Friday, November 15, 2024

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများကိုဆွေးနွေး

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများနှင့်ပတ်သက်၍ နစက ၏ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov...

မုန်တိုင်းမပြတ်ဖြစ်နေသော ဖိလစ်ပိုင်ကို စူပါတိုက်ဖွန်း ထပ်ဝင်မည်

စူပါတိုက်ဖွန်း အူဆာဂီ မဝင်ရောက်မီ နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့များတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများဆောင်ရွက်ရန် ဖိလစ်ပိုင်အာဏာပိုင်များက ကြာသပတေးနေ့(နိုဝင်ဘာ ၁၄) တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းမပြတ်ဖြစ်နေသော...

တာချီလိတ်မြို့တွင် ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ(၄)ဦးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ အမျိုးသား(၄)ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း...

ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ ၂ ထပ်လိုင်းခန်းမီးလောင်မှု တာချီလိတ်မြို့နယ်တွင်ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ ၂ ထပ်လိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း...
HomeCelebrities' Newsနေ့စဉ်ကြုံတွေ့နေတာက ယဉ်ကြောလမ်းပိတ် ...

နေ့စဉ်ကြုံတွေ့နေတာက ယဉ်ကြောလမ်းပိတ် ကားကျပ်တာ ပြ ဿနာ တွေပါ ဝင့်ယမုံလှိုင်

ybs

ဝင့်ယမုံလှိုင်က လက်ရှိရန်ကုန်မြို့ရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက် လို့ ပြည်သူလူထုအဓိက အားပြုနေရတဲ့ ယာဉ်လိုင်းတွေအပေါ် ဝင့်ယမုံလှိုင်ရဲ့ အမြင် နဲ့ အကြံပြုစကားကို ပေါ်ပြူလာပရိသတ်တို့အတွက် အဓိကထား ရည်ညွှန်း ပြောဆိုရာမှာ “အရင်ကထက်စာရင် အများကြီး တိုးတက်လာတယ်။ အများကြီး ပြောင်းလဲလာပါတယ်။ အဲဒီပေါ်မှာ ခရီးသွားပြည်သူတွေအတွက်လည်း ပိုပြီးတော့ သွားလာလှုပ်ရှားဖို့ လွယ်ကူလာတယ်။ ကားအသစ်တွေပေါ်လာတဲ့ အပေါ်မှာလည်း အရင်ထက် သက်သောင့်သက်သာ စီးလာရတဲ့အတွက် ကောင်းတဲ့အချက်လို့ မြင် ပါတယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ့်ပြည်သူလူထုတွေအတွက်တော့ အကောင်းဆုံး ဖြစ်စေချင်တယ်။ ချက်ချင်းကြီးပြောင်းလဲသွားဖို့တော့ မဖြစ်နိုင်သေးပါဘူး။ စည်းကမ်းမဲ့ မောင်းတာတွေ၊ မဆင်မခြင်မောင်းတာတွေကြောင့်ဖြစ်တဲ့ ပြဿနာတွေက ရှိတော့ရှိနေဆဲ။ ဒါပေမဲ့ အရင်ထက်စာရင် လျော့ကျ သွားတယ်။ အများကြီး ပြောင်းလဲလာပါတယ်”လို့ ပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ ကားလမ်းပိတ်၊ ဘတ်စ်ကား ကျပ်တဲ့ ပြဿနာတွေရှိပေမယ့် အရင်ကထက် စည်းကမ်းမဲ့မောင်းနှင် တာတွေလျော့သွားတယ်လို့လည်း ဝင့်ယမုံလှိုင်က ပြောပါ တယ်။

“နေ့စဉ်ကြုံတွေ့နေတာက ယဉ်ကြောလမ်းပိတ် ကားကျပ်တဲ့ပြဿနာတွေပါ။ ရုံးတက်၊ ရုံးဆင်းချိန်ဆိုရင် ကားများတဲ့နေရာဆိုတော့ သွားလာရခက်ခဲတာ အဓိက ပြဿနာတစ်ခုပါပဲ။ အခုနောက်ပိုင်း ယမုံမြင်တာက အရင် ကားကျပ်တာနဲ့၊ အခုကားကျပ်တာနဲ့ မတူသလို ခံစား ရတယ်။ ကားတွေစပြီး သွင်းတဲ့အချိန်ဆို ကားတွေများ လာတော့ စည်းကမ်းတကျ မဟုတ်ဘဲ တစ်ဖက်ယာဉ်ကြော ကိုကျော်ပြီး မောင်းတာတွေ အများကြီးရှိတယ်။ အဲဒါကြောင့် လည်း ကားကျပ်တာ အများကြီးရှိခဲ့တယ်။ အခုနောက်ပိုင်းက တော်တော်လည်း ပြောင်းလဲလာပြီ။ အဲဒီလိုမျိုးဖြစ်တာတွေ လုံးဝ မတွေ့ရတော့ဘူး။ ကားကျပ်တယ်ဆိုရင်တောင်မှ မီးပွိုင့်ကြောင့် မို့လို့ပဲ ကြုံရတော့တယ်။ အရင်လိုမျိုး စည်းမဲ့ကမ်းမဲ့ ကျော်မောင်း တာတွေ၊ ခွမောင်းတာတွေ လုံးဝမတွေ့ရတော့ဘူး။ အဲဒီလိုကိစ္စတွေ နည်းသွားတယ်။ ကားကျပ်တာက နေ့စဉ်နေ့တိုင်းကြုံရတဲ့ ပြဿနာ တစ်ခုဆိုတော့ ဒါကိုတော့ လက်ခံပေးလို့ ရပါတယ်”လို့ ပြောပါ တယ်။

တွယ်တာ

 

Get notified whenever we post something new!

spot_img

Create a website from scratch

Just drag and drop elements in a page to get started with Newspaper Theme.

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Enjoy exclusive access to all of our content

Get an online subscription and you can unlock any article you come across.