Sunday, December 14, 2025

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်က ကျင်းပသည့်...

ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉)...

ယခု ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ...

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊...

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊...
HomeCelebrities' Newsအခွေမထွက်ခင် ပရိသတ်တွေကို ရွှေထူးပေမယ့်...

အခွေမထွက်ခင် ပရိသတ်တွေကို ရွှေထူးပေမယ့် လက်ဆောင်

အလင်းပြခေါ်ဆောင်သူ၊ အလင်းထဲကို ဝင်ရောက်သူလို့ အဓိပ္ပာယ်နဲ့ ပေးထားတဲ့ I (Illumination) ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီး Audio CD မထွက်ခင် ရွှေထူးက Oasix နဲ့သီဆိုထားတဲ့ ‘လူတွေ’ ဆိုတဲ့ သီချင်းကို Music Video ရိုက်ပြီး ပရိသတ်တွေကို Sharing လုပ်ခဲ့ပါတယ်။ လူတွေသီချင်းက ထူးဆန်းသလို ရိုက်ထားတာတွေကလည်း ထူးခြားလို့နေပါတယ်။

“Oasix နဲ့ ကျွန်တော်နဲ့ကျတော့ Y.zet နဲ့ ပေါင်းသလိုတောင် မတူဘူး။ သူနဲ့က စကားတွေအများကြီး မပြောဖြစ်ပေမယ့်လည်း ပြောဖြစ်လို့ရှိရင် အဓိပ္ပာယ်ရှိတဲ့ စကားတွေအများကြီး ပြောဖြစ်တယ်။ Y.zet နဲ့လည်း အဓိပ္ပာယ်ရှိတဲ့စကားတွေပြောဖြစ်ပါတယ်။ ဒါပေမဲ့ သိပ်မပြောဖြစ်ဘူး။ အဓိပ္ပာယ်ရှိတာတွေပြောဖြစ်နေရင်းနဲ့ ကျွန်တော် သူ့ကိုပြောတာပေါ့နော်။ ငါ့မှာ Melody လေးတစ်ခုရှိတယ်။ ‘လူတွေလူတွေ သိပ်ကြောက်ဖို့ကောင်းပါလားပေါ့” အဲဒီ Melody လေးရှိတယ်။ အဲဒါ မင်းအခွေထဲ ထည့်လိုက်ဆိုပြီးတော့ သူ့ကိုပြော တာ။ အဲဒါနဲ့ သူ့ကို အကူအညီတောင်းပြီးတော့ ငါ့အခွေမထွက်ခင်လေးမှာ ဒါလေးကိုတော့ Share ချင်တယ်။ ပြီးတော့ အမ်တီဗီကိုလည်း ဗီဗီနဲ့ ပူးပေါင်း ပြီးတော့ အလှူလေး သွားလုပ်ကြရအောင်ဆိုပြီးတော့ ဘားအံအထိကို သူ ကိုယ်တိုင်လိုက်လာတာ။ အဓိကကတော့ လူတွေရဲ့ သွားလာမှု နေပုံ၊ ထိုင်ပုံ ပုံစံတွေ၊ ပန်းရောင်းနေတဲ့ကလေးတွေ၊ လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ကလေး တွေ၊ ပြီးတော့ မိဘမဲ့ကလေးတွေ အကုန်လုံးပေါ့နော်။ ကျွန်တော်ရိုက်ပြထား တယ်။ ပြီးတော့ ဘုရားတွေပါတယ်။ ဘားအံကို သွားတဲ့ လမ်း တစ်လျှောက်မှာတွေ့တဲ့ ဘုရားတိုင်းကို ဝင်တယ်။ Young Creator က ညီလေးတွေနဲ့ မနက် ၇ နာရီတည်းကထွက်ပြီး တော့ ရိုက်လိုက်တာ ဘားအံကို ည ၁ဝ နာရီမှ ရောက်တယ်” လို့ ရွှေထူးကပြောပါတယ်။

ရွှေထူးရဲ့‘I’ ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော်အခွေ အကြောင်းကို ဆက်ရမယ်ဆိုရင် ၂၄ ရက်နေ့ ထွက် တော့မယ်။ နာမည်ကျော် အဆိုတော်၊ ကောင်မလေး တွေအသည်းစွဲဆိုတော့ အောင်မြင်ဦးမှာပါ။ သူ ကလည်း ကြိုးစားတာကိုး။

”ကျွန်တော်က အခုပရိုဂျူဆာနဲ့ထုတ်တာမဟုတ်ဘူး။ ကျွန်တော့် ပိုက်ဆံနဲ့ ကျွန်တော်ထုတ်တာဖြစ်တဲ့အတွက် ငွေရေးကြေးရေးကတော့ ဘာညာအနေအထား အခက်အခဲ ကတော့ ရှိတာပေါ့။ အဲဒီအတွက် မြို့တိုင်းမှာလုပ်ပေးချင်ပေ မယ့် အခက်အခဲကတော့ ရှိတယ်။ ကျွန်တော့်ကို နားလည်ပေးပါ။ ရန်ကုန်မှာကတော Myanmar Plaza Outdoor မှာ ၂၄ ရက်နေ့၊ ညနေ ၄ နာရီကနေ ၈ နာရီအထိလုပ်မယ်။ မန္တလေးမှာတော့ ၂၅ ရက်နေ့ Diamond Plaza မှာ ညနေ ၄ နာရီကနေ ၈ နာရီအထိ လုပ်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ Clothing Brand ဖြစ်တဲ့ BTTF ကိုလည်း Illumination ကို Collaboration လုပ်ထား တာလေးရှိတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ Package အစီ အစဉ်တွေလည်း ရှိပါတယ်။ ကျွန်တော်အများကြီး လုပ်ထားပါတယ်။ စီစဉ်ထားပါတယ်” လို့ ရွှေထူးက သူ့အခွေနဲ့ပတ်သက်ပြီးလည်း ပြောပြခဲ့ပါတယ်။ ရွှေထူးရဲ့ အခွေမှာတော့ ဖီးချားရင်း ဝင်ဆိုပေး ထားတဲ့ သူငယ်ချင်း Rapper တွေ၊ တီးပေးထားတဲ့သူတွေ၊ တေးရေး တွေကလည်း ရှယ်တွေမို့လို့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြမှာပါ။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071