Friday, April 18, 2025

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့သည် ယူကရိန်းငြိမ်းချမ်းရေးအတွက်...

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့သည် ယူကရိန်းပဋိပက္ခအတွက် အဖြေရှာရာတွင် ကူညီနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ပါရီမြို့တွင် ပြင်သစ်နှင့် ဗြိတိန်အရာရှိများနှင့် ဆွေးနွေးပြီးနောက်...

တရုတ်နှင့်ကမ္ဘောဒီးယားသည် သာတူညီမျှမှု၊အပြန်အလှန်ယုံကြည်မှုနှင့်နှစ်ဦးနှစ်ဘက်အကျိုးရှိစွာပူး‌ပေါင်းမှုတို့၏နမူနာကောင်းများဖြစ်ခဲ့–ရှီ

ဖ‌နောင်ပင်၊ဧပြီ ၁၇ တရုတ်နှင့်ကမ္ဘောဒီးယားတို့သည် အရွယ်အစားမတူသည့်နိုင်ငံများအကြား တန်းတူညီမျှမှု၊အပြန်အလှန်ယုံကြည်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် စံနမူနာကောင်းများဖြစ်ခဲ့သည်ဟုတရုတ်သမ္မတရှီကပြောကြားခဲ့သည်။ သမ္မတရှီသည် ကမ္ဘောဒီးယားသို့ နိုင်ငံတော်ခရီးစဉ်အဖြစ်သွားရောက်စဉ် ကမ္ဘောဒီးယားဘုရင်မင်းမြတ် နိုရိုဒွန်ဆီဟာမိုနီနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သမ္မတရှီက ကမ္ဘောဒီးယားဘုရင်မင်းမြတ်၏...

ယူကရိန်း၊ယူအက်စ်နှင့်အီးယူတို့ ပြင်သစ်၌တွေ့ဆုံဆွေးနွေးခဲ့

ပါရီ၊ဧပြီ ၁၇ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ် သမ္မတတာဝန်ယူပြီးနောက်ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအရေးဆွေးနွေးရန်အတွက် အမေရိက၊ ယူကရိန်းနှင့်အီးယူတို့ တစ်စားပွဲတည်းထိုင်ပြီး သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ “ဒါဟာ အမေရိက၊ယူကရိန်းနဲ့ဥရောပတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်” ဟုလည်း...

မြန်မာငလျင် ကူညီရေးအတွက် မလေးရှား စစ်ဆေးအဖွဲ့...

မတ်လ ၂၈ ရက်‌နေ့က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့သဖြင့် Operation Starlight III အစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးအဖြစ် မလေးရှားအစိုးရက မလေးရှားလက်နက်ကိုင်တပ်ဖွဲ့(ATM)...
HomeInternationalအီရန်သည်နျူကလီးယားဗုံးကို ဘယ်တော့မှမရစေရဟုယူအက်စ်ပြော

အီရန်သည်နျူကလီးယားဗုံးကို ဘယ်တော့မှမရစေရဟုယူအက်စ်ပြော

ဝါရှင်တန်၊ဧပြီ ၁၄

အမေရိကအနေဖြင့် အီရန်က နျူကလီးယားလက်နက်မရ‌ေစရေးအတွက် သံတမန်နည်းလမ်းဖြင့်သာဆောင်ရွက်သွားရန် မျှော်လင့်ထားသော်လည်း သံတမန်နည်းလမ်းဖြင့် မအောင်မြင်ပါက စစ်ရေး နည်လမ်းကို အသုံးပြုရန်အတွက်အမေရိကန်စစ်တပ်ကအဆင်သင့်ဖြစ်နေပြီဟု ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

အီရန်၏နျူကလီးယားကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏သည် စိုးရိမ်မှုများမြင့်တက်လျက်ရှိပြီး အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန် အမေရိကနှင့်အီရန်ကိုယ်စားလှယ်များ အိုမန်၌ စနေနေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိတ်ဟက်ဆက်ကမူ အိုမန်၌ကနဦးသဘောတွေ့ဆုံမှုသည် အကျိုးဖြစ်ထွန်းခဲ့ပြီး ခြေလှမ်းကောင်းတစ်ရပ်အဖြစ်သတ်မှတ်ခဲ့ကြောင်းပြောကြားခဲ့သည်။

