ဒါတွေဟာ ” အောင်ပင်လယ်လိဂ်” ထဲက စောဘရန်ဘောတို့ရဲ့ “ဘောတွင်းပြက်လုံး” တွေပါ။
(၁)
ဥရောပနိုင်ငံများမှ ဘောလုံးသမားတွေဟာ အမြတ်ခွန် အများဆုံးပေးဆောင်ကြရသူများဖြစ်တယ်။ လန်ဒန်မြို့ရဲ့အမြတ်ခွန်ရုံးခန်းထဲကို အာရှလက်ရွေးစဉ် ဘောလုံးသမားလေး “စောဘရန်ဘော” တစ်ယောက်ဝင်ရောက်လာပြီး ဟို ကြည့်ဒီကြည့်လုပ်နေတယ်။ အမြတ်ခွန်အရာရှိကသူ့ကို “ကျွန်တော်ဘာများ ကူညီရမလဲခင်ဗျ”လို့ မေးတော့ စောဘရန်ဘောက “ဘာမှ အကူအညီ မလိုပါဘူးဗျာ၊ တစ်လတစ်လ ကျွန်တော်ရှာပေးတဲ့ ပိုက်ဆံတွေ အများကြီး၊ ဘယ်သူတွေကများ ယူနေသလဲ လာကြည့်တာပါဗျလို့…”
(၂)
ဘောလုံးသမားတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ ဧည့်ကြိုအန်တီ မမတစ်ဦးက ဘောလုံးပုံပေါက်နေ သော စောဘရန်ဘောကို ” ယူက ဒီနေ့ဆောင်မယ့် မင်္ဂလာသတို့သာလား…”လို့ မေးတယ်။ အမေးခံရသူ စောဘရန် ဘောကလည်း ” မဟုတ်ရပါဘူး အန်တီမမရယ်၊ သားကအချစ်ဘောပွဲမှာ နှစ် ဝါတစ်နီ နဲ့ အထုတ်ခံထားရသူပါ”
(၃)
အောင်ပင်လယ်မှာ ဘောလုံးကန်စရာ ကွင်းမရှိလို့ စောဘရန်ဘောနဲ့ သူ့သူငယ်ချင်းတစ်ယောက်ဟာ ဘောလုံးကွင်းလုပ်ဖို့ နေရာ အရှာထွက်ခဲ့ကြတယ်။ သူတို့ ဂြိုလ် နက္ခတ်တာရာပြခန်းတစ်ခုကို ရောက် သွားတယ်။ ဒါနဲ့ အဲဒီမှာရှိတဲ့ အား အလွန်ကောင်းတဲ့ ဧရာမ မှန်ပြောင်းကြီးနဲ့ ဘောလုံးကွင်းလုပ် လို့ကောင်းမယ့်နေရာ ကို စောဘရန် ဘောကိုယ်တိုင် ရှာကြည့်ပါတယ်။ မှန်ဘီလူးထဲမှာ လမျက်နှာပြင်ကို အနီးကပ်ထင်ထင်ရှားရှား မြင်နေရတယ်။ စိတ်ဓာတ်လည်း ကျသွားတယ်။ “သေချာတယ်သူငယ်ချင်းရေ ဒီနေရာမှာ အိမ်ကွင်းရော အဝေးကွင်းရော ကစားလို့ ဖြစ်မယ် မထင်ပါဘူးကွာ”
(၄)
ဘောလုံးကွင်းကပြန်လာတဲ့ စောဘရန်ဘောကို လက်ဖက်ရည်ဆိုင်မှာတွေ့တဲ့ သူငယ်ချင်းက အခုလို အပြစ်ပြောတယ်။” မင်းတို့ဘောလုံးသင်းက အကောင်တွေ တကယ်ညံ့တယ်ကွာ၊ မိနစ်၉ဝလုံးလုံးဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို တစ်ဂိုးမှ ဝင်အောင် မသွင်းနိုင်တာ အံ့သြတယ်။ မင်းတို့ ဘာလုပ်နေကြသလဲ” ဒါကို စောဘရန်ဘောက အေးအေးဆေးဆေးပဲ ပြန်ပြောတယ်။ “အော် မင်းကဂိုးသမားမရှိတဲ့ ဂိုးပေါက်ပဲမြင်တာကိုး …။ တို့ နှစ်သင်းပေါင်းမှ ဘောလုံးတစ်လုံးတောင်မရှိတာကိုတော့ မင်းမြင်ပဲကိုး”
