ဖေဖော်ဝါရီလ (၃) ရက် ညပိုင်းတွင် နေပြည်တော်ရှိ MICC (1)၌ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။
၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကား(၃၅)ကား အနက်မှ ဆန်ကာတင် ဇာတ်ကား (၁၂) ကားကို ရုပ်ရှင်ထူး ချွန်ဆု ရွေးချယ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်ထားပြီး ယင်းဇာ တ်ကားများထဲမှ ထူးချွန်ဆုရရှိသူများကို ဖေဖေါ်ဝါရီ (၃) ရ က် ညပိုင်းတွင် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ရရှိနိုင်သူများအနေဖြင့် လတ်တလော ရေပန်းစားနေသူများထဲတွင် အကယ်ဒမီရန်အောင်၊ အကယ်ဒမီ နေတိုး ၊ အက ယ်ဒမီလူမင်း၊ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ ရွှေထူးတို့ ပါဝင်နေသလို နိုင်နိုင်း၊ နက္ခတ်၊ ပိုင်တံခွန် ၊ နေဝင်း၊ ရဲရင့်အောင် ၊ ကျော်ထက်အောင်တို့လည်း ရေပန်းစားလျက်ရှိသ ည်။
ယခုချီးမြှင့်မည့် အကယ်ဒမီ ရွှေစင်ရုပ်တုတွင် တပ်ဆင်မည့် ရွှေကြယ်များနှင့် အကယ်ဒမီပေးပွဲ တက်ရောက်လာမည့် အ ကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွှေစ င်ရုပ်တုရင်ထိုးတံဆိပ်များ ပေးအပ်နိုင်ရေးအတွက် လိုအပ်သည့် ရွှေများကို နိုင်ငံတော်က အကုန်ကျခံပေးသွားမည်ဖြ စ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှတဆင့် သိရသည်။
လက်ရှိတွင် မြန်မာ့ရုပ်ရှင်ဆု အကယ်ဒမီ ဆုချီးမြှင့်ပွဲ အခလမ်းအနားအတွက် ရွှေကြိုမောင်မယ် အမျိုးသား (၁၃) ဦးနှင့် အမျိုးသမီး(၁၃)ဦးကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ ရွေးချယ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
ယခုနှစ်၏ ထူးခြားမှုအနေဖြင့် ရွှေကြိုများကို ရွေးချယ်ခြင်းအပြင် ရုပ်ရှင်အနာဂတ်အတွက် သရုပ်ဆောင်များကို မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရွှေကြိုရွေးချယ်ရေးအဖွဲ့၊ ရုပ်ရှင်ထုတ်လုပ်ရေးများနှင့် ရုပ်သံလိုင်းများက သရုပ်ဆောင် (၄၃) ဦးကိုလည်း ရွေးချယ်ထားကြောင်း သိရသည်။
လက်ရှိတွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည့် အနုပညာရှင် ၊ တတ်ပညာရှင်အချို့နှင့် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်ကြောင်းလ ည်း စုံစမ်းသိရသည်။