ဧရာဝတီတိုင်း တောင်ပိုင်းဒေသများ၊ ရန်ကုန်မြစ်၊ ပဲခူးမြစ်တလျှောက်နှင့် ရန်ကုန်/ပဲခူးတောင်ပိုင်းခရိုင်ဒေသများ၊ မွန် ပြည်နယ် သံလွင်မြစ်အောက်ပိုင်းတလျှောက်ဒေသများ၌ နံနက်အစောပိုင်းအချိန်များတွင် မြူဆိုင်းသည့် အခြေအနေဖြစ်ပေါ်နိုင်သောကြောင့် လေကြောင်းနှင့် ရေကြောင်းခရီးများ သတိပြုသွားလာကြရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေး ပြောကြားထားသည်။
ဇန်နဝါရီ (၂၆) ရက် နံနက်အစောပိုင်း(၄) နာရီမှ နံနက် (၇) နာရီအတွင်း ဧရာဝတီတိုင်းတောင်ပိုင်းဒေသများ၊ ရန်ကုန်မြစ်၊ ပဲခူးမြစ်တလျှောက်နှင့် ရန်ကုန်/ပဲခူးတောင်ပိုင်းခရိုင်ဒေသများ၊ မွန်ပြည်နယ် သံလွင်မြစ်အောက်ပိုင်း တလျှောက် မြေမျက်နှာပြင်အထက် မီတာ ၂၀၀၀(ပေ ၆၅၀၀)အတွ င်း တိမ်အနိမ့်များဖြစ်ပေါ်နိုင်ပြီး မြူဆိုင်းသည့်အခြေအနေ (Foggy Weather)ဖြစ်ပေါ်နိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။
နံနက်အစောပိုင်းမြူဆိုင်းခြင်းမှာလည်း ပုံမှန်အားဖြင့်ဆိုသော် ဇန်နဝါရီ လကုန်ပိုင်း၊ ဖေဖော်ဝါရီလနှင့် မတ်လဆန်းကာလများအတွင်း စတင်ဖြစ်ပေါ်တတ်ကြောင်း ၎င်းက ဆို သည်။
၎င်းအခြေနေများတွင် နိမ့်ဆင်းလာသည့် တိမ်များနှင့် မြူခိုးများကြောင့် အမြင်တာ (Visibility)ကျဆင်းပြီး နံနက်အစောပိုင်းအချိန်များတွင် လေကြောင်းနှင့် ရေကြောင်းခရီးများအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်အတွက် နံနက်အစောပိုင်း (၄) နာရီခန့်မှ စတင်၍ နံနက် (၇) နာရီ ကျော်သည်အထိ သတိပြုသွားလာကြရန် ဦးဝင်းနိုင်က သတိပေးထားသည်။