ဇံဟိန်းတို့ စိန်မဟာသဘင်က တောင်ပြုန်းပွဲတော်ကြီးမှာ သြဂုတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကပြဖျော် ဖြေသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်ကြီးအတွက် ဇွန်လ၂၄ရက်နေ့ ကစပြီး ၁လကြာ ဇာတ်တိုက်သွားကြ မှာဖြစ်ပါတယ်။ တောင်ပြုန်းမှာတော့ တောင်ပြုန်း မင်းညီနောင်၊ ရနောင် မောင်မောင်တုတ်၊ ပဍတ်ခယား၊ ပါတော်မူစတဲ့ နောက် ပိုင်းဇာတ်တွေကို ကပြသွားမှာဖြစ်ကြောင်း ဇံဟိန်းကပြောပါတယ်။
” တောင်ပြုန်းက ကျွန်တော့်အနေနဲ့ စိန်မဟာသဘင်ကို ပြန်လည်တည်ထောင်ပြီး နောက်ပိုင်း ပထမဆုံး ကပြဖြစ်တာပါ။ တောင်ပြုန်းက ပရိသတ်တွေနဲ့ တွေ့ရမယ်ဆိုတော့ ကျွန်တော့်အနေနဲ့ တအားပျော်ပါတယ်။ ကျွန်တော်တို့ အဖေခေတ်ကတည်းက ပရိသတ်တွေကို ပြန်တွေ့ရမှာရယ်၊ ပရိသတ်အသစ်တွေနဲ့လည်း တွေ့ဆုံရမှာဆိုတော့ ပျော်တာ ပေါ့” လို့ ဇံဟိန်းက ပြောပါတယ်။ တောင်ပြုန်းပွဲပြီးတဲ့အခါမှာတော့ စစ်ကိုင်းမှာ ကပြသွားမှာဖြစ်ပြီး အထက်မြန်မာပြည် ကို တောက်လျှောက်ကပြသွားမှာဖြစ်ကြောင်း သိရပါတယ်။ စိန်မဟာသဘင်အနေနဲ့ အခု နှစ်ဇာတ်သဘင်ရာသီမှာ ပြဇာတ်အသစ်တွေကိုလည်း ကပြတင်ဆက်သွားမှာဖြစ်ပြီး နောက်ပိုင်းဇာတ်တော်ကြီးအနေနဲ့ ၄ပုဒ် ကပြသွားမှာ ဖြစ်ပါတယ်။ ဇံဟိန်းက နောက်ပိုင်း ဇာတ်တော်ကြီးတွေကိုတော့ ပြဇာတ်ကပြတဲ့ အချိန်မှာ နောက်ပိုင်းဇာတ်တော်ကြီးကို ကပြခြင်းဖြစ်သလို၊ ဒီလိုကပြခြင်းကလည်း ပရိသတ်တွေကြည့်နိုင်မယ့်အချိန်မျိုးမှာ ကပြတာဖြစ်ပြီး ကပြတဲ့ အခါမှာလည်း နောက်ပိုင်းဇာတ်တော်ကြီးပုံစံမျိုး ရော၊ အခုခေတ် ပြဇာတ် စတိုင်ပုံစံမျိုးရော နှစ်မျိုးတွဲပြီးတော့ တင်ဆက်ကပြသွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
နောက်ပိုင်းဇာတ်တော်ကြီးတွေ ကပြတဲ့အခါမှာ ဆို၊ငို၊ပြော အတတ်ကလည်း အရေးကြီးတဲ့အတွက် ဒီပညာ ရပ်တွေနဲ့ ပတ်သက်လို့ သူ့ရဲ့လေ့လာမှုအပိုင်း ကိုလည်း ဇံဟိန်းက ” ကျွန်တော့်ဦးလေး ဦးညီဝင်းစိန်က ကျွန်တော့်ရဲ့လက်ဦးဆရာပါပဲ။ ကျွန်တော့်အနေနဲ့ သူ့ရဲ့ ဆိုငိုပြောတွေကို နားထောင်ပြီးတော့ လေ့ကျင့်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဆရာကိုမိုးမင်း၊ ဆရာမလှိုင်သန်းထွန်း တို့က သင်ပြပေးတယ်။ ဆို၊ ငို၊ ပြောပညာနဲ့ ပတ်သက် လို့ကတော့ ကျွန်တော်တို့မင်းသားတွေ ကိုယ်တိုင်က ပညာရှင်ကြီးတွေဆီမှာ သွားရောက်ပြီးသင်ယူမှရမယ်။ ကျွန်တော်တို့နောက်ကွနညနမအေငသည တွေကိုလည်း ကျွန်တော်တို့တတ်ထားတဲ့၊ သိထားတဲ့၊ ဆိုငိုပြော နောက်ပိုင်းပညာရပ်တွေကို ပြန်လည် လက်ဆင့်ကမ်းပေးဖို့က အဆင်သင့်ပါပဲ။ မျိုးဆက်သစ်တွေကို ကျွန်တော်တို့အနေနဲ့ အမြဲတမ်းဖိတ်ခေါ်ပါတယ်။ မြန်မာ့ဇာတ်သဘင် အနုပညာကိုချစ်တဲ့ မင်းသားတွေ၊ မင်းသမီးတွေကို ကျွန်တော်တို့ အမြဲတမ်း ကြိုဆိုလျက်ပါပဲ” လို့ ပြောပါတယ်။
လင်းအက္ခရာ