၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှစ တင်၍ ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်များကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဘေးရှောင်သူဦးရေ ခုနှစ်သိန်းခွဲကျော်ရှိဟု UN OCHA ထုတ်ပြန်
မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှစတင်၍ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေမှာ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် လူဦးရေ ၇၅၈၀၀၀ သိန်းရှိပြီဖြစ်ကြောင်း UN OCHA Myanmar မှထုတ်ပြန်ခဲ့သည်။
အဆိုပါ လူဦးရေစာရင်းသည် ဇွန် ၂၇ ရက်နေ့အ ထိ ကုလသမဂ္ဂကိန်းဂဏန်းများအရ သိရှိရခြင်းဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခများနှင့်မလုံခြုံမှုများကြောင့် နေအိမ်များအားစွန့်ခွာ၍ စစ်ဘေးရှောင်နေရသူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌လည်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့်အရှေ့တောင်ပိုင်းတို့ အပါအဝင် တိုင်းနှင့်ပြည်နယ်အများအ ပြား၌ တိုက်ပွဲများပြင်းထန်စွာဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ပဲခူးတိုင်း(အရှေ့ပိုင်း)၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာမှ လူဦးရ ၅၄၀၀ ကျော် သည် နေအိမ်များအားစွန့်ခွာ၍ တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ်ရှိ ဒေသခံ ၃၀၀၀ ကျော်မှာလည်း ဇွန်လလယ်မှစတင်ကာ အနီးပတ်ဝန်းကျင်ရှိ သစ်တောများနှင့်ဘေးကင်းလုံခြုံသည့် ဒေသများသို့တိမ်းရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ရေးသားထားသည်။
ထို့ပြင် ကယားပြည်နယ်၌ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ ကျော်သည် လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့နယ်များရှိ ၎င်းတို့ရဲ့နေရပ်များသို့ပြန် လည်ရောက်ရှိနေသည်ဟု UN OCHA Myanmar မှထုတ်ပြန်ခဲ့သည်။
UN OCHA Myanmar ၏ထုတ်ပြန်ချက်အရ မြန် မာနိုင်ငံ၌ စစ်ဘေးရှောင်ဦးရေ ၇၅၈၀၀၀ သိန်းအ ပါအဝင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သန်းကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။
Photo-KRC , CJ