၂၀၂၄ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အိမ်ရှင်အသင်းနှင့်သရေကျခဲ့သော်လည်း ဗီယက်နမ်အသင်းကိုရှုံးနိမ့်ခဲ့ရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနှင့် ဗီယက်နမ် အမျိုးသမီးဖူဆယ်အသင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၇ ရက်မွန်းလွဲ ၂ နာရီခွဲက ဖီလစ်ပိုင်နိုင်ငံရှိ Philsports Arena ၌ယှဥ်ပြိုင်က စားခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ ပထမပိုင်းပွဲပြီး ဆုံးချိန်၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအ သင်းက ဗီယက်နမ်အသင်းအား ၂ ဂိုး ၁ ဂိုးရလဒ်ဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းပွဲက စားချိန်တွင် ဗီယက်နမ်အသင်း၏ ချေပဂိုးနှင့်အ နိုင်ဂိုးများသွင်းယူခြင်းခံခဲ့ရသဖြင့် ပွဲပြီးဆုံးချိန်တွင် ၅ ဂိုး ၂ ဂိုးရလဒ်ဖြင့်ရှုံးနိမ့်ခဲ့ရသည်။
” ထိုင်း၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအသင်းတွေက အသင်းကောင်းတွေဖြစ်လို့ ပွဲတိုင်းခက်ခဲမှာဖြစ်ပါတယ်”ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ်ဦးဌေးမြင့်က ပြိုင်ပွဲအ ကြိုပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားထားသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်ကယှဥ်ပြိုင်က စားခဲ့သည့် အိမ်ရှင် ဖိလစ်ပိုင်အသင်းနှင့်ပွဲစဥ်၌ ၂ ဂိုး ၂ ဂိုးရလဒ်ဖြင့်သရေကျခဲ့ကာ မနက်ဖြန် နို ဝင်ဘာ ၁၈ ရက်ညနေ ၅ နာရီခွဲတွင် ထိုင်းအသင်းနှင့်ဆက်လက်ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။