Monday, March 31, 2025

တရုတ်အစိုးရ ထောက်ပံ့သည့် ပထမဆုံးအသုတ် ငလျင်ကယ်ဆယ်ရေးနှင့်...

တရုတ်နိုင်ငံအစိုးရအစီအစဉ်ဖြင့် ထောက်ပံ့သည့် ပထမဆုံးအသုတ် ငလျင်ကယ်ဆယ်ရေးနှင့် ကူညီရေးပစ္စည်းများကို ယနေ့ မတ်လ (၃၁)ရက်၌ ပေကျင်း မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှစတင်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ပထမဆုံးအသုတ် ကူညီရေးပစ္စည်းများကို စင်းလုံးငှားလေယာဉ်ဖြင့်...

SKY Villa ကွန်ဒိုရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း...

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေးမြို့ လမ်း(၆၀) ၊ (၂၃) လမ်း နှင့် (၂၄) လမ်း ကြားရှိ (၁၁)...

မန္တလေးမြို့၌ကိုယ်ဝန်ဆောင်အမျိုးသမီးကိုတရုတ်ကယ်ဆယ်ရေးသမားတွေကကယ်တင်နိုင်ခဲ့

မန္တလေးမြို့၊ မတ် ၃၁ တနင်္လာနေ့ မနက်ပိုင်းက မြန်မာနိုင်ငံ မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ကိုယ်ဝန်ဆောင် အသက်ရှင်ကျန်ရစ်သူကို တရုတ် ကယ်ဆယ်ရေး သမားများက ကယ်ထုတ်ခဲ့သည်။ အထက်ဖော်ပြပါ...

တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့(CISAR) နေပြည်တော်သို့ရောက်ရှိလာ

တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့(CISAR)သည် ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံ၌ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် မတ် ၃၀ ရက်ည ၁၁ နာရီက နေပြည်တော်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည်...
HomeNewsLocal News(၃) ရက်တာ ကျင်းပသည့်...

(၃) ရက်တာ ကျင်းပသည့် ငြိမ်းချမ်းရေးစကားဝိုင်းမှတဆင့် NCA စာချုပ်ပါ အချက်များ အမြန်ဆုံးအကောင်အထည်ဖော်ရန် အပါအဝင် ရေတိုရေရှည်ဆောင်ရွက်ရမည့် အကြံပြုချက် (၂၀) ကျော် ထွက်ပေါ်လာ

နေပြည်တော်တွင် (၃) ရက်တာ ကျင်းပခဲ့သည့် Peace Talk 2025 မှတဆင့် ရေတိုနှင့် ရေရှည်ဆောင်ရွက်ရမည့် အချက် (၂၀) ကျော် ထွက်ပေါ်လာပြီး ထိုအချက်များထဲတွင် NCA စာချုပ်ပါ အချက်များအား အမြန်ဆုံး အကောင်အထည်ဖော်ရန်ဆိုသည့်အချက်လည်း ပါဝင်သည်။

စစ်ဘက် အရပ်ဘက် နယ်ပယ်စုံမှ တာဝန်ရှိသူများ တက်ရောက်ကာ မတ်လ (၂၄) ရက်မှ (၂၆) ရက်အထိ (၃) ရက်တာကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲတွင် အချိန်တိုအတွင်း ဆောင်ရွက်ရမည့် အကြံပြုချက် (၁၂)ချက်နှင့် ကာလရှည်အတွက် အစီအစဉ် ချမှတ်လုပ်ဆောင်သင့်သည့် အကြံပြုချက် (၁၀) ချက် ရရှိခဲ့ခြင်း ဖြစ်သည်။

