ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့လည်ပိုင်းက တွံတေးတံတားအဆင်း သံဖြူရုံကျေးရွာအနီးရှိ ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်း၏ ဓာတ်အားလိုင်းတိုင်အချို့ ယိမ်းယိုင်ပြိုလဲကျမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စီမံကိန်းမန်နေဂျာ(၁)ရုံး(ရန်ကုန်)၊ ရေ ကြည်လိုင်းရုံး၊ ကမာနတ်လိုင်းရုံး၊ ပြည်လိုင်းရုံးတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၁၃၀)ဦးကျော်ဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ရရှိရေးအတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပြင်ဆင်ခဲ့မှုကြောင့် ယိမ်းယိုင်လဲကျခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းတိုင်များအနက် ဖေဖော်ဝါရီ ၂၆ ရက်တွင် တိုင်အမှတ် ၄၇ အား အလုံးစုံပြုပြင်ပြီးစီးခဲ့ကာ တိုင်အမှတ် ၄၃ ၏ ပြုပြင်မူလုပ်ငန်းနှင့် ဓာတ်အားလိုင်းကြိုးများပြန်လည်တပ်ဆင်ခြင်းတို့မှာလည်း အလုံးစုံပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုင်အမှတ် ၄၄ ၏တိုင်ဆင်လုပ်ငန်းမှာ ၄၀ ရာခိုင်နှုန်းပြီးစီး၍ Footing ကွန်ကရစ်လောင်းခြင်းမှာ အလုံးစုံပြီးစီးကာ တိုင်အမှတ် ၄၅ ၏တိုင်ဆင်လုပ်ငန်းမှာ ၃၀ ရာခိုင်နှုန်း၊ တိုင်အမှတ် ၄၆ ၏တိုင်ဆင်လုပ်ငန်းမှာ ၄၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့အတူ မတ် ၂ ရက်တွင်လည်း လျှပ်စစ်ကွမ်းကျင်ဝန်ထမ်းများက တိုင်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။