Sunday, March 16, 2025

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း...

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံရေးသတိ/အသိ မလစ်ဟင်းရန်...

၂၀၂၄ -၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံ ရေးသတိ အသိ မလစ် ဟင်းရန်ဆောင်ရွက်ရန်လိုပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ...

မြန်မာနိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့မှုကန့်သတ်ထားခြင်းမရှိ၍ လျင်မြန်ချောမွေ့စွာတင်ပို့နိုင်ရေး...

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရပိတ်ဆို့မှုများရှိနေ၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုတိုးမြှင့်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၁၅ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ...

ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကိုကျော်လွှား၍ ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးနည်းလမ်းရှာဖွေဆောင်ရွက်ရန်...

ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကိုကျော်လွှား၍ ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးနည်းလမ်းရှာဖွေဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၅ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊...
HomeNewsLocal Newsဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၇)ကြိမ်မြောက် ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့်...

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၇)ကြိမ်မြောက် ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲကျင်းပ

နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၇)ကြိမ်မြောက် ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲမင်္ဂလာအခမ်းအနားအား မတ် ၁၃ ရက်(တပေါင်း လပြည့်နေ့)နံနက် ၆ နာရီခွဲကကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးတိုင်း၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဆရာတော်တို့အမှူးပြုသည့် ဆရာတော်ကြီးများကြွရောက်တော်မူ၍ လိုဏ်တော်အတွင်းကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း)ဘုရားကြီးတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခဲ့ကြသည်။

ထို့ပြင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာမဏိမယရတနာကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်လေးဆူနှင့် မဟာဆုတောင်းပြည့်(ပန်းပေါင်း)ဘုရားကြီးတို့အား ရွှေကြာသင်္ကန်းတော်၊ မြသပိတ်တော်ဖြင့် ဆွမ်းတော်၊ သစ်သီး၊ ပန်းနှင့် ရေချမ်းတို့ကိုဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် (၆)ဦး အသက်ဆုံးရှုံး

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ဖြစ်စဉ်ကို ကူညီပေးနေသည့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသ ည်။ ယမန်နေ့ မတ်လ (၁၅)ရက်၊ ညနေ (၅)နာရီခွဲ အချိန် ရွှေစာရံမှ ဘုရားဖူးပြန်လာသည့် 4WD ယာဉ်မှာ ရွှေစာရံ - ရဲရွာ - ကျောက်ဆည်လမ်း ဒုဌဝတီ တံတားအကျော် တိုးဂိတ်အ လွန် မီးသွေးဖုတ်ရွာအနီး လမ်းမှား၍...

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံရေးသတိ/အသိ မလစ်ဟင်းရန် မန္တလေးတိုင်း ဝန်ကြီးချုပ် သတိပေး

၂၀၂၄ -၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံ ရေးသတိ အသိ မလစ် ဟင်းရန်ဆောင်ရွက်ရန်လိုပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ တိကျမှန်ကန်စွာဖြင့် တင်ပြသွားကြရမည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားသည်။ မန္တလေးတိုင်းတွင် ၂၀၂၄ -၂၀၂၅ခုနှစ် တက္ကသို လ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာန (၈၉)ခု ဖွင့်လှစ်ထားရှိပြီးကျောင်း သား/သူများ စာမေးပွဲအား အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး၊ စာဖြေခန်းသို့ အချိန်မီရောက်ရှိရေး၊ စာဖြေခန်းများ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်ရေး၊ ဘာသာရပ်အလိုက်စာမေးပွဲ ပြီးဆုံးသည်အထိ ဖြေဆိုသွားရေး စနစ်တကျ...

မြန်မာနိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့မှုကန့်သတ်ထားခြင်းမရှိ၍ လျင်မြန်ချောမွေ့စွာတင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရပိတ်ဆို့မှုများရှိနေ၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုတိုးမြှင့်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၁၅ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ Asia World Port Terminal - AWPT ဆိပ်ကမ်းတွင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍစွမ်းဆောင်နိုင်မှုနှင့် ကုန်သွယ်မှုဆိုင်ရာများကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ " ဈေးကွက်ရှိပြီးဖြစ်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို တိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့နိုင်ဖို့လိုပါတယ်။ အဓိကအားဖြင့် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ဖို့လိုပါတယ်။ မိမိတို့အနေနဲ့ စက်မှုစိုက်ပျိုးရေးထုတ်ကုန်တွေ၊ စားသောက်ကုန်တွေကိုလည်းတင်ပို့နိုင်ပါတယ်။ ထုတ်လုပ်မှုကို အခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်ရပါမယ်"ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071