မကြာသေးခင်ကမှ ရည်းစားဟောင်း ဂျက်စတင်ဘီဘာ အတွဲသစ် ရသွားလို့ ခံစားနေရပါတယ်လို့ ဆိုခဲ့တဲ့ ဆယ်လီနာ ဂိုးမက်ကို အီတလီနိုင်ငံ ရောမမြို့မှာ ရုပ်ရှင် ထုတ်လုပ်သူ အီတလီလူမျိုး Andreara Lervolino နဲ့အတူလျှောက်လည် နေတဲ့ သတင်း ဓာတ်ပုံတွေအင်တာနက်ကွန်ရက် စာမျက်နှာ တွေမှာ ပလူပျံအောင်ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဖက်ရှင်ဒီဇိုင်နာ Stefano Gabbana ဆိုတဲ့ ရိုင်းပျတဲ့အသုံးအနှုန်းတွေ ခံခဲ့ရတဲ့ ဆယ်လီနာကတော့ မဆိုင်သလိုပဲနေခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် အဆိုတော်၊ သရုပ်ဆောင် ဆယ်လီနာဂိုးမက်နဲ့ အီတလီလျံ ရုပ်ရှင်ထုတ်လုပ် သူ Andrea တို့ ရောမမြို့ရဲ့ အလှအပရှုခင်းတွေ အပါအဝင်၊ စိတ်ဝင် စားဖွယ် နေရာတွေကို အကုန်သွား ရောက် လည်ပတ်ခဲ့ကြတယ်လို့ သိရ ပါတယ်။ မက်ဆီကန် အမေရိကန် နွယ်ဖွား အဆိုတော် ဆယ်လီနာဂိုး မက်ကို အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်မှာ ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက ရုပ်မြင်သံကြား ဇာတ်လမ်းတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးပြီး လက်ရှိတေးရေးတေးဆို တစ်ယောက် အဖြစ် အောင်မြင်နေသူပါ။
Ref: mailonline