ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများမှ ဒေသနှစ်ခုအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွ က်မှုနှင့် အခြားဘုံစိန်ခေါ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) ၏ ၂၀၂၄ -၂၀၂၉ သက်တမ်းအတွက် ဥက္ကဋ္ဌသစ်ဖြစ်သည့် ဥရောပပါလီမန်အမတ် Mr. Wouter Beke ဦးဆောင်သော DASE အဖွဲ့ဝင်များနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီဝင် အီးယူဆိုင်ရာ အာဆီယံ သံအမတ်ကြီးများအကြား မိတ်ဆက် နေ့လယ်စာစားပွဲသို့ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် DASE ဥက္ကဋ္ဌဖြစ်သည့် Mr. Wouter Beke က အဖွင့်အမှာစကား ပြောကြားရာ၌ အီးယူနှင့် အာဆီယံသည် အပြည်ပြည်ဆိုင်ရာဥပဒေအောက်မှ တူညီသော မျှော်မှန်းချက်များအား မျှဝေလျက်ရှိသည့် ဒေသတွင်းအဖွဲ့အစည်းနှစ်ခုဖြစ်ကြောင်း၊ အဖွဲ့အစည်း နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရေးတွင် ထိတွေ့ဆက်သွယ်မှုသည် အဓိက သော့ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ နေ့လယ်စာစားပွဲသို့ DASE အဖွဲ့ဝင် ဥရောပပါလီမန်အမတ်များ၏ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ ဖြစ်သည့် Progressive Alliance of Socialists and Democrats (S & D)၊ Renew Europe Group နှင့် European Conservat ives and Reformists Group (ECR) တို့မှ Group Advisor များလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။