Friday, April 11, 2025

ဗြိတိန်နှင့် ဂျပန်ဝန်ကြီးချုပ်များ ကုန်သွယ်ရေးစစ်ပွဲကိုဆန့်ကျင်ကြောင်းဆို

လန်ဒန်၊ဧပြီ ၁၀ ဗြိတိန်ဝန်ကြီးချုပ်ကဲစတာမာနှင့် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအိရှိဘတို့သည် ကြာသပတေးနေ့က စကားပြောခဲ့ကြပြီး ကုန်သွယ်ရေးစစ်ပွဲသည် မည်သူကိုမျှအကျိုးမပြုကြောင်း နှစ်ဖက်သဘောတူခဲ့ကြသည်ဟုသိရသည်။ အမေရိကန်ပြည်ထောင်စုဘက်က နိုင်ငံအများစုအပေါ် အခွန် ၁၀ ရာခိုင်နှုန်းတိုးသည့်အပြင်...

နူး‌ယော့ခ်မြို့မှာ ရဟတ်ယာဉ်ပျက်ကျလို့ လေယာဉ်ပေါ်ပါသူ ၆...

နူးယောခ့်မြို့ မန်ဟက်တန်ရှိ တိုင်အမှတ် ၄၀ အနီး၌ ဟဒ်ဆန်မြစ်ထဲသို့ ရဟတ်ယာဉ်တစ်စီးသည် ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူခြောက်ဦးစလုံး ‌ေ-သဆုံးခဲ့ကြောင်း နူး‌ယော့ခ်မြို့...

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ပေးလျော်ရမည့် ခန့်မှန်းလျော်ကြေးငွေကျပ်(၈၀)...

မြန်မာ့အာမခံ လုပ်ငန်းအနေဖြင့် ငလျင်ကြောင့် ပျက်စီးဆုံး ရှုံးခဲ့မှုများအတွက် ပေးလျော်ရမည့် ခန့်မှန်းလျော်ကြေးငွေကျပ်(၈၀) ဘီလီယံခန့်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်း၊ မီးအာမခံလျော်ကြေးဌာနမှ သိရသည်။ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် မြန်မာ့အာမခံ...

ဧပြီ (၁၁) ရက် တစ်မနက်တည်းတွင်...

ယနေ့ ဧပြီလ (၁၁)ရက် နံနက်ပိုင်းမှ နေ့လယ် (၁)နာရီဝန်းကျင်အချိန်ထိ အင်သားအသင့်အတင့်ရှိသော ၅ ရစ်ခ်ျတာစကေးအဆင့်ရှိ ငလျင်အပါအဝင် ငလျင် (၄) ကြိမ်ထက်မနည်း...
HomeCelebrities' Newsမြန်မာသံကို ခေတ်နဲ့ လျော်ညီအောင်...

မြန်မာသံကို ခေတ်နဲ့ လျော်ညီအောင် ဘယ်လိုဆန်းသစ်မလဲဆိုတာကို စဉ်းစားကြဖို့လိုပါပြီ ဗညားဟန်

BaNyar Han

မြန်မာသံတေးသံရှင် ဗညားဟန်ကတော့ လက်ရှိမှာ နယ်ပွဲတွေ ဆက်တိုက်ဆိုသလို သွားရောက်ဖျော်ဖြေနေရသော်လည်း အလုပ်တွေမအားလပ်တဲ့ ကြားထဲကနေပြီး စိတ်တူကိုယ်တူ မြန်မာသံချစ်သူများအဖွဲ့ဆိုတာကို ပေါ်ပေါက်တည်ထောင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်း ကနေပြီး ပါဝင်အားဖြည့်ကူညီပေးလျက်ရှိနေပါတယ်။

” အဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာသံတိုးတက်ရေး အတွက်ပဲ။ ပရိသတ်တွေ စိတ်ဝင်စားလာအောင် လုပ်ချင် တာက အဓိကပဲဖြစ်တယ်။ မြန်မာသံအင်အား နည်းတာ မှန်ပေမယ့် ရှိတဲ့အားလေးနဲ့ ပပျောက်မသွားအောင် ဘယ် လိုပရိုမိုးရှင်းတွေလုပ်မလဲဆိုတာကတော့ နံပါတ်တစ်ပါပဲ။ ကျွန်တော်တို့က ပရဟိတလုပ်နိုင်ဖို့အတွက် မြန်မာသံ တွေစုစည်းမယ်။ အဓိကကတော့ ပရိသတ်အပေါ်လည်း မူတည်ပါတယ်။ ကျွန်တော်တို့က ပရိသတ်စုရမယ့်သဘော ပေါ့။ ပရိသတ်ရှာဖွေတဲ့သဘောပေါ့’ လို့ ဗညားဟန်က ဆိုပါ တယ်။

