Wednesday, December 25, 2024

ရှိတ်ဟာစီနာကို ပြန်လွှဲပေးရန် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကိုတောင်းဆို

သြဂုတ်လအတွင်းက နူးဒေလီသို့ ထွက်ပြေးသွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားစီရင်နိုင်ရန်အတွက် နိုင်ငံသို့ ပြန်လွှဲပေးစေလိုသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယအစိုးရကို ‌ေတာင်းဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယာယီဝန်ကြီးက...

နိုင်ငံတော်အတွက် အလွန်အသုံးဝင်သည့် (၆၃)မီတာအရှည်ရှိ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီးတပ်တော်ဝင်

နိုင်ငံတော်၏ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အလွန်အသုံးဝင်သည့် (၆၃)မီတာအရှည်ရှိ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီး သည် ယနေ့ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတားတွင်...

တပ်မတော်(ရေ)မှ တည်ဆောက်ခဲ့သမျှ အကြီးဆုံးဖြစ်သည့် ဖရီဂိတ်...

မြန်မာ့တပ်မတော်(ရေ) တွင်တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံးဖြစ်သည့် အလျား(၁၃၅)မီတာရှိ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို ယနေ့ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက "သာလွန်မင်း"ဟုအမည်ပေးပြီးနောက် ရေချပေးခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ...

နယ်စပ်တောင်တန်းသာသနာပြုလုပ်ငန်းများကိုပံ့ပိုးပေးကြစေလိုဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်မိန့်ကြား

တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတို့စွမ်းအားရှိသမျှ နယ်စပ်တောင်တန်းသာသနာပြုလုပ်ငန်းများကိုပံ့ပိုးပေးကြစေလိုဟု ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဒု-ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တက မိန့်ကြားတော်မူသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၃...
HomeInternationalအီရန်ဂြိုဟ်တုများပါဝင်သောဆိုယုဇ်အာကာသယာဉ်ရုရှားဒုံးပျံဖြင့်လွှတ်တင်

အီရန်ဂြိုဟ်တုများပါဝင်သောဆိုယုဇ်အာကာသယာဉ်ရုရှားဒုံးပျံဖြင့်လွှတ်တင်

အီရန်၏ ဂြိုဟ်တုနှစ်စင်းအပါအဝင် ဂြိုဟ်တုများ ကိုသယ်ဆောင်သွားသည့် အာကာသယဉ်ကို ကမ္ဘာပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့သည်ဟု ရုရှား၏ Roscosmos အာကာသအေဂျင်စီက ပြောဆိုခဲ့ခြင်းကြောင့် မော်စကိုနှင့် တေရန်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာခြင်းကို ထင်ဟပ်စေခဲ့သည်။

ဆိုယုဇ်-2.1 အာကာသယာဉ်ကို ရုရှားအရှေ့ဖျားရှိ Vostochny Cosmodrome လွှတ်တင်ရေးစခန်းမှ စီစဉ်ထားသည့်အတိုင်း အင်္ဂါနေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တင်အပြီး ၉ မိနစ်အကြာတွင် ဂြိုဟ်တုများကို သတ်မှတ် ပတ်လမ်းများအတွင်း ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု ဆိုခဲ့သည်။

ကမ္ဘာတစ်ဝန်း အာကာသရာသီဥတုကို စောင့်ကြည့်ရန် ရည်ရွယ်သည့် ရုရှား၏ Ionosfera-M ဂြိုဟ်တုနှစ်စင်းနှင့် အီရန်၏ ဂြိုဟ်တုနှစ်စင်း အပါအဝင် ဂြိုဟ်တုငယ် ၅၃ စင်းကို ပတ်လမ်းအတွင်းကို အောင်မြင်စွာ ပို့ဆောင်ခဲ့ကြောင်း Roscosmos က ပြောကြားခဲ့သည်။

ဂြိုဟ်တုငယ် ၅၃ စင်းအနက် အီရန်၏ ဂြိုဟ်တုနှစ်စင်းမှာ ကြည်လင်ပြတ်သားမှု အဆင့်မြင့် ပုံရိပ်ဖော် ဂြိုဟ်တု Kowsar နှင့် ဆက်သွယ်ရေးဂြိုဟ်တုငယ် Hodhod တို့ဖြစ်သည်။ ထို့အပြင် ရုရှား-တရုတ် ကျောင်းသားများ၏ Druzhba ATURK ကိုလည်း ပတ်လမ်းအတွင်း ပို့ဆောင်ခဲ့သည်ဟု ဆိုခဲ့သည်။

