Home International အီလွန်မတ်စ်က Xmail ကိုမကြာမီစတင်မိတ်ဆက်မည်

အီလွန်မတ်စ်က Xmail ကိုမကြာမီစတင်မိတ်ဆက်မည်

0
105

ဝါရှင်တန်၊ဒီဇင်ဘာ ၁၈

တယ်လ်ဆာစီအီးအို ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်က Google ၏ Gmail ကို ယှဉ်ပြိုင်မည့် Xmail ကိုစတင်မိတ်ဆက်တော့မည်ဖြစ်ကြောင်းသိရသည်။

အီလွန်မတ်စ်သည် Gmail နှင့် Apple Mail တို့ကို ယှဉ်ပြိုင်နိုင်ရန် အလားအလာရှိသည့် ပြိုင်ဘက်ဖြစ်သော “Xmail” ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို အရိပ်အမြွက်မျှပြောကြားခဲ့ကြောင်း အွန်လိုင်းသတင်းရင်းမြစ်များစွာကအတည်ပြုခဲ့သည်။

X မီဒီယာပလပ်ဖောင်းတွင် အသုံးပြုသူတစ်ဦးက Gmail ကဲ့သို့သော app မျိုးဖန်တီးရန် အကြံပေးချိန် တွင် Xmail နှင့်ပတ်သက်၍ ပြုလုပ်ရန်အစီအစဉ်ရှိကြောင်းအီလွန်မတ်စ်က ထုတ်ဖော်ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်၌  Apple Mail သည် ကမ္ဘာ့အီးမေးလ်ဈေးကွက်ကို ရှယ်ယာ ၅၃ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် လွှမ်းမိုးထားပြီး Gmail က ၃၀ ဒသမ ၇၀ ရာခိုင်နှုန်းရှိသည်။Outlook၊ Yahoo! မေးလ်နှင့် Google Android Mail တို့သည် အတော်ပင် နည်းပါးသော ရှယ်ယာပမာဏကိုပိုင်ဆိုင်ထားသည်။

အဆိုပါ Xmail ကို စတင်လိုက်ပါက ၎င်းသည် X မီဒီယာ၏ လက်ရှိအသုံးပြုသူ သန်း ၆၀၀ ကျော်နှင့် မတ်စ်၏ နည်းပညာဆန်းသစ်မှုဂုဏ်သတင်းကို ကျော်ကြားစေမည်ဖြစ်သည်။

Source : Shia Waves

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here