‘နှလုံးသားရဲ့ဆုပန်ကလျာ’ ဒီဗီဒီကို အောက်တိုဘာလ ၂၃ရက်နေ့ မှာထွက်ရှိခဲ့တဲ့ ဝင်းလဲ့ချယ်ရီက မြန်မာသံအဆိုတော် တစ်ယောက်အနေနဲ့မြန်မာသံစဉ်ကို ချစ်မြတ်နိုးတဲ့စိတ်ကြောင့်ဒီအခွေကို အကောင်းဆုံးဖြစ်အောင်စီစဉ်ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်းပြောပါတယ်။
“တေးရေးရော၊ သံစဉ်ထည့်တဲ့ ဆရာရော၊ ဒါရိုက်တာရော၊ ဝင်းလဲ့ကိုယ်တိုင်ရော အကုန်လုံးကရော သီချင်းတစ်ပုဒ်စီတိုင်းကို အစွမ်းကုန်ကြိုးစားထားကြပါ တယ်။ ပရိသတ်ကို ပေးချင် တာကလည်း မြန်မာသံစဉ်တွေကပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။ မြန်မာသံစဉ်အနေနဲ့ ဒီလို လုပ်ပြလို့ရတယ်ဆိုတာ ပရိသတ်သိေ စချင်တဲ့ဆန္ဒလည်းပါပါတယ်။အကုန်လုံးကဒီ အခွေလေး စပြီးပြုလုပ်တဲ့အချိန်ကစပြီး အကောင်းဆုံးတွေချည်းပဲချပြချင်တဲ့ဆန္ဒနဲ့ပါ” လို့ဝင်းလဲ့ချယ်ရီကဆိုပါတယ်။ ဝင်းလဲ့ချယ်ရီက ‘ဓာတုကလျာ’၊ ‘လောကကြီးကိုခါး စောင်းတင်မယ့်လူသား’ စတဲ့တေးစီးရီးခွေနှစ်ခွေကိုလည်းရှေ့မှာထွက်ရှိထားပြီးဖြစ်တဲ့ မြန်မာသံအဆိုတော် တစ်ဦးဖြစ်ပါတယ်။ ဝင်းလဲ့ချယ်ရီကို အရင်တေးစီးရီးခွေတွေ ထွက်တုန်းကဆံပင်အရှည်ကြီးနဲ့တွေ့ရပေမယ့် အခုစီးရီးခွေမှာတော့ ဆံပင်ပုံစံတိုသွား တာ တွေ့ရတဲ့အတွက် အဲဒီအကြောင်းကိုလည်း မေးဖြစ်တဲ့အခါ “အစ်မ ဆံပင်က ရိုက်ကူး ရေးတွေလုပ်တုန်းကလည်းချေရတာများတယ်။
အဲဒီတော့မကောင်းတော့ဘူး။ တအား လည်း ကျွတ်တယ်။ အဲဒါနဲ့မကောင်းတာတွေကိုညှပ်ထုတ်ပစ်လိုက်တဲ့ သဘောပါ။ အစီအစဉ်တစ်ခုရှိလို့ ပြောင်းလိုက်တဲ့ သဘောမဟုတ်ပါဘူး” လို့ သူကပြောပါတယ်။
ဝင်းလဲ့ချယ်ရီရဲ့ ‘နှလုံးသားရဲ့ဆုပန်ကလျာ’ တေးစီးရီးမှာတော့ နာမည်ကြီးသရုပ် ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပြီး ‘နှလုံးသားရဲ့ဆုပန်ကလျာ’ တေး သီချင်း ဒီဗီဒီနဲ့ပတ်သက်ပြီးလည်း ဂီတအနုပညာခံစားသုံးသပ်တင်ပြပြိုင်ပွဲကိုလည်းထည့် သွင်းထားတာ တွေ့ရပါတယ်။ ဝင်းလဲ့ချယ်ရီရဲ့ နောက်ထပ် အနု ပညာခြေလှမ်း တစ်ခုကတော့ ‘နှလုံးသားရဲ့ဆုပန်ကလျာ’ ပြီးတဲ့နောက် ‘နှလုံးသားရဲ့သခင်’တေး စီးရီးကိုလည်း ထွက်ဖို့ရှိကြောင်းပြောပြခဲ့ပါတယ်။ မြန်မာသံ အဆိုတော်တစ်ယောက်ရဲ့ ရင်ထဲကဆန္ဒကို လည်းသူမက “မြန်မာသံစဉ်ဆိုတာ မြန်မာနိုင်ငံမှာ မရှိမဖြစ်ရှိသင့်တဲ့ ဂီတတစ်ခုပါ။ ဘယ်လိုတေး ဂီတ အမျိုးအစားေ တွပဲပေါ်လာပေါ်လာ မြန်မာတိုင်းရဲ့ရင်မှာမမေ့သင့်တဲ့ အရာလို့ထင်ပါတယ်။ ဝင်းလဲ့ကတော့ ဆက်လက်ပြီးတော့လည်း မြန်မာသံစဉ်တွေပဲသီဆိုသွားမှာပါ။ မြန်မာသံစဉ်ဘက်ကနေရပ်တည်သွားဖို့ပဲရှိပါ တယ်”လို့ပြောပြခဲ့ပါတယ်။
မျိုးမောင်