အ.ထ.က (မော်လိုက်) နှစ်(၁၀၀) ရာပြည့် ပွဲတော်အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (မော်လိုက်) ကျောင်းဝင်း၌ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ပျော်ပွဲရွှင်ပွဲဖျော်ဖြေရေးပွဲများနှင့်အတူ ဆုပေးပွဲအခမ်းအနားကြီးကို ခမ်းနားထည်ဝါစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အ.ထ.က (မော်လိုက်) ရာပြည့်ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် ၁၉၂၄ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတော်ကြီး၏ သက်တမ်းမှာ နှစ်(၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ဘဝတွင် တစ်ကြိမ်သာကြုံနိုင်သော အခွင့်အရေးကို ရရှိခဲ့ကြသည့် ကျောင်းတော်သူ/ ကျောင်းတော်သား အဟောင်း/အသစ်များ အားလုံးစုပေါင်းပါဝင်ကာ ရာပြည့်ပွဲတော်ကြီး စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့စီမံဆောင်ရွက်ခဲ့ရာ ပွဲတော်ရည်ရွယ်ချက်(၃)ရပ်အတိုင်း နိုဝင်ဘာ ၁၈ရက်နေ့တွင် အ.ထ.ကကျောင်းတွင်း G-6 မှ G-12 အထိ ကျောင်းသူ/သားကလေးများ ပါဝင်ယှဉ်ပြိုင်ကြမည့် ကာယ၊ ဉာဏပြိုင်ပွဲများကို ဒေသအာဏာပိုင်များထံမှ ဦးဆောင်မှုခံယူကာ ပညာရေးဌာန၏ ကြီးကြပ်မှုဖြင့် ရာပြည့်ပွဲဖြစ်မြောက်ရေး ကော်မတီမှ အ.ထ.က၊ မော်လိုက် စုဝေးကွင်းတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်စတင်နိုင်ခဲ့ကြော င်း သိရသည်။
ကျောင်းတွင်း ကာယပြိုင်ပွဲများအဖြစ် ထက်/လယ် ဆင့်အလိုက် ဖူဆယ်ဘောလုံပြိုင်ပွဲ ကျား/မ၊ ဘောလီဘော ကျား/မ၊ မီတာ(၁၀၀)ကျား/မ၊ အမြင့်ခုန် ကျား/မ၊ အလျှားခုန် ကျား/မ၊ သံလုံးပစ် ကျား/မ၊ ပိုက်ကျော်ခြင်း ကျား၊ ဌာနဝန်ထမ်း စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကျား၊ စကောရွက်ပြေး ဂုံနီအိတ်စွပ် စည်းဝိုင်းအတွင်းတိုက်ပွဲ၊ ကြက်ဥကောက်ပြေးပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို ကျင်းပနိုင်ခဲ့ပြီး ဉာဏ ပြိုင်ပွဲအနေဖြင့် မြန်မာစာစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်တို့တွင် ထက်လယ်ဆင့် အရေးစွမ်းရည် အတွက် စာစီစာကုံး၊ အက်ဆေးပြိုင်ပွဲ၊ အပြောစွမ်းရည်အတွက် အင်္ဂလိပ် မြန်မာကျပန်းစကား ပြောပွဲ၊ မြန်မာ/အင်္ဂလိပ် ကဗျာစပ်ပြိုင်ပွဲများနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကိုလည်း အတန်းလိုက် ကျင်းပပေးနိုင်ခဲ့သည့်အပြင် မူဆင့်ကလေးများအတွက် မြို့ပေါ် အ.မ.က (၇) ကျောင်းကို ကဗျာရွတ် ပြိုင်ပွဲကိုပါ ကျင်းပပေးခဲ့ကြောင်း သိရသည်။
အလားတူ ကျောင်းသားဟောင်းများအတွက် အားကစားပြိုင်ပွဲများကိုလည်း ရာပြည့်ပွဲဖြစ်မြောက်ရေး ကော်မတီမှ မြို့ နယ်အား/ကာမှူးနှင့်ပူးပေါင်း၍ အလွတ်တန်း ဖူဆယ် ကျား/မ၊ ဘော်လီဘော ကျား/မ၊ စားပွဲတင်တင်းနစ်ကျား/မ၊ ကြက်တောင် ကျား/မ၊ ပိုက်ကျော်ခြင်း ကျား၊ စစ်တုရင်နှင့် ဂေါ က်သီးရိုက်ပြိုင်ပွဲများကို နိုဝင်ဘာ ပြီးခဲ့သည့် (၂၉) ရက် မှစတင်ကာ ပြိုင်ပွဲကျင်းပနေပြီဖြစ်ကြောင်း သိရသည်။