Looking for something?

Explore the website

Looking for something?

Friday, March 14, 2025

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ...

မော်စကို၊ မတ် ၁၃ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်...

နစက ဥက္ကဋ္ဌမှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယမန်နေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့်...

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား...

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့...

ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အသင်းသစ် (၂)သင်း...

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် အသင်းသစ်(၂)သင်းဖြစ်သည့် Young Lioness နှင့် Yangon Royals FC...
HomeNewsFootballအုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ်ပြော

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။

AFC Women’s Futsal Asain Cup 2025 China (Qualifiers)ပွဲ၏ အုပ်စု(D)ပွဲစဥ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့လည် ၁ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရလဒ်ကောင်းတွေရဖို့ကြိုးစားပါမယ်။ ဒီပွဲအတွက် ကြို တင်ပြင်ဆင်မှုတွေအများကြီးလုပ်ထားသလို ပြိုင်ပွဲအတွက်လည်း အသင့်ဖြစ်နေပါပြီ”ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။

ထို့ပြင် အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲစဥ်တိုင်းကို အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကာ အုပ်စု(D)တွင် ဗီယက်နမ်အသင်းသည် အ တောင့်တင်းဆုံးအသင်းဖြစ်ပြီး ၎င်းတို့နှင့်နောက်ဆုံးတွေ့ဆုံချိန်က အရေးနိမ့်ထားသဖြင့် ယင်း ပွဲစဥ်အား ပြန်လည်သုံးသပ်မှုများပြုလုပ်ကာ မနက်ဖြန်အတွက် ပြင်ဆင်ထားသဖြင့် အနိမ့်ဆုံး သရေ(၁)မှတ်(သို့)နိုင်ပွဲတစ်ခုခုရရှိရန် တစ်သင်းလုံးကြိုးစားသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့အတူ ဗီယက်နမ် အမျိုးသမီးဖူဆယ်အသင်း နည်းပြချုပ် ငုယင်ဒင်ဟန်းမှလည်း မြန်မာဖူဆယ်အသင်းသည် ယခုလက်ရှိနည်းပြတာဝန်ယူနေချိန်တွင် တိုးတက်မှုများရှိလာသည်ကိုတွေ့ရပြီး အဝေးကွင်း၌ လာရောက်ကစားရသည့်ထုံးစံအတိုင်းခက်ခဲမှုများရှိသော်လည်း မြန်မာအသင်းနှင့်အဖွင့်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ထားပြီးဖြစ်၍ အနိုင်ရမည်ဟုယုံကြည်ကာ အုပ်စုတွင်းပြိုင်ဘက်တွေအားလုံးသည် အသင်းကောင်းများဖြစ်ရာ ပွဲစဉ်တိုင်းမှာခက်ခဲမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်တိုင်ပေ အမျိုးသမီးဖူဆယ်အ သင်းနည်းပြုချုပ် ရှဲလ်လီချွန်းမှလည်း အသင်းတိုင်းမှ ခြေစစ်ပွဲ‌အောင်ရန်ရည်မှန်းပြီး အစွမ်း ကုန်ကြိုးစားကြမည်ဖြစ်၍ လွယ်ကူသည့်ပွဲစဥ်များဖြစ်လာမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ထို့အတူ အုပ်စုတွင်းပြိုင်ဘက်များသည် အသင်းကောင်းများဖြစ်၍ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကာ မကာအိုအသင်းမှကစားသမားများအနေဖြင့် ယခုပြိုင်ပွဲအား ပျော်ရွှင်စွာအားကစားစိတ်ဓာတ်အပြည့်၊ ပြိုင်ပွဲဝင်စိတ်အပြည့်နှင့် ကစားနိုင်ရေးသည် မကာအိုအသင်း၏ဦးစားပေး ရည်မှန်းချက်ဖြစ်သည်ဟု မကာအို အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ချန်ကာချွန်း ကပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် AFC Women’s Futsal Asain Cup 2025 China (Qualifiers)ပွဲစဥ်များအဖြစ် ဇန်နဝါရီ ၁၅ ရက်(မနက်ဖြန်)တွင် ဗီယက်နမ်အသင်း၊ ဇန်နဝါ ရီ၁၇ ရက်တွင် တရုတ်တိုင်ပေအသင်း၊ ဇန်နဝါရီ ၁၉ ရက်တွင် မကာအိုအသင်းတို့နှင့် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ မော်စကိုသို့ ရောက်ရှိ

မော်စကို၊ မတ် ၁၃ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့် ၏ အထူးကိုယ်စားလှယ် စတိဗ် ဝတ်ကော့ဖ် က ဦးဆောင်ခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။ အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် ဆက်သွယ်ရန် စီစဉ်ထားကြောင်း ခရင်မ္မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထွီ ပက်စကော့ဖ် က ကြာသပတေးနေ့ အစောပိုင်းတွင်ပြောကြားခဲ့သည်။ ရုရှားသမ္မတလက်ထောက် ယူရီ အူရှာခေါဗ် နှင့် ထရမ့် ၏ နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက်...

နစက ဥက္ကဋ္ဌမှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယမန်နေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်ဟု အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၂၅ ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် "သူရ"ဘွဲ့အား ကာကွယ်ရေးဝန်ကြီး ဌာနမှ ဗိုလ်မှူးကြီးရန်နောင်စိုးနှင့် ဗိုလ်မှူးအောင်သူတို့ကို နစက ဥက္ကဋ္ဌမှ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ ထို့ပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ် ထူးဆောင်တံဆိပ်ဖြစ်သည့် "သူရဲကောင်းမှတ် တမ်းဝင်တံဆိပ်"အား ကာကွယ်ရေးဝန်ကြီးဌာနမှ (၁၆)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သ တ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော...

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား နစက ဥက္ကဋ္ဌမှ ဘွဲ့တံဆိပ်တော်နှင့် အ ဆောင်အယောင်များဆက်ကပ်ပူဇော်

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်နှင့် နိုင်ငံတော်သံဃမ ဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကျောင်းဆရာတော်တို့အပါအဝင် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံယူတော်မူမည့် ပြည်တွင်း/ပြည်ပမှဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071