Sunday, January 12, 2025

ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန်...

ဂါဇာတွင် အစ္စရေးက ထိုးစစ်ဆင်‌နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်ခဲ့သည့် နိုင်ငံတကာရာဇ၀တ်တရားရုံး(ICC)အား လက်တုံ့ပြန်သည့်အနေဖြင့် ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က...

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ...

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ လက်ရှိအချိန်ထိ နိုင်ငံခြား/နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၂၀၉ ဒသမ ၀၂၂)သန်းရှိခဲ့ပြီး အ...

ထုတ်ချေးထားသည့် ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝ...

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူအသုံးပြုနိုင်ရန်ထုတ်ချေးထားသည့်ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝပြန်လည်ကောက်ခံရရှိစေရေးဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်ကပြောသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို...

ဂျပန်နိုင်ငံ Professional Boxing ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်...

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ လာမည် ဖေဖော်ဝါရီလ (၂၀) ရက်တွင် ကျင်းပပြုလုပ်မည့် Professional Boxing ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံကိုယ်စားပြု ကစားသမား...
HomeNewsLocal Newsဦးဝိစာရ မြေအောက်လမ်းကူး လူသွားဥမင်မှ...

ဦးဝိစာရ မြေအောက်လမ်းကူး လူသွားဥမင်မှ တစ်နေ့ လူဦးရေ(၃,၀၀၀)နှင့် (၄,၀၀၀)ကြား ဖြတ်သန်းသွားလာနေ

ရွှေတိဂုံစေတီနှင့် ပြည်သူ့ရင်ပြင်သို့ လာရောက်ကြသည့် ပြည်သူများ ဦးဝိစာရမြေအောက်လမ်းကူး လူသွားဥမင်မှ ဖြတ်သန်းသွားလာလျက်ရှိရာ လက်ရှိတွင် လူသွားဥမင်မှ တစ်နေ့လျှင် လူဦးရေ(၃၀၀၀)နှင့် (၄၀၀၀)ကြား ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

ဦးဝိစာရမြေအောက်လမ်းကူး လူသွားဥမင်(Underpass)သည် (၂၃) ပေကျယ်သည့်အတွက် တစ်နာရီ လူပေါင်း (၁၄၀၀၀)ဖြတ်ကူးနိုင်မည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အခါကြီး ရက်ကြီးများတွင် အဆင်ပြေစွာသွားရောက်ဖူးမြော်နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။

လမ်းကူးလူသွားဥမင်အတွင်း၌ အတက်အတွက် ရွေ့လျားစက်လှေကား လေးစင်း၊ မသန်စွမ်း၊ အသက်အရွယ်ကြီးသူ များ၊ တွန်းလှည်းအသုံးပြု သွားလာသူများအတွက် အသုံး ပြုရန် ဓာတ်လှေကားနှစ်စင်း ထည့်သွင်း တည်ဆောက်ထားပြီး စီမံကိန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၉) ရက်၌ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်တွင်ပြီးစီးခဲ့ကာ စုစုပေါင်း တည်ဆောက်ချိန် (၁၄) လကြာမြင့်ခဲ့ကြောင်း သိရသည်။

မြေအောက်လမ်းကူး လူသွားဥမင်(Underpass) တည်ဆောက်မှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က အဓိကပူးပေါင်းဆောင်ရွက်ပေးပြီး ဓာတ်လှေကားများ၊ စက်လှေကားများ ထည့်သွင်းတည်ဆောက် ထားသည့်အတွက် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် တွန်းလှည်းအသုံးပြုသွား လာသူ များ အတွက်လည်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်

ဂါဇာတွင် အစ္စရေးက ထိုးစစ်ဆင်‌နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်ခဲ့သည့် နိုင်ငံတကာရာဇ၀တ်တရားရုံး(ICC)အား လက်တုံ့ပြန်သည့်အနေဖြင့် ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်သည်။ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်း ယို့ဗ်ဂဲလန့် တို့အပေါ် ဖမ်းဝရမ်းထုတ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) အား ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကွန်ဂရက်အောက်လွှတ်တော်ရှိ ဥပဒေပြုအမတ်များသည် “တရားမဝင် တရားရုံး တန်ပြန်ရေးအက်ဥပဒေ” ကို မဲပေးသူ ၂၄၃ အနက်...

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂၀၉ ဒသမ ၀၂၂)သန်းရရှိ

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ လက်ရှိအချိန်ထိ နိုင်ငံခြား/နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၂၀၉ ဒသမ ၀၂၂)သန်းရှိခဲ့ပြီး အ လုပ်အကိုင်အခွင့်အလမ်း (၁၃,၀၉၁)ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) မှ သိရသည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အခြေခံသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပြည့်စုံလုံလောက်ရန် အရေးကြီးကြောင်း၊ တို င်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍကြီး(၅)ရပ်ရှိသည့်အနက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။ ထို့ပြင် ကာဗွန်ထုတ်လွှတ်မှုမရှိဘဲ အမြန်ဆုံးစွမ်းအင်ရရှိနိုင်သည့်...

ထုတ်ချေးထားသည့် ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝ ပြန်လည်ကောက်ခံရရှိစေရေး ဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဦးမင်းထွဋ်ပြော

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူအသုံးပြုနိုင်ရန်ထုတ်ချေးထားသည့်ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝပြန်လည်ကောက်ခံရရှိစေရေးဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်ကပြောသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် စက် ကိရိယာများကို ဝယ်ယူအသုံးပြုနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်အထိ နေပြ ည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄) ခု၊ မြို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071