ONE ၏ ပွဲစဉ်များဖြင့် ဝေးကွာနေသော မြန်မာစပါးအုံးဟု တင်စားခေါ်ဝေါ် ခံရသည့် ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်းနှင့် တူရကီနိုင်ငံသား ဖိုက်တာ ရှာမေးလ်အာဒိုဂန်တို့ လာမည် ဖေဖော်ဝါရီ (၂၀)ရက်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးသည် ONE က ကျင်းပပြုလုပ်သည့် ONE- 171 ပွဲစဉ်အတွင်း ပါဝင် ထိုးသ-တ်သွားမည်ဖြစ်ကာ ၊ ပြိုင်ပွဲကို ကာတာနိုင်ငံ၊ ဒိုဟာမြို့ရှိ Lusail Sports Arena ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ဘက်(၂)ဦးသည် ယခင်နှစ် စက်တင်ဘာ (၆)ရက်နေ့၌ အမေရိကန်နိုင်ငံ ဒန်ဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ONE -168 ပွဲစဉ်၏ ခြောက်ထောင့် ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ အောင်လအန်ဆန်မှာ ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
အာဒိုဂန်နှင့် ထိုးသ-တ်မည့် ယခု ပွဲစဉ် သည် အောင်လအန်ဆန်းအတွက် အရေးကြီးထိုးသ-တ်ရမည့် ပွဲစဉ်တစ်ခုဖြစ်ပြီး ယင်းပွဲကို အနိုင်ရရှိပါက မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပါတ်လုပွဲအတွက် ဆုံးဖြတ်ချက်ချသွားရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ဘက် တူရကီနိုင်ငံသား အာဒိုဂန်မှာအသက် (၃၃)နှစ်အ ရွယ်ရှိပြီး MMA ပြိုင်ပွဲ (၉)ပွဲတွင် (၉)ပွဲလုံး ရှုံးပွဲမရှိစံချိန်ဖြင့် အနိုင်ရရှိထားပြီး ONE ပွဲစဉ်အတွင်း (၂)ပွဲထိုး (၂)ပွဲနိုင်ရလဒ်ထွက်ပေါ်ထားသူဖြစ်သည်။
ထို့အတူအသက် (၃၉) နှစ်အရွယ် အောင်လအန်ဆန်မှာလည်း MMA ပြိုင်ပွဲ (၄၃) ပွဲထိုးသတ်ထားပြီး ပွဲ (၃၀) နိုင်၊ (၁၃) ပွဲ ရှုံးနိမ့်ထားပြီး၊ ONE ပွဲစဉ်များတွင် (၁၈) ပွဲ ထိုးသတ်ခဲ့ပြီး (၁၄) ပွဲနိုင်၊ (၄)ပွဲရှုံး မှတ်တမ်းပိုင်ဆိုင်ထားသူဖြစ်သည်။