Tuesday, February 18, 2025

မြို့တော်နူးဒေလီတွင် ပြင်းအား ၄ အဆင့်ရှိ...

အိန္ဒိယနိုင်ငံ၏ မြို့တော်နူးဒေလီတွင် ယနေ့(ဖေဖော်ဝါရီလ ၁၇) အရုဏ်မတက်မီ တစ်နာရီခန့်အလိုလောက်၌ မြို့စွန်တစ်နေရာကို ဗဟိုပြု၍ ပြင်းအား ၄ ဒဿမ ၀ အဆင့်ရှိ...

အမေရိက၌ မုန်တိုင်းများတိုက်ခတ်ပြီးရေကြီး၍လူ ၉ ဦးထက်မနည်း‌ေ-သ

ရှီကာဂို၊ဖေဖော်ဝါရီ ၁၆ ပြင်းထန်သည့်ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော ရေလွှမ်းမိုးမှုနှင့်မုန်တိုင်းများက အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းဒေသများကို ထိခိုက် ပျက်စီး စေခဲ့ကြောင်းသိရသည်။ အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် ကန်တပ်ကီပြည်နယ်မှ ‌ေ-သဆုံးသူရှစ်ဦးအပါအဝင် ကိုးဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းလည်းပြောကြားခဲ့သည်။ မုန်တိုင်းစတင်တိုက်ခတ်သည့်စနေနေ့မှစ၍ ကယ်ဆယ်ရေးအဖွဲ့ဝင်...

တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို...

ကွယ်လွန်သူ တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို ခွင့်ပြုချက်မရှိဘဲ သီဆိုခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန် ဇနီးဖြစ်သူက နိုင်ငံပိုင်သတင်းစာများမှတဆင့် ဖေဖော်ဝါရီ (၁၇)ရက်တွင်...

မင်္ဂလာတောင်ညွန့်တွင် ယာဉ် (၄)စီး ဆင့်တို-က်ပြီး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်းပေါ် ယာဉ် (၄)စီးဆင့်တို-က်မိမှု ဖြစ်ပွားပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း...
HomeCelebrities' Newsမွေးနေ့တိုင်း အေးချမ်းအောင်မြင် အုတ်ခွက်ဘုရား...

မွေးနေ့တိုင်း အေးချမ်းအောင်မြင် အုတ်ခွက်ဘုရား ပင့်ဆောင် ပူဇော်တဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်က ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့တိုင်း ဗုဒ္ဓဂယာမှ ဆုတောင်းပြည့် အေးချမ်းအောင်မြင် အုတ်ခွက်ဘုရားကို ပင့်ဆောင်ပူဇော်တာ ၆ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ မွေးနေ့တိုင်းမှာ ထွေထွေထူးထူး မွေးနေ့အမှတ်တရ မလုပ်ဖြစ်တော့ဘဲ သံဃာတော်များကို ဆွမ်းဆက်ကပ်ခဲ့သလို ဘုရားစေတီ သွားရောက်ဖူး မြော်ပြီး ကုသိုလ်ကောင်းမှုတွေပဲ ပြုလုပ်လေ့ရှိပါတယ်။

“ဒီဘုရားကို စမပင့်ခင်ကတည်းက ဒီဘုရားကို ပင့်ချင်တယ်။ ဒီဘုရားရဲ့ မျက်နှာတော်ကို သေချာဖူးလိုက်ရင် အေးချမ်းပြီးတော့ ကြည်ညိုရတယ်။ ဘုရားက ကိုယ့်ကို အမြဲကြည့်ရှုစောင့်ရှောက်နေတယ်လို့ ခံစားရတယ်။ ပဋ္ဌာန်းရွတ်နေရင်းနဲ့ကို ဘုရားက ကိုယ့်ကိုကြည့်နေတယ်လို့ ခံစားရတယ်။ ဒါကြောင့် ဒီဘုရားကို နှစ်တိုင်းပင့်ဆောင်ဖြစ်တာပါ။ အမေ ကျန်းမာရေးကောင်းတဲ့အချိန်၊ အားလုံးဝိုင်းကူလုပ်တဲ့အချိန်ထိ ပင့်ဖို့စိတ်ကူးရှိပါတယ်” လို့ ပြောပါတယ်။ အေးချမ်းအောင် မြင်အုတ်ခွက်ဘုရားကို မွေးနေ့မတိုင်ခင်တစ်ရက်ကနေ မွေးနေ့ညနေပိုင်းထိ ပင့်ဆောင်ပူဇော်ခဲ့ပြီး မည်သူမဆို လာရောက်ဖူးမြော်နိုင်သလို လာရောက်ဖူးမြော် ကြတဲ့ ဘုရားဖူးလာ ပြည်သူများကို မုန့်ဟင်းခါး၊ ထောပတ် ထမင်းတို့ကို ကျွေးမွေးခဲ့ပါတယ်။ ဒီနှစ်ကတော့ စန္ဒီမြင့်လွင်ရဲ့ ၃၂ နှစ် ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ အသက် တစ်နှစ်ပိုပြီးကြီးလာတိုင်း ဘာသာရေးနဲ့ ပတ်သက်ပြီး အလှူအတန်းတွေပဲလုပ်ဖြစ်လာတဲ့ စန္ဒီမြင့်လွင်က –