ဗညားဟန်ကတော့ သူကိုယ်တိုင်သွားရောက်သီဆိုခဲ့တဲ့ နယ်ပွဲတွေမှာတော့ မြန်မာသံအခြေအနေဟာ တအားကောင်းတယ်။ အဆင်ပြေတယ်လို့ဆိုပါတယ်။” ကျွန်တော်ကတော့ ကျွန်တော့်ပရိသတ်နဲ့ ကျွန်တော် ရှိနေတယ်။ အဆင်ပြေနေတာပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အလှူပွဲ၊ မင်္ဂလာဆောင်ပွဲ အဆင်ပြေတယ်။ ရုံပွဲအဆင်မပြေဘူး။ အဆင်ပြေတဲ့ပွဲက အဆင်ပြေ တာရှိပေမယ့် အဆင်မပြေတဲ့ပွဲတွေလည်းရှိတယ်။ မြန်မာသံ ရေစီးအနေအထားက ကောင်းတာတော့ ကောင်းနေ တာပါပဲ။ ဥပမာ- တစ်ခုပြောရရင် မနော ဘာလို့ ပေါက်လဲ။ မနောတစ်နိုင်ငံလုံးမှာ ပေါက်နေတဲ့ ဗိုလ်အောင်ဒင်ဟာ မြန်မာသံပါပဲ။ ညနေနေရီနေရီဟာလည်း မြန်မာသံပါပဲ။ မနောပရိသတ် ဘယ်လောက်အထိရှိတယ်ဆိုတာ နယ်ရှိုးပွဲတွေကြည့်ရင် သိနိုင်ပါတယ်။ မြန်မာသံတွေဟာ အနေအထားကောင်းပါတယ်။ နောက်ပိုင်းမှာ အဲဒီလို ကြိုးစားကြဖို့လိုလာပြီ။ အသစ်အသစ်တွေ တင်ဆက်ရမယ်။ ပရိသတ်ကို မလိမ်နဲ့၊ မညာနဲ့။ အကောင်းဆုံးဖြစ်အောင်လုပ်ရင် ပရိသတ်က အကောင်းဆုံးပြန်တုံ့ ပြန်မှာပဲ။ အဓိကကတော့ ဖန်တီးတဲ့ ကျွန်တော်တို့ အပေါ်မှာ မူတည်ပါတယ်။ တစ်ခါလာလည်း မွဲပြာ ပုဆိုး၊ နောက်တစ်ခါလာလည်း မွဲပြာပုဆိုးပဲဆိုရင် ဘယ်သူကမှ လက်ခံမှာမဟုတ်တော့ဘူးလေ။ အဲဒီတော့ခေတ်ရေစီးမှာ ဘယ်လိုသွားကြမလဲ ဆိုတာကိုတော့ စဉ်းစားကြရမယ်။ အဲဒီလိုတော့ အကြံပြုချင်တယ်။ မြန်မာသံဆိုတဲ့သူ တစ်ယောက်အနေနဲ့ဒီလိုစကားမျိုး ပြောရတာ တော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ မြန်မာသံတော့ မြန်မာသံပဲ။ ပုံစံခွဲထွက်ပါ။ အသစ် အသစ်တွေ တွေးပါ။ ဘယ်လိုတင် ပြရင်ကောင်းမလဲဆိုတာကို တီထွင်ပါ။ တီးလုံးကအစ အသုံးပြုတဲ့ တူရိယာပစ္စည်းတွေအထိ ဘယ်လိုလုပ်ရင် ပရိသတ် အတွက် ဆန်းသစ်မှု ဖြစ်မလဲဆိုတာကို တီထွင်ပါ။ ဒီအတိုင်း တော့ မသွားကြပါနဲ့ပေါ့။ ဒီအတိုင်းသွားရင် ပရိသတ်က ရိုးသွားမှာပဲ။ အခုအချိန်မှာတော့ မြန်မာသံ တွေဟာ ပြောအားရှိလာပါပြီ” လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၉ရက်နေ့ကတော့ “ရင်ထဲကမိုးစက်တင်လေ’ ဆိုတဲ့ အယ်လ်ဘမ်ကို ဗညားဟန်က ဖြန့်ချိထားနိုင်ခဲ့ပြီး သီချင်းတွေကတော့ တေးသံရှင်လွှမ်းမိုး နာမည်ကျော်ခဲ့တဲ့ သီချင်း ၁၁ ပုဒ်ကို ပြန်လည်သီဆိုထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဗီစီဒီရိုက်ကူးဖို့ လုပ်နေပြီလို့လည်း ဆိုပါတယ်။ လက်ရှိမှာ တော့ နယ်ဘက်တွေက ဖိတ်ခေါ်ထားတဲ့ ပွဲတွေမှာ သွားရောက်သီဆိုလျက်ရှိ နေပါတယ်။

” ကျွန်တော်တို့ကြိုးစားနေကြတယ်ဆိုတာကို အလုပ်နဲ့ပဲ သက်သေ ပြနေပါတယ်။ ပရိသတ်အပေါ်မှာ ကျွန်တော်တို့ဟာ ဘယ်တော့မှ စေတနာမလျောပါဘူး။ မြန်မာသံ တွေ အားလုံးကိုလည်းခံစားနားဆင်စေချင်သလို မည်သည့် ဂီတအမျိုးအစားကိုမဆို တစ်ခုမဟုတ်တစ်ခုတော့ နား ထောင်ပေးနေကြပါလို့ပြောချင်တယ်။ ဂီတတွေသာ မရှိရင်လောကကြီးဟာ ပျင်းစရာကြီးပါ” လို့ ဗညားဟန်က မှတ်ချက်ပြု ပြောပြပေးခဲ့ပါတယ်။

ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071