Wednesday, April 2, 2025

ကျွန်တော်တို့လက်မလျှော့ပါဘူးဟု စင်ကာပူကယ်ဆယ်ရေးအဖွဲ့ ဆို

      ငလျင်လှုပ်ပြီး တစ်ရက်အကြာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော စင်ကာပူနိုင်ငံမှ Operation Lionheart ကယ်ဆယ်ရေးသမားများသည် ငလျင်ကြောင့် နေရာအနှံ့အပြား၌ အဆောက်အအုံများ ပျက်စီးပြိုလဲနေသည်ကို မြင်တွေ့လိုက်ရချိန်တွင်...

(၅)ရက်ကြာ ပိတ်မိနေသည့် နေပြည်တော် အေးချမ်းသာဟိုတယ်ဝန်ထမ်းအမျိုးသားတစ်ဦးအား...

နေပြည်တော်‌ကောင်စီနယ်မြေ၊ အေးချမ်းသာဟိုတယ်အတွင်း (၅)ရက်ကြာပိတ်မိနေသည့် ဝန်ထမ်းအမျိုးသားတစ်ဦးအား ယမန်နေ့ ဧပြီ(၁)မွန်းလွဲပိုင်းအချိန်က အသက်ရှင်လျက် ဆယ်တင်နိုင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။ အဆိုပါ ပိတ်မိနေသူ အမျိုးသားမှာ အသက်...

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ရုရှားကတရုတ်ကိုတိုက်တွန်း

မော်စကို၊ဧပြီ ၂ ရုရှားသမ္မတဗလာဒီမာပူတင်က တစ်ကမ္ဘာလုံးမငြိမ်မသက် ဖြစ်နေချိန်တွင် ရုရှားနှင့်တရုတ်နိုင်ငံတို့အနေဖြင့် အရေးပါသောပူးပေါင်းဆောင်ရွက်မှုကိုခိုင်မြဲ‌စေရန် အင်္ဂါနေ့ကတောင်းဆိုခဲ့သည်ဟု သိရသည်။ ခရမ္မလင်သို့ အလည်အပတ်ရောက်ရှိနေသည့်တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့်တွေ့ဆုံစဉ် သမ္မတပူတင်က ယခုလကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ နှစ်ဦးတွေ့ဆုံစဉ် သမ္မတပူတင်က...

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ် သိန်း...

မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျန်းမာ ရေးစောင့်ရှောက်မှုများခံယူနိုင်စေရန် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ်သိန်း (၁,၁၀၀) ယမန်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်ပေးမှုသည် ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းအုပ်ချုပ်သူ၊...
HomeCelebrities' Newsအနုပညာ ပေါ်ပြူလာ လူငယ်နှင့်အောင်မြင်မှု

အနုပညာ ပေါ်ပြူလာ လူငယ်နှင့်အောင်မြင်မှု

ခေတ်တိုင်းလိုလိုပင် အနုပညာလောကထဲကို လူငယ်တွေ တိုးဝင်လာခဲ့ကြပြီး တချို့လူငယ်တွေက ပေါ်ပြူလာဖြစ်ချင်စိတ်နဲ့ ဝင်ရောက်ကြတာမို့ ကြာကြာမခံဘဲ ဆုတ်ခွာပျောက်ကွယ်သွားကြသလို တချို့လူငယ်တွေက အနုပညာရူးသွပ်မှု ဗီဇစိတ်အရင်းခံနဲ့ ဇွဲလုံ့လဝီရိယအပြည့်ထား မဆုတ်မနစ်ကြိုးစားကာ မိမိတို့ ဘဝရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းချီပြီးတော့ အောင်မြင် ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်သွားကြပါတယ်။ ဒါကြောင့်မို့ ပေါ်ပြူလာဂျာနယ် ၂၁ နှစ်ပြည့်နှစ်ပတ်လည်အထူးတင်ဆက်မှုအဖြစ် ‘အနုပညာနဲ့ ပေါ်ပြူလာ၊ လူငယ်နဲ့ အောင်မြင်မှု’ကဏ္ဍလေးကနေပြီးတော့ လူငယ်အနုပညာရှင်များဖြစ်ကြတဲ့ မေသက်ထားဆွေ၊ ဝင်းခန့်မိုးနဲ့ ကောင်းစစ်မင်း တို့ရဲ့ အမြင်ခံယူချက် စကားသံများကို မေးမြန်းကာ ဖော်ပြလိုက်ရပါတယ်။

