နာမည်ကျော်များ၊ ဒီဇိုင်နာများနှင့် ထိပ်တန်းမီဒီယာများ၏အမှုဆောင်များစုစည်းကျင်းပသည့် Met Gala ကို ယခုနှစ်တွင်လည်းကျင်းပခဲ့သည်။
အဆိုပါနှစ်စဉ်ရန်ပုံငွေရှာသည့်အထူးသီးသန့် Met Gala ကို
Vogue မဂ္ဂဇင်း၏အယ်ဒီတာချုပ် Anna Wintour က မေလ ၂ရက်နေ့ကနယူးယောက်တွင် စီစဉ်ကျင်းပခြင်းဖြစ်သည်။
ယခုနှစ်Met Gala 2023 ဆောင်ပုဒ်သည် အယူအဆတစ်ခုပေါ်အခြေခံခြင်းမဟုတ်ဘဲကွယ်လွန်သွားပြီဖြစ်သော နာမည်ကျော်ဒီဇိုင်နာဖြစ်သည့်- “Karl Lagerfeld: A Line of Beauty” ကို ဂုဏ်ပြုခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သောအသက် ၈၅နှစ်အရွယ် Karl Lagerfeld ၏ အငွေ့အသက်များအား ယခုနှစ်ကာလတွင်ရူစားကြည့်ရန်တင်ဆက်လိုက်ပါသည်။