“၂၆နှစ်လောက်က စပြီး ဘုရားအလှူတွေပဲ လုပ်ဖြစ်တယ်။ အဲဒီနောက်ပိုင်းက ပွဲတွေ၊ ပါတီတွေ မလုပ်ဖြစ်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဧည့်ခံတာတော့ ရှိတာပေါ့” လို့ ဆိုပါတယ်။ စန္ဒီမြင့်လွင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ဆီက မွေးနေ့လက်ဆောင်တော့ ရရှိပေမယ့် ခင်ပွန်းက ဘယ်သူ့ကိုမျှ မပြောပြခိုင်းဘူးလို့လည်း ဆိုပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့ ‘ပါပီ’သီချင်းကို အွန်လိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။ ဒီသီချင်းလေးက သီဆိုနေကျပုံစံနဲ့ ကွဲထွက် သွားပြီး တအားလည်း သဘောကျတယ်လို့ ဆိုပါတယ်။ စန္ဒီမြင့်လွင်ရဲ့ မွေးနေ့ပွဲကိုWe Love Sandi Myint Lwin အဖွဲ့လည်း လာရောက်ခဲ့ပြီး မွေးနေ့လက်ဆောင်များပေးကြသလို ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်လည်း ခွဲခဲ့ကြပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

မြို့တော်နူးဒေလီတွင် ပြင်းအား ၄ အဆင့်ရှိ ငလျင် လှုပ်ခတ်

အိန္ဒိယနိုင်ငံ၏ မြို့တော်နူးဒေလီတွင် ယနေ့(ဖေဖော်ဝါရီလ ၁၇) အရုဏ်မတက်မီ တစ်နာရီခန့်အလိုလောက်၌ မြို့စွန်တစ်နေရာကို ဗဟိုပြု၍ ပြင်းအား ၄ ဒဿမ ၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။ ငလျင်ကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုဖြစ်သည့် သတင်းများမကြားရသေးသော်လည်း အဆောက်အအုံများ လှုပ်ခါလာ၍ အထိတ်တလန့်ဖြစ်ခဲ့သော မြို့ခံများသည် အပြင်သို့ ထွက်ပြေးခဲ့ကြသည်။ ငလျင်သည် အနက် ၁၀ ကီလိုမီတာခန့်မှ လှုပ်ခတ်ခဲ့သော ဇောက်တိမ်‌ေသာ ငလျင်တစ်ခုဖြစ်သည်ဟု အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ဆိုသည်။ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ သတိပေးချက်များကိုလိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်ခြေရှိသည့်အတွက် သတိရှိကြရန်...

အမေရိက၌ မုန်တိုင်းများတိုက်ခတ်ပြီးရေကြီး၍လူ ၉ ဦးထက်မနည်း‌ေ-သ

ရှီကာဂို၊ဖေဖော်ဝါရီ ၁၆ ပြင်းထန်သည့်ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော ရေလွှမ်းမိုးမှုနှင့်မုန်တိုင်းများက အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းဒေသများကို ထိခိုက် ပျက်စီး စေခဲ့ကြောင်းသိရသည်။ အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် ကန်တပ်ကီပြည်နယ်မှ ‌ေ-သဆုံးသူရှစ်ဦးအပါအဝင် ကိုးဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းလည်းပြောကြားခဲ့သည်။ မုန်တိုင်းစတင်တိုက်ခတ်သည့်စနေနေ့မှစ၍ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁,၀၀၀ ဖြင့်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး အိမ်ခြေ ၃၉,၀၀၀ ခန့်လည်း လျှပ်စစ်မီးပြတ်တောက်နေကြောင်းသိရသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးကမူ ကြုံခဲ့ဖူးသမျှသဘာဝဘေးများအနက် ယခုတစ်ကြိမ်သည် အပြင်းထန်ဆုံးဖြစ်သည်ဟုလည်းပြောကြားခဲ့ပြီး ဒေသခံများကို နိုးကြားစွာ နေထိုင်ကြရန်သတိပေးထားသည်။ မုန်တိုင်းမကျမီကတည်းက အုပ်ချုပ်ရေးမှူးကပြည်နယ်အတွင်း အရေးပေါ်အခြေအနေကို ကြေငြာထားပြီး သမ္မတထရမ့်ပ်က သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကြိုးပမ်းမှုများအတွက် ၎င်း၏တောင်းဆိုမှုကိုအတည်ပြုပေးခဲ့သည်ဟုလည်းဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စု၏နေရာအများစုသည် ဆိုးရွားသော ဆောင်းရာသီဒဏ်ကိုခံနေရပြီး ဖလော်ရီဒါနှင့်ဂျော်ဂျီယာတို့၌ ပြင်းထန်သည့်မုန်တိုင်းများလည်းတိုက်ခတ်ခဲ့ကြောင်း နိုင်ငံ၏မိုးလေဝသဌာနကပြောကြားခဲ့သည်။ Source :...

တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုဖို့ ဇနီးဖြစ်သူ ကြေညာ

ကွယ်လွန်သူ တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို ခွင့်ပြုချက်မရှိဘဲ သီဆိုခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန် ဇနီးဖြစ်သူက နိုင်ငံပိုင်သတင်းစာများမှတဆင့် ဖေဖော်ဝါရီ (၁၇)ရက်တွင် အသိပေးကြေညာသည်။ တေးသံရှင် မာရဇ္ဇ၏ ရုပ်ပုံလွှာနှင့် တေးသီချင်းများကိုဖြစ်စေ၊ တစ်စိတ်တစ် ဒေသကို ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အသုံးမပြုရန် အသိပေးထားပြီး အသိပေးထားသည်ကို လိုက်နာခြင်းမရှိပါက ပြုလုပ်သူအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ဇနီးဖြစ်သူက ကြေညာထားခြင်း ဖြစ်သည်။ အဆိုတော် မာရဇ္ဇသည် ဇန်နဝါရီ (၂၃) ရက် ညပိုင်းက နာတာရှည်ကျောက်ကပ်ရောဂါဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071