Wednesday, January 15, 2025

ယူကရိန်းကို အကူအညီပေးမည့် မဟာမိတ်အဖွဲ့ဝင်များ၏ အစီအစဉ်...

နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် မိတ်ဖက်နိုင်ငံ ၂၀ မှ နေတိုး ကာကွယ်ရေးဦးစီးချုပ်များသည် ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ...

ဗန်းမော်မြို့ စစ်ဘေးရှောင်များကို (၅)ကြိမ်မြောက်ကယ်ထုတ်မည့် ခရီးစဉ်...

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် လာရောက် ခိုလှုံနေကြသည့် ဗန်းမော်စစ်ရှောင်များအား မန္တလေးမြို့သို့ ထပ်မံပို့ဆောင်မည့် (၅)ကြိမ်မြောက် ခရီးစဉ်ကို ယနေ့ ဇန်နဝါရီ(၁၅)ရက်၌ စတင်ခဲ့ကြောင်း မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့ထံက...

နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း...

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ်ရှိ စူငယ်ဘာလှိုင်း ကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာ၌ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ...

ဗီယက်နမ်နှင့်ရုရှားတို့ နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်မည်

ဟနွိုင်း၊ဇန်နဝါရီ ၁၅ ရုရှားဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။ အဆိုပါသဘောတူလက်မှတ်ရေးထိုးခြင်းကို ရုရှား၏ နိုင်ငံတော်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနှင့်ဗီယက်နမ်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။ ရုရှားအနုမြူကော်ပိုရေးရှင်း...
HomeNewsLocal Newsဧရာဝတီတိုင်းမြို့နယ် (၁၄) မြို့နယ်တွင်...

ဧရာဝတီတိုင်းမြို့နယ် (၁၄) မြို့နယ်တွင် ကြိုးကြာခေါင်းနီငှက်များပျံ့နှံ့ကျက်စား‌နေ

တိုင်းနှင့်ပြည်နယ် (၆)ခုတွင် မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်သော ကြိုးကြာခေါင်းနီငှက်များသည် ဧရာဝတီတိုင်းမြို့နယ် (၁၄) မြို့နယ်တွင် ပျံ့နှံ့ကျက်စားနေကြောင်း ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့-KTCG ထံမှ သိရသည်။

ကြိုးကြာခေါင်းနီငှက်သည် မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံးနေထိုင်ကျက်စားပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်ရှိကြောင်း မှတ်တမ်းတင်ခဲ့နိုင်ပြီးဖြစ်ကြောင်းလည်း သိရသည်။

ကြိုးကြာခေါင်းနီငှက် အများဆုံးနေထိုင် ကျက်စားရာနေရာမှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသပင်ဖြစ်ပြီး ဧရာဝတီတိုင်းအတွင်း မြို့နယ် (၁၄) မြို့နယ်တွင် ကြိုးကြာခေါင်းနီငှက်များ ပျံ့နှံ့ကျက်စား‌ကာ ဝါးခယ်မမြို့နယ်တွင် ကြိုးကြာခေါင်းနီငှက်အများဆုံး နေထိုင်ကျက်စား‌ကြောင်းနှင့် ကြိုးကြာခေါင်းနီငှက်များသည် ဒေသခံများ၏ ယဉ်ကျေးမှု အရ အစဉ်လာကြီးမားသည့် ဆက်နွယ်မှုများရှိကြောင်းသိရသည်။

ကြိုးကြာခေါင်းနီငှက်သည် မိုးရာသီတွင် အသိုက်ဆောက် ဥအု ၊ သားပေါက်လေ့ရှိပြီး တစ်နှစ်လျှင် တစ်ကြိမ်သာ သားပေါက်ပြီး တစ်လုံးမှ နှစ်လုံးထိအုလေ့ရှိကြောင်း သိရသည်။

ကျုံကပြင်-တက်ဆိပ် ဒေသခံထိန်းသိမ်းရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်မှ စတင်ပြီး ကြိုးကြာခေါင်းနီငှက်များ အသိုက်ဆောက်လုပ်ချိန်တွင် နှစ်စဉ်စာရင်းကောက်မှတ်တမ်း ပြုလျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းကို အကူအညီပေးမည့် မဟာမိတ်အဖွဲ့ဝင်များ၏ အစီအစဉ် နေတိုး ကာကွယ်ရေးဦးစီးချုပ်တွေ ဆွေးနွေးမည်

နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် မိတ်ဖက်နိုင်ငံ ၂၀ မှ နေတိုး ကာကွယ်ရေးဦးစီးချုပ်များသည် ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ ဘရပ်ဆဲလ်မြို့တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး ယူကရိန်း၏ အခြေအနေ၊ မဟာမိတ်အဖွဲ့၏ လက်ရှိလုပ်ဆောင်နေသော မစ်ရှင်များနှင့် ရုရှားကို တန်ပြန်ရန် အစီအစဉ်များအပြင် အခြေအနေများကို ပြန်လည်သုံးသပ်မည်ဟု နေတိုးရဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ အဆိုပါအစည်းအဝေးကို စစ်ဘက်ရေးရာကော်မတီဥက္ကဌ Rob Bauer က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး နေတိုးအတွင်းရေးမှူးချုပ် Mark Rutte၊...

ဗန်းမော်မြို့ စစ်ဘေးရှောင်များကို (၅)ကြိမ်မြောက်ကယ်ထုတ်မည့် ခရီးစဉ် ယနေ့စတင်

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် လာရောက် ခိုလှုံနေကြသည့် ဗန်းမော်စစ်ရှောင်များအား မန္တလေးမြို့သို့ ထပ်မံပို့ဆောင်မည့် (၅)ကြိမ်မြောက် ခရီးစဉ်ကို ယနေ့ ဇန်နဝါရီ(၁၅)ရက်၌ စတင်ခဲ့ကြောင်း မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။ ဗန်းမော်မြို့တိုက်ပွဲကြောင့် မိမိအစီအစဉ်ဖြင့် ရွှေကူမြို့ပေါ်သို့ ရောက်ရှိခိုလှုံနေကြသော ရာနှင့်ချီသည့် ဒေသခံများကို မန္တလေးမြို့သို့ သယ်ဆောင်ပို့ပေးနေသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းရုံးအပါအဝင် မြို့နယ်အတွင်းရှိဘုန်းကြီးကျောင်းများ ၌ ယာယီခိုလှုံနေကြသူများဖြစ်ကြောင်း သိရသည်။ " မန္တလေးဘက်ကို လိုက်ချင်တဲ့ စစ်ရှောင်တွေကို ရွှေကူမြို့ နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းရုံးနဲ့ ကမ်းနားလမ်းက မင်းကျောင်း ဘုန်းကြီးကျောင်းမှာ စာရင်းပေးထားဖို့...

နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း ကော့သောင်းတွင် ဆောင်ရွက်နေ

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ်ရှိ စူငယ်ဘာလှိုင်း ကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာ၌ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ (၆၀) ရာခိုင်နှုန်း၊ ကုမ္ပဏီမှ (၂၀) ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ (၂၀) ရာခိုင်နှုန်းတို့ဖြင့် မဟာဓာတ်အားလိုင်းပြင်ပ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို (၁၂၀ ဒသမ ၆၄) ကီလိုဝပ်၊ ဒီဇယ် (၂၀၀) ကေဗွီအေ စွမ်းအားထပ်မံတိုးမြှင့်တပ်ဆင်ခြင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကော့သောင်းမြို့ Victoria Cliff ဟိုတယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071