သရုပ်ဆောင်ပိုင်ဖြိုးသုက ၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ ဒါရိုက်တာဦးမီးပွား ရိုက်ကူးတဲ့ ဧဒင်ရဲ့နတ်သမီး ရုပ်ရှင်ဇာတ် ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုအတွက် အကယ်ဒမီတစ်ကြိုပေးခြင်းခံထားရသူ ဖြစ်ပါတယ်။ ဒီဇာတ် ကားမှာ စိုင်းစိုင်းခမ်းလှိုင်၊ သားညီ၊ မေဂရေစ့်ပယ်ရီ၊ ပိုင်ဖြိုးသု၊ ဝင့်ယမုံလှိုင်၊ မာရီကိုးလ်နဲ့ မြနှင်းရည်လွင်တို့က အဓိက သရုပ် ဆောင်ထားကြ ပါတယ်။ ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရင်ခုန်သံကို မေးတော့..
“ညီမလိုအနေအထားနဲ့ အကယ်ဒမီဆိုတာ အလှမ်း ဝေးပါသေးတယ်။ မှန်းလည်းမမှန်းရဲပါဘူး။ ကိုယ့်ရှေ့မှာ တကယ့်သမ္ဘာရင့်ဝါရင့် တအားတော်တဲ့ အနုပညာ ရှင်ကြီးတွေ ရှိတဲ့အတွက် မမှန်းရဲပါဘူး။ ဒါပေမဲ့ ပရိ သတ်က ဒီလိုပြောတာလေးနဲ့တင် ညီမအတွက် ကြိုး စားဖို့အားတွေ အများကြီးရှိသွားပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ညီမတို့က အသစ်ဖြစ်တဲ့အတွက် လိုအပ် ချက်တွေ အများကြီးရှိသေးတယ်။ လိုအပ်ချက်တွေကို ဖြည့်ဖို့အတွက် အားတွေအများကြီး ရှိသွားပါတယ်” လို့ ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားက သူ့အနေနဲ့ ပထမဦးဆုံး သရုပ်ဆောင်ရတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် စိတ်လှုပ် ရှားမှုတွေများစွာရှိခဲ့ကြောင်းကိုလည်း ပိုင်ဖြိုးသုက..
“အဲဒီဇာတ်ကားကိုစရိုက်တုန်းက ရှေ့မှာ အကြာကြီးနားလိုက် တယ်။ ‘စိုင်းစိုင်းကိုချစ်တယ်’ ဆိုတဲ့ ဗီဒီယို လေးတစ်ကားပဲ ရိုက်ပြီး တဲ့အချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ရတာ။ အဲဒီတုန်းကဆို တအား လည်း ကြောက်ခဲ့တယ်။ ဒါရိုက်တာဦးမီးပွားလို သမ္ဘာရင့်ဝါရင့်နဲ့ ရိုက်ရမယ်။ ကိုယ်ကလည်း အသစ်ဖြစ်နေတော့ တအားကြောက် နေတယ်။ ရှုတင်မှာဆိုလည်း ဦးပွားသင်ပေးတယ်။ အတူတူသ ရုပ် ဆောင်တဲ့ ကိုအောင်ဇော်မင်းတို့၊ ကိုသားညီတို့လည်း တအားသင် ပေးတယ်။ လူကြီးတွေ သင်ပေးတဲ့အတိုင်း တော်တော် ကြိုးစားပြီး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားလေးပါ။ အမှတ်တရတွေ ကတော့ အများကြီးပဲ။ အဲဒီဇာတ် ကားထဲမှာပါတဲ့ ညီမတို့မင်းသမီးတွေ အားလုံးက ပထမဆုံးရိုက်တဲ့ရုပ်ရှင်ဇာတ်ကားကြီးဆိုတော့ ကြောက်တာ တွေရော၊ စိတ်လှုပ်ရှားတာတွေရော အများကြီးပါပဲ” လို့ပြောပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း