Sunday, November 24, 2024

ဒူးဒဏ်ရာကြောင့် အနားယူထားသည့် တိုက်စစ်မှူးအောင်သူ ထိုင်းလိဂ်ပွဲစဉ်အတွင်း...

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အနားယူထားသည့် တိုက်စစ်မှူး အောင်သူ ယမန်နေ့ထိုင်းလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်သည်။ ယမန်နေ့က ၎င်း ပါဝင်ကစားနေသည့် ဥထိုင်းဌာနီအသင်းနှင့် ပေါ့အက်(ဖ်)စီအသင်းတို့၏ ပွဲစဥ်အတွင်း ဒုတိယပိုင်း (၆၈)...

မန္တလေးတိုင်းရှိ အကျုံးဝင်အာမခံလုပ်သားဦးရေ (၆၉၀၀၀)ကျော် ကျန်းမာရေး...

မန္တလေးတိုင်း ဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၆၉၀၀၀) ကျော်ကိုကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ...

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား...

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို...

ထိုင်းအစိုးရက ကမ္ဘောဒီးယားသို့ တံတားသစ်တစ်စင်းဆောက်မည်

‌ဖနောင်ပင်၊နိုဝင်ဘာ ၂၄ ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့်ဆက်သွယ်ပေးမည့် တံတားအသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ပြီး အဆိုပါတံတားသည် ထိုင်းဘတ်ငွေ ၁၅ သန်းခန့်တန်ဖိုးရှိကြောင်းလည်းသိရသည်။ ယခုဆောက်လုပ်မည့်တံတားအသစ်ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်ဟုလည်း...
HomeNewsLocal Newsအောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့်...

အောင်ပန်းမြို့၌ ငရုတ်၊ ကြက်သွန်နှင့် ဂျင်းသီးနှံ ကုန်စည်ပြပွဲကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်းသီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို ကလော၊ အောင်ပန်းနှင့် ပင်းတယဒေသရှိ တောင်သူများအတွက် အဓိကကျင်းပခြင်းဖြစ်ပြီးတောင်သူများအနေဖြင့် အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေရန်နှင့် ဈေးကွက်ကောင်းတွေရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင်ဝယ်ယူသူများအနေဖြင့် တောင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည့်အပြင် စိုက်ပျိုးသူများအဆင်‌ပြေ‌စေရန် ပြပွဲကို (၁၅) ရက်လျှင်တစ်ကြိမ်ကျင်းပမည်ဖြစ်ကြောင်း၊ တောင်သူဈေးနှင့်အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည်ဒိုင်များ ဈေးကောင်းရရှိစေရန်အခြေခံဈေးနှုန်းများ သတ်မှတ်ဝယ်ယူပေးမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် တောင်သူများအတွက် စိုက်ပျိုးနည်းပညာအပြင် ဒေသမျိုးသန့်မျိုးစေ့များ၊ ဆိုလာရေသွင်းစက်များ၊ မြေသြဇာများနှင့် စိုက်ပျိုးစရိတ်ကြိုတင် ထုတ်ပေးသည့်ဝန်ဆောင်မှုများကိုပါ တစ်နေရာတည်းတွင်ရရှိနိုင်ပြီး ပြည် တွင်း၊ ပြည်ပ ဈေးကွက်များနှင့်လည်း အလွယ်တကူချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒူးဒဏ်ရာကြောင့် အနားယူထားသည့် တိုက်စစ်မှူးအောင်သူ ထိုင်းလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာ

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အနားယူထားသည့် တိုက်စစ်မှူး အောင်သူ ယမန်နေ့ထိုင်းလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်သည်။ ယမန်နေ့က ၎င်း ပါဝင်ကစားနေသည့် ဥထိုင်းဌာနီအသင်းနှင့် ပေါ့အက်(ဖ်)စီအသင်းတို့၏ ပွဲစဥ်အတွင်း ဒုတိယပိုင်း (၆၈) မိနစ်တွင် လူစားထိုး‌ ကစားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ တိုက်စစ်မှူး အောင်သူအနေဖြင့် ဂိုးသွင်းယူမည့်အခြေအနေနှစ်ကြိမ်ကြိုးစားခဲ့သည်ကို တွေ့ရပြီး ဒုတိယအကြိမ်တွင် ဂိုး တိုင်နှင့် ထိမှန်ခဲ့သည်အထိ သွင်းဂိုးရနိုင်ခြေဖြင့် နီးစပ်ခဲ့သည်ကို တွေ့ရသည်။ ပွဲစဥ်အတွင်း တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရ ဥထိုင်းဌာနီအသင်းသည် အဆင့်(၈)နေရာ၌ ရပ်တည်နေသည်။ တိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ် (၂)အသင်း တစ်သင်းဖြစ်သည့် လန်ချန်ဘူရီအသင်းနှင့် ကစားအပြီး...

မန္တလေးတိုင်းရှိ အကျုံးဝင်အာမခံလုပ်သားဦးရေ (၆၉၀၀၀)ကျော် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့

မန္တလေးတိုင်း ဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၆၉၀၀၀) ကျော်ကိုကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၏ ပြောကြားချက်အရ သိရသည်။ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးမှ ဝန်ထမ်းများအားတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်း ဒေသကြီးတွင် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၁၂၃၄၄၅) ကျော် ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၁၃) ခန်း၊ ဌာနကြီးဆေးခန်းကိုးခန်း၊ စာချုပ်ဆေးခန်း ခုနစ်ခန်းတို့ ဖွင့်လှစ်၍ ဧပြီလမှ အောက်တိုဘာလအထိ အာမခံအလုပ်သမား လူနာပေါင်း (၆၉၉၁၀)...

အမျိုးသား အလွတ်တန်း စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်

ဒီဇင်ဘာ အားကစားလအကြို အမျိုးသား အလွတ်တန်း (MOUNTAIN BIKE )စက်ဘီးပြိုင်ပွဲတွင် စက်ဘီးအားကစားသမား (၁၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုဝင်ဘာ (၂၃)ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကန်ရိပ်သာလမ်းရှိ တင့်ကားကုန်းဝင်ပေါက်ရှေ့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲ၌ အမျိုးသား (၁၇၇) ဦးနှင့် အမျိုးသမီး(၆)ဦး ဝင်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ‌ေ-သနတ်ပစ်ဖောက်စတင် တာလွှတ်ပေးရာ ပြိုင်ပွဲဝင် ကစားသမားများကစုရပ်မှတာထွက်၍ ကန်ရိပ်သာလမ်း ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071