“အမေရိကအနေနဲ့ စစ်ရေးအရဖြေရှင်းလိုတဲ့ဆန္ဒမရှိပါဘူး၊ဒါပေမဲ့ လိုအပ်လာရင်တော့လည်း စစ်အင်အားကိုထုတ်သုံးသွားမှာဖြစ်ပြီး နျူကလီးယားလက်နက်တွေ အီရန်လက်ထဲမရောက်ဖို့ နည်းလမ်းကုန်သုံးပြီး ကြိုးပမ်းသွားမှာပါ” ဟုလည်း၄င်းက ပြောကြားခဲ့သည်။

“အိုမန်မှာလုပ်တဲ့ဆွေးနွေးမှုတွေမအောင်မြင်ခဲ့ရင် အစ္စရေးနဲ့ပေါင်းပြီး အီရန်ကိုစစ်ရေးအရအရေးယူသွားမှာပါ” ဟုလည်း အမေရိကန်သမ္မတထရမ့်ပ်ကပြောကြားခဲ့သည်။

Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့သည် ယူကရိန်းငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်နိုင်

ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့သည် ယူကရိန်းပဋိပက္ခအတွက် အဖြေရှာရာတွင် ကူညီနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ပါရီမြို့တွင် ပြင်သစ်နှင့် ဗြိတိန်အရာရှိများနှင့် ဆွေးနွေးပြီးနောက် ပြောကြားလိုက်သည်။ သူ၏အဆိုအရ ဆွေးနွေးပွဲများသည် ထိရောက်သောရလဒ်ရှိခဲ့‌ကြောင်း သိရသည်။ "ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် ကျွန်ုပ်တို့အား ပဋိပက္ခ အဖြေရှာရန် ပိုမိုနီးစပ်လာစေရာတွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်" ဟု ရူဘီယိုက ပါရီမြို့ လီဘူဂျေလေဆိပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့အပြင် အိမ်ဖြူတော်သည် ယူကရိန်းအရေးကိစ္စကို ဖြေရှင်းရာတွင် လန်ဒန်နှင့် ပါရီတို့နှင့် မပြတ်ဆက်သွယ်လျက်ရှိကြောင်းကိုလည်း သူက...

တရုတ်နှင့်ကမ္ဘောဒီးယားသည် သာတူညီမျှမှု၊အပြန်အလှန်ယုံကြည်မှုနှင့်နှစ်ဦးနှစ်ဘက်အကျိုးရှိစွာပူး‌ပေါင်းမှုတို့၏နမူနာကောင်းများဖြစ်ခဲ့–ရှီ