အီရန် ဂြိုဟ်တုများသည် နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားပြု ဂြိုဟ်တုများအဖြစ် ပထမဆုံးလွှတ်တင်မှုလုပ်ခဲ့ခြင်းဖြစ်ပြီး Kowsar ကို ၂၀၁၉ ခုနှစ်တွင် ဂြိုဟ်တုများကို စတင်ဖန်တီးထုတ်လုပ်သော Omidfaza ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု အီရန်၏ တရားဝင်သတင်းဌာန IRNA က သတင်းထုတ်ပြန်သည်။

Kowsar သည် သုံးနှစ်ကြာ သက်တမ်းရှိမည်ဖြစ်ကာ Hodhod သည် လေးနှစ်သက်တမ်းအတွက် လုပ်ငန်းဆောင်တာများ လုပ်ဆောင်မည်ဖြစ်သည်ဟု အိုင်အာရ်အင်န်အေ က ဖော်ပြခဲ့သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှိတ်ဟာစီနာကို ပြန်လွှဲပေးရန် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကိုတောင်းဆို

သြဂုတ်လအတွင်းက နူးဒေလီသို့ ထွက်ပြေးသွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားစီရင်နိုင်ရန်အတွက် နိုင်ငံသို့ ပြန်လွှဲပေးစေလိုသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယအစိုးရကို ‌ေတာင်းဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယာယီဝန်ကြီးက ပြောကြားသည်။ တရားစီရင်ရေးလုပ်ငန်းစဉ်အတွက် သူ(ဟာစီနာ) ကို နိုင်ငံသို့ ပြန်လွှဲစေလိုသည်ဟု အိန္ဒိယအစိုးရကို သံတမန် အကြောင်းကြားစာ ကို ပို့ခဲ့သည်ဟု တူဟစ်ဟူစိန်က တနင်္လာနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ တရားစီရင်ရေးလုပ်ငန်းစဉ်ဆိုင်ရာ အသေးစိတ်အချက်များကိုမူ ဟူစိန်က ပြောခဲ့ခြင်း မရှိပေ။ “ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနထံက တရားခံလွှဲပြောင်းပေးရေး တောင်းဆိုတဲ့ စာလွှာကို ဒီနေ့မှာ လက်ခံရရှိခဲ့တယ်လို့ အတည်ပြုပါတယ်။ လတ်တလောမှာတော့ ဒီကိစ္စနဲ့ပတ်သက်လို့...

နိုင်ငံတော်အတွက် အလွန်အသုံးဝင်သည့် (၆၃)မီတာအရှည်ရှိ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီးတပ်တော်ဝင်

နိုင်ငံတော်၏ရေကြောင်းဆိုင်ရာအကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အလွန်အသုံးဝင်သည့် (၆၃)မီတာအရှည်ရှိ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီး သည် ယနေ့ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတားတွင် ကျင်းပသည့် (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့၌ တပ်တော်ဝင်ခဲ့သည်။ အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့နှင့် ရေယာဥ်(၂)စီးတပ်တော်ဝင်ခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် ၁၂၆၀ ရေမိုင်ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိကာ ရေပေါ်ရေအောက်အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝ အလှတရားများစွာတို့ဖြင့်ပြည့်နှက်လျက်ရှိသည်ဟု ပြောသည်။ ပြီးပြည့်စုံပြီးအဖိုးတန်သည့် မြန်မာ့ပိုင်နက်ပင်လယ်ပြင်ကိုကာကွယ်နိုင်ရန်...

တပ်မတော်(ရေ)မှ တည်ဆောက်ခဲ့သမျှ အကြီးဆုံးဖြစ်သည့် ဖရီဂိတ် စစ်ရေယာဉ်ရေချ၊ “သာလွန်မင်း”ဟုအမည်ပေး

မြန်မာ့တပ်မတော်(ရေ) တွင်တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံးဖြစ်သည့် အလျား(၁၃၅)မီတာရှိ ဖရီဂိတ်စစ်ရေယာဉ်ကြီးကို ယနေ့ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက "သာလွန်မင်း"ဟုအမည်ပေးပြီးနောက် ရေချပေးခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ ကျင်းပရာ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စစ်ရေယာဉ်ကြီးတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိ၊ စစ်သည်များအားတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုလက်ဆောင်သစ်သီးခြင်း ပေးအပ်ပြီး ဖရီဂိတ်စစ်ရေယာဉ်ကြီးကို Ship lift Platform မှ ရေချခြင်းအားကြည့်ရှုအားပေးခဲ့သည်။ နိုင်ငံ၏ပြည်တွင်းရန်နှိမ်နင်းခြင်း၊ ပြည်ပရန်ကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းစနစ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071