စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား အရေးယူဆောင်ရွက်မှုများကြောင့် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းလာကြောင်း YRTC မှ သိရသည်
YBS ယာဉ်မတော်တဆမှုများနှင့် ယင်းမတော်တဆမှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ လျော့နည်းလာစေရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ နေ့စဉ် လှည့်လည်စစ်ဆေးပြီး စည်းကမ်းမဲ့ YBS ယာဉ်မောင်းများအား အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း YBS ယာဉ်မတော်တဆမှုများကြောင့် ေ-သဆုံး၊ ဒဏ်ရာရရှိမှုများသည် ၂၀၂၃ ခုနှစ်ထက် လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်က YBS ယာဉ်များ ဘေးတံခါးဖွင့်မောင်းနှင်မှုကြောင့် ယာဉ်ပေါ်မှ ပြုတ်ကျပြီး ေ-သဆုံးသူ(၆)ဦးနှင့် ဒဏ်ရာရရှိသူ(၈)ဦး ရှိခဲ့ကာ ၂၀၂၄ ခုနှစ်တွင် YRTC မှ ဘေးတံခါးဖွင့်မောင်းနှင်သော YBS ယာဉ်များကို အရေးယူခဲ့သည့် အတွက် ယာဉ်ပေါ်မှပြုတ်ကျ၍ ေ-သဆုံးသူ(၂)ဦးနှင့် ဒဏ်ရာရရှိသူ (၂)ဦးသာရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ယာဉ်တစ်စီးနှင့်တစ်စီးကျော်တတ် မောင်းနှင်သော YBS ယာဉ်များကြောင့် ၂၀၂၃ ခုနှစ်တွင် လမ်းဖြတ်ကူးသူအား တိုက်မိသဖြင့် ေ-သဆုံးသူ (၁၃) ဦးနှင့် ဒဏ်ရာရရှိသူ (၁၉) ဦးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ေ-သဆုံးသူ (၁၂) ဦးနှင့် ဒဏ်ရာရရှိသူ (၉)ဦးသာ ရှိခဲ့ကြောင်း သိရသည်။