ဖ‌နောင်ပင်၊ဧပြီ ၁၇ တရုတ်နှင့်ကမ္ဘောဒီးယားတို့သည် အရွယ်အစားမတူသည့်နိုင်ငံများအကြား တန်းတူညီမျှမှု၊အပြန်အလှန်ယုံကြည်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် စံနမူနာကောင်းများဖြစ်ခဲ့သည်ဟုတရုတ်သမ္မတရှီကပြောကြားခဲ့သည်။ သမ္မတရှီသည် ကမ္ဘောဒီးယားသို့ နိုင်ငံတော်ခရီးစဉ်အဖြစ်သွားရောက်စဉ် ကမ္ဘောဒီးယားဘုရင်မင်းမြတ် နိုရိုဒွန်ဆီဟာမိုနီနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သမ္မတရှီက ကမ္ဘောဒီးယားဘုရင်မင်းမြတ်၏ နန်းတက်ခြင်းအခမ်းအနား နှစ် ၂၀ ပြည့်နှင့် ခမာနှစ်သစ်ကူးအချိန်အခါသမယတွင် နိုင်ငံသို့လာရောက်လည်ပတ်ရန် ဖိတ်ကြားခြင်းကို ကျေးဇူးတင်ကြောင်းလည်းပြောကြားခဲ့ပြီး ပြည်သူများအတွက်လည်း နှစ်သစ်ကူးဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ကမ္ဘောဒီးယားသည် နိုင်ငံတည်ဆောက်ရေး၌ အောင်မြင်နေပြီး ဘုရင်မင်းမြတ်၏ကောင်းချီးမင်္ဂလာကြောင့် ထူးချွန်ထက်မြက်ပြီးကြိုးစားသည့် ကမ္ဘောဒီးယားပြည်သူများသည် ယခုထက်ပိုမိုကြွယ်ဝပြည့်စုံ တောင့်တင်းခိုင်မာသည့်နိုင်ငံကို တည်ဆောက်လိမ့်ဦးမည်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။ တရုတ်နှင့်ကမ္ဘောဒီးယားတို့သည် နှစ်ပေါင်းထောင်ချီရင်းနှီးခဲ့ကြပြီး အတူတကွကြိုးစားရုန်းကန်ခဲ့ကြပြီး ထွန်းကားခဲ့ကြသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြကြောင်း၊ နိုင်ငံတကာအခင်းအကျင်းတွင် အပြောင်းအလဲများမည်သို့ပင်ရှိစေကာမူ တရုတ်နှင့်ကမ္ဘောဒီးယားအချင်းချင်းသစ္စာရှိရှိရပ်တည်ကာ အပြန်အလှန်ကူညီသွားမည်ဟုလည်း...

ယူကရိန်း၊ယူအက်စ်နှင့်အီးယူတို့ ပြင်သစ်၌တွေ့ဆုံဆွေးနွေးခဲ့

ပါရီ၊ဧပြီ ၁၇ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ် သမ္မတတာဝန်ယူပြီးနောက်ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအရေးဆွေးနွေးရန်အတွက် အမေရိက၊ ယူကရိန်းနှင့်အီးယူတို့ တစ်စားပွဲတည်းထိုင်ပြီး သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ “ဒါဟာ အမေရိက၊ယူကရိန်းနဲ့ဥရောပတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်” ဟုလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယောန်နိုဝယ်ဘားရော့တ်ကပြောကြားခဲ့သည်။ ယူကရိန်းမှာငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိစေဖို့အတွက် ယခုကဲ့သို့‌သောအစည်းအဝေးများသည် မဖြစ်မနေလိုအပ်သည်ဟုလည်း၎င်းက ပြောကြားခဲ့သည်။သို့သော် ထာဝရငြိမ်းချမ်းရေးရရှိရန်မှာမူကား ဥရောပနိုင်ငံများ၏ သဘောတူညီချက်နှင့်ပံ့ပိုးကူညီမှုဖြင့်သာ ရရှိနိုင်သည်ဟုလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။ ရုရှား-ယူကရိန်းအရေးဆွေးနွေးသော်လည်း ယူကရိန်းကိုထောက်ခံသူများမပါဝင်ဘဲ ယခုကဲ့သို့တွေ့ဆုံဆွေးနွေးကြခြင်းကိုဥရောပနိုင်ငံများကလွန်စွာစိုးရိမ်ပူပန်လျက်ရှိသည်။ ဆွေးနွေးပွဲများတွင် ဥရောပနိုင်ငံများပါဝင်ခြင်းမရှိဘဲ ယူကရိန်း၌ ရေရှည်ငြိမ်းချမ်းရေးမရနိုင်ဟုလည်းဘား‌ရော့တ်က ‌ပြောကြားခဲ့သည်။ ဆက်လက်၍ အဆိုပါဆွေးနွေးပွဲကို လာမည့် ရက်သတ္တပတ်၌လည်း လန်ဒန်၌ ထပ်မံပြုလုပ်သွားဦးမည်ဖြစ်ကြောင်းသိရသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071