မြန်မာနိုင်ငံအတွင်း၌ ဧပြီလလယ်မှစ၍ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူးဂရုပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဧပြီ ၁၅ ရက်က မိုးကြိုကာလအတွင်းဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(ဝ၄/၂ဝ၂၅)အဖြစ် သတိပေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် ဧပြီလလယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း လေထုမငြိမ်မသက်မှုများ၊ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ လေ ပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုး သီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းဖြစ်စဉ်များဖြစ်ပေါ် နိုင်သည်ဟု အသိပေးခဲ့သည်။
ထို့အတူ လေပြင်းတိုက်ခတ်ချိန်တွင်လည်း မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင်၄၀ မှ မိုင် ၅ဝ အထိတိုက်ခတ်နိုင်သည်ဟုလည်း မိုးဇလကအသိ ပေးခဲ့သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုးဇလကသတိပေးခဲ့သည်။