(၅)
စောဘရန်ဘောဟာ သူ့အိမ်ရှေ့မှာ နေလှမ်းထားတဲ့ ဘောကန် ဖိနပ်ပျောက် ဆုံးသွားတာနဲ့ ပတ်သက်ပြီး ခွေးမွေးထားတဲ့ အိမ်နီးချင်းအိမ်ကိုသွားစုံ စမ်းပါတယ်။” လူကြီးမင်းအိမ်မှာ မွေးထားတဲ့ ခွေးလေးက ကျွန်တော့် ဘောလုံးကန် ဖိနပ်ကိုဆွဲသွားတယ်ခင်ဗျ …” ဒီတော့အိမ်ရှင်က “မင်းအတော်အဓိပ္ပာယ်မဲ့တဲ့ အတွေးတွေ တွေးတတ်သားပဲ။ ငါ့ခွေးက ဘောလုံးကန်ရင် ဖိနပ်စီး လေ့မရှိဘူးကွ” စောဘရန်ဘော “ဂိန်” သွား၏။
(၆)
စောဘရန်ဘောတို့ မူလတန်း ကျောင်းတုန်းက ဘောပွဲလေး ပြန်သတိရမိတယ်။ ဒေါ်သက်ရှည် မူလတန်းကျောင်းနဲ့ ဆရာပုမူလ တန်းကျောင်း ဘောလုံးအသင်း နှစ်ပတ်လည်ကန်တဲ့ပွဲပါ။ စောဘရန် ဘောက ဆရာမကြီး ဒေါ်သက်ရှည် မူတန်းကျောင်း ဘောလုံးအသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူးပေါ့။ မန္တလေး က ဘုရားကြီး ၄၅တာ ကွင်းမှာ ကစားကြတာ။ အဲဒီနေ့က ဘောလုံး ပွဲပြီးလို့ အိမ်ပြန်လာတဲ့အခါ အမေက ဘောလုံးပွဲအခြေအနေကို သူ့သား စောဘရန်ဘောကို မေးပါ တယ်။ အိမ်နီးချင်းလည်းဖြစ်၊ သူငယ်ချင်း လည်းဖြစ်တဲ့ ဖိုးကောက်က ဆရာ့ ကျောင်းက ကျောင်းသားလေ။ အဲဒီတော့ ဖိုးကောက်အမေနဲ့ စောဘရန်ဘောအမေတို့လည်း အပြိုင်။ စောဘရန်ဘောကလည်း သူ့အမေရဲ့အမေးကို ဒီလိုစဖြေတယ်။ စောဘရန်ဘော – “သားတို့အသင်းက ကောင်တွေ ကစားတာ အရင်ပွဲတွေထက် ပိုကောင်းလာတယ် အမေ” အမေ။ ။ ဒါဆို ဘာကြောင့် ရှုံးရတာလဲ။
စောဘရန်ဘော – ” ရှုံးရတာက ဂိုးသွင်းခွင့် နှစ်ကြိမ်ပဲရပြီး ကံဆိုးလို့ တစ်ဂိုးမှ မဝင်ခဲ့တာပါအမေ”အမေ – “အဲဒီနှစ်ဂိုးသာ ကံကောင်း ပြီး ဂိုးဝင်ခဲ့ရင် နိုင်မှာလား …”စောဘရန်ဘော – “မနိုင်ဘူးဗျ၊ ၃-၂ နဲ့ ရှုံးမှာ…”
(၇)
ဟုတ်ကဲ့ခင်ဗျ ဒါတွေဟာ ဘောလူပြက် စောဘရန်ဘောတို့နဲ့ အောင် ပင်လယ်လိဂ်ထဲက ဘောပြက်လုံး သို့မဟုတ် ဘောပြဿနာတွေပါ ခင်ဗျ။
စောဘရန်ငြိမ်း