“ဒါက လက်တလော အရေးကြီးတယ်လို့ ယူဆလိုက်ပြီး ကျွန်တော်တို့ စဉ်းစားတယ်၊ ဖော်ထုတ်တယ်၊ ဝိုင်းတိုင်ပင်တယ်၊ လက်တလော ကျွန်တော်တို့ ဆွဲထုတ်လိုက်တဲ့ နိုင်ငံရေးအဖွဲ့ရဲ့ Outcome ပေါ့။ ကာလတိုအတွင်းမှာ အချက်(၁၂) ချက် ဆောင်ရွက်ရမယ်၊ ကာလရှည်အနေနဲ့ (၁၀)ချက် ဆောင်ရွက်မယ်” ဟု NSPNC အတွင်းရေးမှူး ၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးပွဲ ပိတ်ပွဲတွင်ပြောသည်။

ဆွေးနွေးပွဲကို အဖွဲ့ (၂) ဖွဲ့ခွဲ၍ ဆွေးနွေးကြခြင်းဖြစ်ပြီး ယခုအချက်များမှာ အဖွဲ့(၁)၏ (၃) ရက်တာ ဆွေးနွေးချက်များမှ လတ်တလောရရှိခဲ့သည့် အကြုံပြုချက်များဖြစ်ပြီး အသေးစိတ်ပြန်လည်သုံးသပ်ပြီးပါက လိုအပ်သည့်အချက်များ ထပ်တိုး၊ ထပ်ဖြည့်ခြင်းများ ဆောင်ရွက်သွားဦးမည်ဟုလည်း ၎င်းက ဆိုသည်။

NSPNC အတွင်းရေးမှူးက မတ်လ (၂၆) ရက် နေ့လယ်ပိုင်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲ ပိတ်ပွဲတွင် ဖတ်ကြားတင်ပြချက်အရ အချိန်တိုအတွင်း၌ ဆောင်ရွက်ရမည့် အကြံပြုချက်များမှာ (၁)ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်သည် ယခုချက်ချင်း ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့်အတွက် အမြန်ဆုံးဖော်ဆောင်ရန်၊ (၂) NCA ကိုအခြေခံသည့် အင်စတီကျူရှင်းများဖြစ်သော JMC နှင့် UPDJC ကို ပြန်လည်အသက်ဝင်လာအောင် လုပ်ဆောင်ရန်၊ (၃) NCA Review and Modification Process စတင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ (၄) ပဋိပက္ခ လျော့ချရေးလုပ်ငန်း စဉ်အတွက် ဒေသဆိုင်ရာ Pilot Project များနှင့် ရပ်မိရပ်ဖများ၊ ဒေသခံသြဇာရှိ ပုဂ္ဂိုလ်များနှင့် အစိုးရတာဝန်ရှိသူ များ ပူးပေါင်းကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ၊ ပညာရေး၊ ကျန်းမာရေး ထောက်ပံ့မှုများ ရနိုင်သလောက် လုပ်ဆောင်ရန်၊ (၅) ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Government) အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှုရရှိစေနိုင်ပြီး ပဋိပက္ခများကို လျော့ချနိုင်သည့်အတွက် ပြည်သူ့ရေးရာဝန်ဆောင်မှုများနှင့်ပတ်သက် သည့် ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်နိုင်ရန် စသည်တို့ပါဝင်သည်။

