တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်း ပမယ်ဆိုပြီး သီချင်းတွေတိုက်၊ အသံ လေ့ကျင့်နဲ့ တက်တက်ကြွကြွလှုပ်ရှားခဲ့ပြီးမှ ပွဲစီစဉ်သူတွေဘက်က ငွေရေးကြေးရေးကြောင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပပြုလုပ်တော့မှာမဟုတ်ကြောင်း အဆိုတော် ချောစုခင်က ပြောပါတယ်။
”အမှန်တကယ်တော့ ချောစုက ပွဲလုပ်မယ်ဆိုပြီးတော့ ပွဲစီစဉ်သူ တွေနဲ့ တိုင်ပင်ကြပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ငွေရေးကြေး ရေးနဲ့ ပတ်သက်ပြီးတော့မနိုင်တော့တဲ့အတွက် သူတို့ကနောက်ဆုတ် သွားတာပါ။ ပရိသတ်တွေက အရမ်းမျှော်လင့်တာပေါ့။ ချောစု ကတော့ အခြေအနေပေးလာလို့ရှိရင် အစွမ်းကုန်ကြိုးစားသွားဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ အစပိုင်းလေးမှာကတည်းက အဲဒီလို မျိုး ဖြစ်သွားတဲ့အတွက် ကျေနပ်ရမှာပေါ့နော်။ မကျေနပ်လို့လည်း မရဘူးလေ။ ကိုယ့်စိတ်ကိုယ်ပဲ ပြန်ဖြေသိမ့်ရပါတယ်။ အဲဒီ ကာလတုန်းက ကိုဝဏ္ဏတို့ Immortal Studio မှာ အတီးဆရာ တွေနဲ့ အများကြီးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်း ကြောင်းတွေကြောင့် ပျက်သွားတော့လည်း မတတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အဲဒီအရှုံးထဲကနေ အမြတ်ပဲ ပေါ့လေ။ သီချင်းတိုက်ပြီးသားဖြစ်သွားတာပေါ့” လို့ သူမ က ပြောပါတယ်။ တစ်ကိုယ်တော်ရှိုးနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေမှာတော့…
”Contact တွေ အများကြီးနဲ့ ချိတ်ဆက်ပါတယ်။ ဒါပေမဲ့ အခုချိန်အထိတော့ လောလောဆယ်မရသေး ပါဘူး” လို့ ချောစုခင်ကပြောပါတယ်။ ဒါဆို သီချင်း အသစ်တွေထွက်ဖို့ပဲ အာရုံစိုက်ဖြစ်နေမှာပေါ့လို့ ချောစုခင်ကို မေးတော့…..
”သီချင်းအသစ်တွေအတွက် ချောစုတို့အများကြီး လုပ်ပါတယ်။ ကြိုးစားပါတယ်။ ဒါပေမဲ့ ချောစုရှာလိုက်တဲ့ သီချင်း တွေအများစုက အနှေးတွေချည်းပဲဖြစ်နေလို့။ ချောစုတို့ လုပ်ချင် တဲ့ပုံစံကို ဆလိုင်းနဲ့ တိုင်ပင်ပြီးတော့ သီချင်းတွေ ထပ်ပြီးလုပ် ထားပါတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-ဇော်ဝင်းအောင်