအညီတောင်းဆိုမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့ကိုပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်းလည်း လီကပြောကြားခဲ့သည်။ ဆက်လက်၍လည်း မြန်မာနိုင်ငံ၌ ငလျင်ပြင်းထန်စွာလှုပ်ခတ်ခဲ့သဖြင့် လူ‌ေ-သဆုံးမှုများအတွက် ‌ေ-သဆုံးသူများ၏မိသားစုဝင်များနှင့်ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းလည်းဆိုခဲ့သည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071