ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် မြန်မာဘောက်ဆင်သမားများ စတင်လေ့ကျင့်ပြင်နေပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်အဖွဲ့ချုပ်ထံက သိရသည်။
လက်ရှိ လက်ရွေးစင်ကစားသမားများအနေဖြင့် အပတ်စဉ် စနေ့နေ့တိုင်း နေပြည်တော် Gold Camp ၌ လေ့ကျင့်ပြင်နေခြင်းဖြစ်သည်ဟုဆိုသည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၉) ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံရှိ မြို့(၃)မြို့၌ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲနီးလာသည့်အတွက် အားကစားနည်းများ အလိုက် အားကစားကွင်း/ အားကစားရုံများ ပြုပြင်ထိန်းသိမ်းရေး၊ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမားများ၏ လေ့ကျင့်ရေးနှင့် နေထိုင်စားသောက်ရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည် အားကစားနှင့်ဆက်နွယ်သည့် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်နှင့် သင်္ကြန်မတိုင်မီ လုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ထားကြရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မှာကြားထားသည်။