၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်း အုပ်စု (E)၌ အိမ်ကွင်း(၃)ပွဲ အဝေးကွင်း (၃) ပွဲ နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းအနေဖြင့် အဆိုပါ အုပ်စုပွဲစဉ်များကို လာမည့် ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းနှင့်အတူ အုပ်စု(E)၌ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် အသင်းတို့ ကျရောက်နေသည်။
ပွဲစဉ်များအနေဖြင့် မြန်မာ့အသင်းသည် ၂၀၂၅ ခုနှစ်မတ်လ (၂၅)ရက်၌ အာဖဂန်နစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန်(၁၀) ရက်တွင် ပါကစ္စတန်အသင်းနှင့် အဝေးကွင်း၊အောက်တိုဘာ (၉)ရက်မှာ ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊အောက်တိုဘာ (၁၄)ရက်တွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ (၁၈)ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် အဝေးကွင်း၊ ၂၀ ၂၆ ခုနှစ်၊ မတ်(၃၁)ရက်တွင် ပါကစ္စတန်အသင်းဖြင့် အိမ်ကွင်း စသည်ဖြင့်အသီးသီး ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
အာရှဖလား တတိယအဆင့် ခြေစစ်ပွဲစဥ်များကို တစ်အုပ်စုလျှင် (၄)သင်းဖြင့် (၆)အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုတစ်ခုစီ၏ ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း သိရသည်။