၂၀၂၅ ခုနှစ် (၃၃)ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲအတွင်း အသက်ကန့်သတ်သွားမည်ဟု ထိုင်းဘောလုံးအဖွဲ့ချုပ်က ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။
ပြိုင်ပွဲအတွင်း ယူ-၂၂ ကစားသမားများသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကာ ၂၀၀၃ ခုနှစ်နှင့် နောက်ပိုင်းမွေးဖွားသည့်ကစားသမားများကို ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
ထိုသို့ အသက်ကန့်သတ်ရခြင်းမှာ ထိုင်းဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၂၆ ယူ- ၂၃ အာရှဖလားဝင်ရောက် ယှဉ်ပြိုင်မည့် ထိုင်းမျိုးဆက်သစ်ကစားသမားများအတွက် အခွင့်အလမ်းနှင့် အတွေ့အကြုံကောင်းများ ပိုရရှိနိုင်ရန်ရည်ရွယ်ပြီး ဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။
၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ -၂၃ အသင်းအနေဖြင့်ဖြင့်လည်း ထိုင်းနိုင်ငံကို သွားရောက်နေထိုင်လေ့ကျင့်ပြင်ဆင်ရန်လည်း စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။
(၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ (၉) ရက်မှ (၂၀) ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချောင်ဘူရီ နှင့် ဆောင်ခလာမြို့၌ ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲကို ခုနစ်ကြိမ်မြောက် ကျင်းပခွင့်ရရှိခဲ့ခြင်းလည်းဖြစ်သည်။