” ကျွန်တော်ဘာစဉ်းစားထားလဲဆိုတော့ ၂နှစ်ပြည့်အောင်မစောင့်ဘဲနဲ့ ပြန်လည်ရွေးချယ်ခြင်းကိုပြန်လုပ်ပေးဖို့ ပြင်ဆင်ထားတယ်။ ကျန်တာ တော့ကျွန်တော်မပြောလိုပါဘူး။ စနစ်တကျလွှဲ ပြောင်းခြင်းနဲ့ စနစ်ကျစေဖို့ပေါ့။ ၁ဝ လပိုင်း၁၅ ရက်နေ့ဆိုရင် ၂ နှစ်တင်းတင်းပြည့်မယ်။ အဲဒါပြီးမှ လုပ်ဖို့ မရည်ရွယ်တော့ပဲနဲ့ အဲဒီ့ထက်စောပြီးတော့ ရွေးကောက်ပွဲကိုပြန်လုပ်ပေးဖို့အထိ ပြင်ဆင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အတော်အတန်လောက်နဲ့ ကျွန်တော်စိတ်ဓါတ်မကျပါဘူး။ ရည်ရွယ်ချက်မရှိဘဲနဲ့ တာဝန်ယူခဲ့ရတယ် ဆိုပေမယ့်လည်း တာဝန်တစ်ခုယူပြီးသွားရင် ကျွန်တော်ဘက်က တာဝန်ကျေဖို့အတွက် အမြဲစဉ်းစား ဖြစ်ပါတယ်” လို့ သဘင်ဥက္ကဋ္ဌသက်တမ်းနဲ့ ပတ်သက်လို့ ပြန်လည်အရွေးချယ်ခံဖြစ်ဦးမလားဆိုတဲ့ မေးခွန်းအပေါ် ဖိုးချစ်ကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အမှုဆောင်အဖွဲ့အနေနဲ့ သဘင်အစည်းအရုံးနဲ့ပတ်သက်လို့ တာဝန်ထမ်းဆောင်ခဲ့တာ ၁ နှစ်ခွဲဝန်းကျင်ထဲကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ အဲဒီ့အတော အတွင်းမှာလည်း သဘင်နဲ့ ပတ်သက်လို့ တော်တော်များများလုပ်ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာသဘင်သက်ကြီးပူဇော် ပွဲနဲ့ သဘင့်သီချင်းရွေးချယ်ပွဲကြီးကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ဒါ့အပြင်ဥက္ကဋ္ဌ ဦးဖိုးချစ်က သူ့ရဲ့ ပိုင်ဆိုင်မှုများကို ဘဏ်နဲ့ချိတ်ဆက်ကာ သဘင်လောကသားများအဆင်ပြေနိုင်စေရေးအတွက် ချေးငွေထုတ်ပေး လျက်ရှိနေပါတယ်။
ဒီလိုလုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ဥက္ကဋ္ဌဦးဖိုးချစ်ကတော့ ” ကျွန်တော့်ကိုမေးရင် ကျွန်တော်အားမရဘူး။ ကျွန်တော့်ထက်ပိုပြီးတော့ စွမ်းဆောင်နိုင်မယ့် အတွေး အခေါ်တွေနဲ့ သဘင်ကိုအချိန်ပေးပြီးတော့ ပိုလုပ်ကိုင်ပေးနိုင်မယ့် သူကိုမျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ပွဲကပြနေရ သေးတယ်ပေါ့။ ကျွန်တော်အမြဲတမ်းကိုယ့်ဘာသာ ပြန်သုံးသပ်တယ်။ အားသာချက်ရှိတဲ့အပိုင်းလေးတွေလည်း တွေ့ရတယ်။ အားနည်းချက်တွေအများကြီး ရှိတယ်။ ဝမ်းသာစရာသိပ်ကောင်းတာကတော့ ညီညီညွတ်ညွတ် နဲ့ အင်တိုက်အားတိုက် စိတ်ပါလက်ပါလုပ်ဆောင်လာ တာတစ်ခုတော့ ဝမ်းသာမိတယ်။ စနစ်ကျဖို့ တော်တော် လိုပါသေးတယ်။ အများကြီးလုပ်ရဦးမယ်။ ဒါကြောင့်ကျွန်တော်ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားတယ်။ ကျွန်တော့်ရဲ့အသိလောက်နဲ့ ကျွန်တော့်ရဲ့ အတွေးလောက်နဲ့ သဘင်လောကကြီးအတွက် ဆောင် ရွက်ပေးနိုင်ပါ့မလားပေါ့။ ပြောသလောက်မလွယ်ဘူး” လို့ ပြောပါတယ်။
လင်းအက္ခရာ