ဟာသသရုပ်ဆောင် ဦးဧရာက နိုဝင်ဘာလ ၈ ရက်နေ့က အရိုးတီဗီရောဂါကြောင့် ဆင်မလိုက်အရိုးဆေးရုံကြီးမှာ အရေးပေါ်ဆေးရုံ တင်လိုက်ရပါတယ်။ ဒီသတင်းကြား ကြားချင်းမှာဦးဧရာရဲ့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေအတွက် ထိတ် လန့်စရာ သတင်းတစ်ပုဒ်လည်းဖြစ်ခဲ့ရပါတယ်။ အနုပညာညီအစ်ကိုမောင်နှမတွေက ချစ်ခင်လေးစားရတဲ့ ဦးဧရာ၊ပရိသတ်တွေက ချစ်ခင်ကြတဲ့ ဦးဧရာကျန်းမာရေး အမြန်ဆုံးကောင်းမွန်လာစေဖို့ အားလုံးကဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။
ဒါ့အပြင် လူရွှင်တော်အသင်း (ရန်ကုန်)နဲ့အတူ အနုပညာညီအစ်ကိုမောင်နှမတွေ ကလည်း ဦးဧရာဆီသွားရောက်ပြီး အားပေး ကူညီထောက်ပံ့မှုတွေလည်း လုပ်ဆောင်ခဲ့ကြ ပါတယ်။ အခုအချိန်မှာတော့ ဦးဧရာဟာကျန်းမာရေးအနေနဲ့ အနည်းငယ်သက် သာလာပြီဖြစ်ပေမယ့်လည်း နောက်တစ်ပတ်အကြာမှာတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေကို ကြည့်ရှုပြီးခွဲစိတ်သင့်၊ မသင့်ကို ဆရာ ဝန်ကြီးတွေ ဆုံးဖြတ်ချက်ချသွားမှာ ဖြစ်တယ်လို့ ပေါ်ပြူလာဂျာနယ်ရဲ့ ဆက်သွယ် မေးမြန်းမှုကို ဦးဧရာက ပြန်လည်ဖြေကြားခဲ့ပါတယ်။
“အခုကသက်သာပေမယ့်လည်း ခုတင်ပေါ်ကနေတော့ မထနိုင်သေးဘူး။ ပက်လက်လှန်နေရင်တော့ နေလို့ကောင်းပါတယ်။ အလေး သွားတာတို့ ၊ အပေါ့သွား တာတို့ဆိုရင်တော့ဒုက္ခရောက်တာပေါ့။ ကျွန်တော့်ကို ပရိသတ်တွေကလည်း စိုးရိမ်ပေး ကြတယ်။ ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ အနုပညာညီအစ်ကိုမောင် နှမတွေကလည်း လာရောက်အားပေးကြတယ်။ အဲဒီ့အတွက်လည်း ကျွန်တော့်မှာ မျက်ရည်တောင်လည်မိပါတယ်။ လိုအပ်တာပြောပါဆိုပြီး ပြောကြတယ်။ ပြီးတော့ပိုက်ဆံ တွေစုပြီးလည်း ပေးကြတယ်” လို့ ပြောပါတယ်။ ဦးဧရာက ကျန်းမာရေးကောင်းမွန် သွားတဲ့အခါ အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လုပ်သွားမှာဖြစ်ပြီး သူ့အနေနဲ့ အနုပညာအလုပ်ပဲလုပ်တတ်တာကြောင့်သာဖြစ်ကြောင်း အနုပညာအလုပ်တွေမလုပ်နိုင် ရင်တောင် နောက်ကနေပြီးတော့ ပံ့ပိုးပေးသွား မှာဖြစ်ကြောင်း သူကပြောပါ တယ်။ သိပ်မကြာခင်ကပဲ လူမှုကွန်ရက်ဖေ့စ်ဘုတ်ပေါ်မှာ ဟာသသရုပ်ဆောင်ဧရာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတစ်ပုဒ်ကြောင့် ပရိသတ်တွေကြားထဲမှာ သို့လော သို့လော ဖြစ်ခဲ့ရပြီး စိုးရိမ်မှုတွေလည်းပိုလာခဲ့ရပါတယ်။ဒီသတင်းကို ဦးဧရာ လည်း ကြားသိခဲ့ရပြီး ဒီသတင်းကို တင်ခဲ့တဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဆိုလာ ပါတယ်။
“အဲဒီသတင်းစတက်လာချင်းတော့ ကျွန်တော့်တပည့်တွေက ဒေါသဖြစ်ကြ တာပေါ့။ ကျွန်တော်လည်းပြောရပါတယ်။ ဒေါသ မဖြစ်ကြ ပါနဲ့ပေါ့။ အနုပညာသမား ဆိုတာ ဒီလိုပဲ အဝေဖန်ခံရမှာပဲ၊အနောက်ပြောင်ခံရမှာပဲပေါ့” လို့ ဦးဧရာကပြောပါ တယ်။
လင်းအက္ခရာ