Saturday, November 30, 2024

သံဇကာကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်မည့် 3MA Amateur-6...

သံဇကာကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်မည့် 3MA Amateur-6 ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ (၂၂ )ရက်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြိုနယ်အတွင်း ANS လက်ဝှေ့အား...

နျူကလီးယားပဋိပက္ခများနှင့် ရင်ဆိုင်နေရသော ယူကရိန်းသို့ လက်နက်များ...

ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးနေသည့် ဗြိတိန်၏မူဝါဒသည် နျူကလီးယားအင်အားကြီးများနှင့် ထိပ်တိုက်တိုးမိနိုင်သည့် အန္တရာယ်နှင့် ပြည့်နှက်နေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် Andrey Kelin က...

ပြည်တွင်းထုတ်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး...

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ နိုဝင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိစဉ် ပြည်တွင်းထုတ်...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးကို အဓိကဖြေရှင်းဆောင်ရွက်ပေးရမည်ဟု နစက...

လှိုင်သာယာမြို့နယ်သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသူ အများအပြားနေ ထိုင်ကြသည်ဖြစ်သဖြင့် ရေစီးရေလာကောင်းမွန်ရေးကို အဓိကဖြေရှင်းဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ နစက...
HomeNewsLocal News(၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သံဃာတော်(၂၆၄)...

(၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သံဃာတော်(၂၆၄) ပါးဝင်ရောက်ဖြေဆိုတော်မူမည်

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပသည့် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သံဃာတော်(၂၆၄)ပါးဝင်ရောက်ဖြေဆိုတော်မူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သီးခြားစာ ချတန်းတွင် (၄၁)ပါး၊ သီးခြားစာသင်တန်းတွင် (၂၂၃)ပါး(စုစုပေါင်း ၂၆၄ ပါး)ဝင်ရောက်ဖြေဆိုတော်မူမည်ဖြစ်သည်။

(၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ရွှေတိဂုံစေတီတော်၌ ကျင်းပသွားမည်ဖြစ်သည်။

ထိုသို့ စာလျှောက်မေးပွဲကျင်းပနေချိန်၌ ၂၀၂၄- ၂၀၂၅ ခုနှစ် ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများဖြစ်သည့် ရွှေပြားသင်္ကန်းတော်များကပ်လှူပူဇော်ခြင်းအား ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်မှစတင်၍ သတ်မှတ်အစီအစဥ်များအတိုင်း ပြန်လည်ကပ်လှူပူဇော်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံဇကာကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်မည့် 3MA Amateur-6 ပြိုင်ပွဲ ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပမည်

သံဇကာကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်မည့် 3MA Amateur-6 ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ (၂၂ )ရက်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြိုနယ်အတွင်း ANS လက်ဝှေ့အား ကစားရုံအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲအတွင်း Boxing တွဲဆိုင်း (၅) ဆိုင်း၊ Kick Boxing တွဲဆိုင်း (၆) ဆိုင်း နှင့် MMA တွဲဆိုင်း (၄) ဆိုင်း စုစုပေါင်း တွဲဆိုင်း (၁၅) တွဲ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။ ပွဲစဉ်အားလုံးအတွက် အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ကာ ကစားနည်းတစ်မျိုးစီတိုင်းတွင်...

နျူကလီးယားပဋိပက္ခများနှင့် ရင်ဆိုင်နေရသော ယူကရိန်းသို့ လက်နက်များ ဗြိတိန် ဆက်လက် ထောက်ပံ့နေ

ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးနေသည့် ဗြိတိန်၏မူဝါဒသည် နျူကလီးယားအင်အားကြီးများနှင့် ထိပ်တိုက်တိုးမိနိုင်သည့် အန္တရာယ်နှင့် ပြည့်နှက်နေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် Andrey Kelin က ပြောကြားခဲ့သည်။ "လွန်ခဲ့တဲ့ ရက်သတ္တပတ်များစွာက Storm Shadows ဒုံးကျည်နောက်ထပ်အသုတ်တွေ ကို ပို့ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ သူတို့ တွေက ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်မှုအတွက် ဒီဒုံးကျည်တွေ ယူကရိန်းကို အသုံးပြုခွင့်ပေးထားတယ်လို့ ယူကရိန်းက ရှင်းရှင်းလင်းလင်းပြောထားပေမယ့်၊ အမှန်ကတော့ Kursk ဒေသကို လုပ်ကြံဖို့ ဖြစ်ပါတယ်” ဟု Rossiya-24 ရုပ်သံလိုင်းနှင့်...

ပြည်တွင်းထုတ်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ နိုဝင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိစဉ် ပြည်တွင်းထုတ် တာယာများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံမှာကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဆိုင်ကယ်စီးရေ(၅)သန်းခန့်ရှိပြီး ပြည်တွင်းတာယာလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် အမြတ်ကိုအဓိကမထားဘဲ အရေအတွက် များများဖြင့် အရည်အသွေးပြည့်မီစွာရောင်းချပေးနိုင်ရေးဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထို့ပြင် တာယာစက်ရုံ(ရွာမ)မှ ထုတ်လုပ်သည့် ဆိုင်ကယ်တာယာများအပြင် အခြားပြည်တွင်းမှထုတ်လုပ်သည့် ဆိုင်ကယ်တာယာများ ဈေးကွက်ရရှိရေးကိုလည်း ဆောင်ရွက်ပေးရမည်ဟု ပြောသည်။ ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းနေရ၍ နိုင်ငံခြားငွေများကုန်ကျနေရပြီး ပြည်သူများအနေဖြင့်လည်း ဈေးနှုန်းကြီးမြင့်စွာဝယ်ယူသုံးစွဲနေရခြင်းကြောင့် ပြည်တွင်းမှထုတ်လုပ်သည့်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071