Thursday, December 26, 2024

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်‌ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့...

ကျိုက်မရော ချောင်းနှစ်ခွ ဒေသခံစစ်ရှောင်များ တစ်နှစ်ကျော်ကြာသည်အထိ...

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုမှာ တစ်နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း မော်လမြိုင်မြို့သို့ တိမ်းရှောင်‌နေသူ စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...

ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို့ ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင်...

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို (၃၃)ရက်တိုင်တိုင်...

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကို(၃၃)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာ (၄၆၂)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ (၇၇)ကြိမ်မြောက်...
HomeCelebrities' Newsတေးစီးရီးခွေ ၄ ခွေ...

တေးစီးရီးခွေ ၄ ခွေ စာ သီချင်းအလုံအလောက်ရှိနေပြီဆိုတဲ့ မနော

၂ဝဝ၆ ခုနှစ်မှာ ဂီတလောကထဲ ဝင်ရောက်အခြေချနိုင်ဖို့ သီချင်းတွေရေးတာစုဆောင်းတာ စလုပ်တယ်။ ၂ဝ၁၁ ခုနှစ်မှာ အခွေထွက်တယ်။ မနောရဲ့ အနုပညာသက်တမ်းဟာ အခွေစထွက်ချိန်ကစပြီးတွက်မယ်ဆိုရင် တောင် ၇ နှစ်တိုင်ခဲ့ပြီ။ သီချင်းစလုပ်ကတည်းကဆိုရင်တော့ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီပေါ့။ ဂီတကို ရူးသွပ်တဲ့ မနောတစ်ယောက် သီချင်းတွေနဲ့ ဘယ်လိုဖြတ်သန်းဖြစ်ခဲ့လဲဆိုတာ ကိုတော့…

ပထမဦးဆုံးလို့ပြောရမယ်ဆိုရင်တော့ ကိုလှိုင်ဦးမော်နဲ့ လက်ချောင်းများ အခွေ ထွက်ထားတယ်။ ကျွန်တော်က ၁၂ ပုဒ်၊ ကိုလှိုင်ဦးမော်က ၂ ပုဒ်ဆိုတော့ ကျွန်တော့် တစ်ကိုယ်တော်လိုပဲပေါ့နော်။ ပြီးတော့ ‘အဆင်ပြေတနေ့’ ဆိုတဲ့ ကျွန်တော့် တစ်ကိုယ်တော်အခွေထွက်တယ်။ ပထမလက်ချောင်းများ တီးကတည်းက တီးထားတဲ့ မြန်မာသံအခွေတစ်ခွေရှိတယ်။ အဲဒါလေးကို ကျွန်တော် လက်စသတ် လိုက်တဲ့အခါကျတော့ အဆင်ပြေတဲ့နေ့ပြီးသွားတဲ့အချိန်မှာ အဲဒီအခွေလေးကို ထွက်နိုင်ခဲ့တယ်။ ‘ချမ်းမြေ့ပါစေ အမေ’ ဆိုတဲ့အခွေလေးလေ။ အဲဒီအခွေပြီးတဲ့အခါ ကျွန်တော်နဲ့ ကိုလှိုင်ဦးမော်နဲ့ Title မပေးဖြစ်ဘူး။ တစ်ယောက် ၆ ပုဒ်စီ ၂ ယောက်တွဲ အခွေလေးထွက်ဖြစ်တယ်။ အားလုံးပေါင်း ကျွန်တော် ၄ ခွေ ထွက် ထားပြီးပြီ။ နောက် ထပ်ထွက်မယ့်အခွေကတော့ ၄ ခွေစာလျာထား ပြီးသား။ သီချင်းတွေလည်း အများကြီး ဝယ်ထားတယ်။ တီးထားတယ်။ မထုတ်ရသေးတာသာရှိတာ။ အချိန်လေးနည်းနည်း ကိုက်မယ့် အချိန်လေးကို စောင့်နေတာ” လို့ မနောက ပြောပါတယ်။ မိမိဖန်တီးထားတဲ့ အနုပညာကို ပရိသတ် ဆီချပြခွင့်ရတာကပဲ သူ့အတွက် အခွင့်အရေးတစ်ရပ်လို့ မနောက ခံယူထားပုံရပါတယ်။ သူကတော့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သီချင်းတွေ သီဆိုနေဦးမှာ ဖြစ်တဲ့အကြောင်းကို …

“ကျွန်တော် ပထမဦးဆုံးထွက် ရှိတဲ့အခွေလေးက လူသိပ်မသိတော့ ကျွန်တော်တို့ ဘယ်လိုဖန်တီးထားထား သဲထဲရေသွန် ပဲလေ။ ဒုတိယတစ်ခွေ ‘ချစ်တယ်’နဲ့ ‘ကမ်းစပ်ဒဏ္ဍာရီ’ လေးပေါက်လာတော့ ရှေ့သီချင်းတွေလည်း နားထောင် လာသလို နောက်ထပ်သီချင်းတွေလည်း ပရိသတ်တွေ မျှော်လင့်လာတယ်။ ကျွန်တော်တို့ ဖန်တီးထားတဲ့ အနုပညာတွေကို ချပြခွင့်ပေးတဲ့ ပရိသတ်ကြီးဟာ တကယ့်ကျေးဇူးရှင်ပါ။ ပေါက်ခြင်း၊ မပေါက်ခြင်း၊ ကြိုက်ခြင်း၊ မကြိုက်ခြင်းက ကျွန်တော်တို့ရဲ့ အားနည်း၊ အားသာချက်နဲ့ဆိုင်တယ်။ နောက်ထပ်လည်း အလတ် ဆတ်ဆုံးတွေ၊ သုတ၊ ရသတွေ ဖန်တီး နေဦးမှာပါ။ တိုက်ဆိုင်မှုရှိတယ်၊ ကြိုက်နှစ် သက်တယ်ဆိုလို့ ရှိရင်လည်း ဝေမျှပါဦး”လို့ မနောက ပြောပြခဲ့ ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071