—————————————————————————————————————–

ဝင်းခန့်မိုး

ငယ်ငယ်လေးကတည်းက ဝါသနာပါတာပေါ့။ ကျွန်တော် ၃ တန်း လောက်ကစပြီး ကျောင်းကပွဲတွေမှာ ဝင်ကတယ်။ အဘွားကလည်း လာ အားပေးတယ်။ အဘွားက ပြောတယ်။ ဝါသနာပါရင် ဆယ်တန်းပြီးအောင် လုပ်၊ ဆယ်တန်းအောင်ရင် လုပ်ခွင့်ပေးမယ်၊ နောက်ကနေအားလုံးပံ့ပိုးပေးမယ် လို့ ပြောတယ်။ အခုဆယ်တန်းလည်း ပြီးသွားရော ဒီအနုပညာလောကထဲ ဝင်ရောက်လာတာပေါ့။ အဘွားက လုံးဝsupport ပေးပါတယ်။

အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အဘွားဖြစ်သူရဲ့ ပံ့ပိုးပေးမှု

“အဘွားလို အဆိုတော်ရော သရုပ်ဆောင်ရော ၂ ခုစလုံးဖြစ်ချင်တယ်။၂ ခုစလုံးဖြစ်အောင်လည်း ကြိုးစားသွားမှာပါ။ အဘွားက ဘယ်လိုမျိုး သရုပ်ဆောင်ရမယ်လို့တော့ မပြောဘူး။ အခုခေတ်လူငယ်တွေက သူတို့တွေမှာ ကိုယ်ပိုင်စတိုင်လ်ရှိတယ်ဆိုပြီး အရေးကြီးတဲ့ အဓိကအချက်အလက်တွေပဲ ပြောပြပေးတယ်။ အချိန်ကို လေးစားဖို့ စသည်ဖြင့်ပေါ့နော်။ ကြိုးစားဖို့ကတော့ ကိုယ့်တာဝန်ပဲလို့ပြောပါတယ်။ ပံ့ပိုးပေးမှုကတော့ အပြည့်ပေးပါတယ်”

အနုပညာအပေါ် ခံယူချက်

အနုပညာက ဆန်းတော့ဆန်းကြယ်တယ်။ အိမ်မှာက ကျွန်တော်အပါ အဝင် ညီအစ်ကိုမောင်နှမ ၅ ယောက်ရှိတယ်ဗျ။ သူတို့တွေ အကုန်လုံးလည်း အနုပညာနဲ့ပတ်သက်တာ လုပ်ဖူးတယ်။အနုပညာဆိုတာ သရုပ်ဆောင်မှ အဆိုတော်မှ အနုပညာ မဟုတ်ဘူးလေ။တခြားတေးဂီတတွေ တီးတာတွေပေါ့။ စန္ဒရားတီးတာကို မောင်နှမတွေ အကုန်သင်တယ်။ ဘယ်သူမှတတ်မသွားဘူး။ ကျွန်တော် ပဲ တတ်သွားတာ။ အဲဒီလိုမျိုးဆိုတော့ အနုပညာက လူတိုင်းတော့ လုပ်လို့ မရဘူးလို့ထင်တယ်။ ပါရမီနဲ့ဆိုင်တယ်။ အနုပညာပိုးလည်း ရှိရမယ် လို့ ထင်တယ်။

အနုပညာလောကထဲကို ပေါ်ပြူလာ ဖြစ်ချင်လို့ ဝင်လာတာလား
အနုပညာကို ချစ်လို့ ဝင်လာတာလား

အဲဒီနှစ်ခုကလည်း နည်းနည်း ကတောက်ကဆတ်ရှိတယ်ဗျ။ လူတိုင်း မှာတော့ အိပ်မက်စိတ်ကူးဆိုတာရှိတယ်။ အိပ်မက်နဲ့ ကိုယ်လုပ်သင့်လုပ်ထိုက် တာနဲ့မတူဘူး။ အိပ်မက်ကျတော့ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတွေမှာ ကျွန် တော်ပါဝင်သရုပ်ဆောင်ချင်တာ ဒါကျွန်တော့်ရဲ့ အိပ်မက်စိတ်ကူးပေါ့။ အဲဒီ တော့ ပေါ်ပြူလာဖြစ်ချင်လို့ အနုပညာလောကထဲကို ဝင်ရောက်လာတာတော့ မဟုတ်ဘူး။ အိပ်မက်တစ်ခုအနေနဲ့ ရည်မှန်းချက်ထားပြီးဝင်ရောက်လာတာ။

ဘက်စုံတော်တဲ့ အနုပညာရှင်တစ် ယောက်ဖြစ်ချင်လား

အားလုံးဘက်စုံတော်နေဖို့ဆိုတာတော့ မဖြစ် နိုင်ဘူး။ တော်တော်ကြိုးစားရမယ်ပေါ့နော်။ ဒါပေမဲ့ ဒီလမ်းကြောင်းက ကိုယ်ဖြစ်ချင်တဲ့အိပ် မက်နဲ့ အသက်မွေးဝမ်းကျောင်းပြုမှာဖြစ်တဲ့ အတွက် အတတ်နိုင်ဆုံးတော့ ကြိုးစားသွား မှာပါ။

လင်းအက္ခရာ၊ မျိုးမောင်၊ ဇင်မာနွယ်၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071