Wednesday, January 22, 2025

မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရရှိရေး...

မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂ(အီးယူ) နှင့် စီးပွားရေးဆက်ဆံမှု ကို ခိုင်မာစေရန်အတွက် မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်(MEUFTA)အတွက် စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်သွားမည်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်ရုံးက တနင်္လာနေ့တွင်...

ထရမ့်ပ်ကျမ်းကျိန်ပြီးနာရီပိုင်းအတွင်းပူတင်နှင့်ရှီ အွန်လိုင်းမှဆွေးနွေး

အမေရိကန်၏ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အင်္ဂါနေ့(ဇန်နဝါရီလ ၂၁) က...

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန်...

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations...

ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို...

ကုန်အမှတ်တံဆိပ် စစ်ဆေးရေး အရာရှိများအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် (၄)ရက်ကြာ...
HomeNewsLocal Newsအီရတ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူ...

အီရတ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူ (၃) ဦး နိုင်ငံတော်အစိုးရအစီအစဥ်ဖြင့် နေရပ်ပြန်ရောက်ရှိလာ

အီရတ်နိုင်ငံ၊ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား အမျိုးသမီး (၃) ဦးကို မြန်မာနိုင်ငံသို့ အမြန်ပြန်လည် ပို့ဆောင်ပေးနိုင်ရေးအတွက် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အီရတ်နိုင်ငံရှိ အာဏာပိုင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

အစ္စရေးနှင့်ဟားမားစ်တို့ ပဋိပက္ခအတွင်း ပိတ်မိခဲ့ကြသည့် မြန်မာ နိုင်ငံသားများကို အချိန်မီကယ်တင်နိုင်ခဲ့သည့်နည်းတူ အီရတ်နိုင်ငံ အကျပ်အတည်းများအတွင်း ပိတ်မိနေကြသော မြန်မာနိုင်ငံသားများကိုလည်း နိုင်ငံတော်၏စေတနာဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ ဖေဖော်ဝါရီလ (၁) ရက် ည နေ ၅ နာရီ ၁၅ မိနစ်တွင် ဘဂ္ဂဒက်-ဒူဘိုင်း-ဘန်ကောက် -ရန်ကုန်ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပြန်လည်ရောက်ရှိလာသော အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှာ မဟန်နီထွန်း၊ မမြတ်အေးစံနှင့် မသန်းနွယ်ဌေးတို့ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် ပြည်ပတွင်ရောက်ရှိနေကြသည့် အမိနိုင်ငံသားများ အခက်အခဲများ ကြုံတွေ့နေရပါက မည်သို့သော အခြေအနေသို့ ရောက်ရှိနေသည့်တိုင် မိမိတို့နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားပြီး ကယ်တင်ခြင်း၊ ပြန်လည်ခေါ်ဆောင်ခြင်းတို့ကို မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ မိမိတို့နိုင်ငံသားများ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်‌ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ရရှိရေး တကျော့ပြန် ကြိုးပမ်း

မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂ(အီးယူ) နှင့် စီးပွားရေးဆက်ဆံမှု ကို ခိုင်မာစေရန်အတွက် မလေးရှား-အီးယူ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်(MEUFTA)အတွက် စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်သွားမည်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်ရုံးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ယင်းသဘောတူညီချက်သည် အရေးပါသော ကဏ္ဍများအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို အားကောင်း ခိုင်မာစေပြီး မလေးရှားနိုင်ငံ၏ စီးပွားရေးကဏ္ဍများစွာတွင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာမည်ဟု မျှော်လင့်ထားကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ ဇန်နဝါရီ ၁၉-၂၀ ရက် ဘယ်ဂျီယံနိုင်ငံ အလုပ်သဘောခရီးစဉ်အတွင်း ပူးတွဲ ကြေငြာချက်တွင် ဖော်ပြထား သည်။ လျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်များ၊ စားအုန်းဆီနှင့်...

ထရမ့်ပ်ကျမ်းကျိန်ပြီးနာရီပိုင်းအတွင်းပူတင်နှင့်ရှီ အွန်လိုင်းမှဆွေးနွေး

အမေရိကန်၏ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အင်္ဂါနေ့(ဇန်နဝါရီလ ၂၁) က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗီဒီယိုမှတဆင့် ဆက်သွယ်စကားပြောခဲ့ပြီး ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်စေရေး အဆိုပြုခဲ့သည်။ ပူတင်သည် ရှီကို လက်ပြကာ သူ၏ ချစ်မိတ်ဆွေအဖြစ် နှုတ်ခွန်းဆက်ပြီး ရုရှား-တရုတ် ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဖေါ်ဆောင်ရေးဆိုင်ရာ အစီအစဉ်သစ်များကို အကြမ်းဖျဉ်းပြောကြားလိုကြောင်း ပြောခဲ့သည်။ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည့် ဗီဒီယိုဖိုင်ကို ခရမ်လင်က ထုတ်ပြန်ပေးခဲ့သည်။ “...

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကိုဆွေးနွေး

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ Online ငွေ ကြေးလိ-မ်လ-ည်မှုများပပျောက်ရန် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်ကြားပူးပေါင်းဆောင်ရွက်သင့်သည်များကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center Neighboring Countries Coordination Center (NCCC) General Direk Bongkarn တို့ဆွေးနွေးခဲ့ကြသည်။ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ထိုင်းဘုရင့်ကြည်း တပ်ဦးစီးချုပ်ရုံး၏ General Direk Bongkarn အား ယနေ့ ဇန်နဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်းနယ်စပ်ဒေသတွင်ဖြစ် ပွားလျက်ရှိသည့် တရားမဝင်လူကု-န်ကူးမှုများ၊ Online...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071