ပရဟိတ လူမှုအကျိုးပြုလုပ်ငန်း တွေဆိုရင် အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်လေ့ရှိသူတစ်ဦးဖြစ်တဲ့ အကယ်ဒမီခန့်စည်သူက အခုလည်း အလင်းပြကောင်းကင်ပရဟိတ ဖက် ရှင်ဒီဇိုင်နာ အသက်မွေးသင်တန်း ကျောင်းတစ်ခုကို မတ်လ ၃ ရက်နေ့ မနက် ၁ဝ နာရီက သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဓမ္မဝိဟာရကျောင်းတိုက်မှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ငွေကြေး အခက်အခဲဖြစ်နေတဲ့ အမျိုးသမီး တွေအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုကို တက်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဒီကြားထဲမှာ လည်း အမျိုးသမီးငယ်တွေကြား လုယက်မှုတွေလည်းဖြစ်ပွားသလို သက်ငယ်မုဒိမ်းတွေလည်း ဖြစ်ပွား နေတဲ့အတွက် အမျိုးသမီးတွေရဲ့ ဘဝဟာလုံခြုံမှုမရှိသလိုမျိုးလည်း ခံစားနေကြရပါတယ်။ ဒီအချိန်မှာပဲ အခုလိုအမျိုး သမီးတွေအတွက် ရည်ရွယ်ပြီး အ သက်မွေးဝမ်းကျောင်း သင်တန်း ကျောင်းဖွင့်လှစ်ဖြစ်ပုံကို တော့…
”တစ်သက်လုံးအတွက်ကို အ တတ်ပညာလေးသင်ပေးလိုက်တာ က ဒီလူအတွက် ပိုပြီးတော့များ ထိ ရောက်သွားမလားဆိုတဲ့ရည်ရွယ် ချက်နဲ့ သင်တန်းဖွင့်တာပါ။ ကျွန် တော်တို့နိုင်ငံက ဆင်းရဲမွဲတေတဲ့ ပြာပုံထဲကတော်တော်ရုန်းထနေရ တယ်။ အဆင်မပြေမှုတွေရှိတယ်။ စီးပွားရေးအခက်အခဲတွေ ရှိတယ်။ အဲဒီအခက်အခဲတွေကြောင့် အမျိုး သမီးတော်တော်များများက မဖြစ်ချင် ပဲဖြစ်ခဲ့ရတယ်။ မပျက်ချင်ဘဲ ပျက်ခဲ့ရ တဲ့အနေအထားရှိတယ်။ ဒီဇိုင်နာ သင်တန်းဟာ များသောအားဖြင့် အမျိုးသမီးတွေအတွက် ရည်ရွယ် တယ်။ အဲဒီအမျိုးသမီးတွေထဲမှာမှ ငွေကြေးမတတ်နိုင်တဲ့လူတွေကို ဦး စားပေးပြီး ဖွင့်ပေးပါတယ်”လို့ ပြော ပါတယ်။ ပထမဦးဆုံးအပတ်စဉ်မှာ သင်တန်းသူ ၃၉ ဦးလက်ခံထားပြီး မည်သူမဆို တက်ရောက်သင်ကြားနိုင် မှာဖြစ်တယ်လို့ သိပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်ဇော်မင်း