၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ၊ ရွှေပြည်သာအားကစားကွင်းတွင်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂတိုင်းရင်းသားများ၏ အကပဒေသာများ၊ ဌာနဆိုင်ရာများ၏ ပြခန်း(၇)ခန်း၊ ပွဲတော်အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၊ နာဂရိုးရာမီးပုံပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်မတိုင်မီ ဆောင်ရွက်ထားရှိမှုအခြေအနေအား စစ်ကိုင်းတိုင်းဒေသကြီးအဆင့် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဒေသအဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွဲတော်အတွင်း မုခ်ဦးတည်ဆောက်ထားရှိမှု၊ ဘင်ခရာနှင့် ပန်းပွားအဖွဲ့များ၏ လေ့ကျင့်နေမှု၊ နာဂရိုးရာတိုင်းရင်းသားများ၏ အကလေ့ကျင့်နေမှု၊ ရိုးရာပန်တုံးတီးခေါက်မည့်အစီအစဉ်၊ ဌာနဆိုင်ရာ ပြခန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။