ထို့ပြင် (၆) NCA မှ ထွက်ပေါ်လာသည့် ငြိမ်းချမ်းရေးညီ လာခံများ၌ ဆွေးနွေးသဘောတူညီမှု ရရှိထားသော ပြည် ထောင်စုသဘောတူစာချုပ်(Union Accord)ပါ အချက်များအား အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ (၇) ရွေးကောက် ပွဲအပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေး ယခုထဲက ကြိုတင်ပြင်ဆင်ထားရန်၊ (၈) ဆွေးနွေးညှိနှိုင်းကြရာတွင် ကြားဝင်စေ့စပ်ညှိနှိုင်းသူ (Third Party) များမှတစ်ဆင့် ဆောင်ရွက်ပေးနိုင်ရန်၊ (၉) နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ သတိရှိစွာပြုလုပ်ပြီး အားလုံးပါဝင်သည့် လုပ်ငန်းစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် စတင်နိုင်ရန်၊ (၁၀) ရွေးကောက်ပွဲ လုံခြုံမှု ရှိစေရန် အကာအကွယ်ပေးနိုင်မည့် ထိရောက်သော ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ရန်နှင့် ဒေသခံအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်၊ (၁၁) ရွေးကောက်ပွဲစနစ် မဲဆန္ဒနယ် သတ်မှ တ်ခြင်း၊ ရွေးကောက်ပွဲဥပဒေစသည့် ရွေးကောက်ပွဲနှင့်သက် ဆိုင်သော ကိစ္စရပ်များကို State Holder များအကြား ကြိုတ င်အသိပေးခြင်း ဆောင်ရွက်ရန်၊ (၁၂) ရွေးကောက်ပွဲမတိုင်မီအချိန်တွင် သက်ဆိုင်သူများအကြား နိုင်ငံရေးစကားဝိုင်း ဆွေးနွေးမှုများ ပိုမိုပြုလုပ်နိုင်မည့် ညီလာခံကဲ့သို့သော အခင်းအကျင်းတစ်ရပ် ကြိုးပမ်းဆောင်ရွက်နိုင်ရန် စသည်တို့ ဖြစ်သည်။

ဆက်လက်၍ ကာလရှည်အတွက် ဆောင်ရွက်ရမည့် အကြံ ပြုချက်များအနေဖြင့် (၁) အခြေခံဥပဒေပြင်ဆင်ရေးအတွ က် စားပွဲဝိုင်းဆွေးနွေးမှုများကို လွှတ်တော်များ မပေါ်ပေါက်သေးခင်ကပင် အစပြုထားပြီး ရွေးကောက်ပွဲအပြီး လွှတ်တော်များပေါ်ပေါက်လာသည့်အချိန်တွင် ဆက်လက်ဆွေး နွေးကြရန်၊ (၂) ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ပြည်သူများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်သော အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှုပြုလု ပ် ရန်၊ NSPNC မှတစ်ဆင့် မီဒီယာများ၊ အရပ်ဘက်အဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ (၃) ပဋိပက္ခဖြစ် ပွားသော ဒေသများမှာ နယ်စပ်ဒေသများ ဖြစ်သောကြောင့် နယ်စပ်ဒေသမှ ပြည်သူလူထုနှင့် အစိုးရအကြား ယုံကြည်မှု ပိုမိုတိုးတက်စေရန်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ (၄) နိုင်ငံတကာဆက်ဆံ ရေးကဏ္ဍတွ်တက်ကြွသောမူဝါဒ ထားရှိမည်ဖြစ်သလို ငြိမ်းချမ်းရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့်ရော၊ ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် သီးသန့်ထား စဉ်းစားပေးနိုင်ရန် အိမ်နီးချင်းနိုင်ငံများအပြင် အခြားသော ကမ္ဘာ့အရေးအခင်းတွင် အရေးပါသော နိုင်ငံကြီးများ(အမေရိကန်၊ ရုရှားတို့ကို ဆိုလိုသည်)နှင့်လည်း မျ က်ခြေမပြတ်သော ဆက်ဆံရေးထားရှိရန် စသဖြင့် ပါရှိသည်။

ထို့ပြင် (၆) Political Power ၊ Economic Power ၊ Military Power နှင့် ယနေ့ခေတ်တွင် AI Power ကပါ လွှမ်းမိုးမှု ရှိလာသည့်အတွက် ယင်းကဏ္ဍများ၌ ပိုမိုအားကောင်းလာစေရေး အစီအမံများ ကြိုတင်စဉ်းစားထားရန်၊ (၇) ယနေ့ကမ္ဘာတွင် Non Traditional Challenge များဖြစ်နေပြီး Cyber Security (ဥပမာအားဖြင့် ကျားဖြန့်ကို ဆိုလိုခြင်းဖြစ်ပါ သ ည် လက်တလောအနေအထားအရ)နှင့် ပတ်သက်၍ ရေရှည်အစီအမံများကို ချမှတ် ဆောင်ရွက်ထားရန်၊ (၈) Resettlement Recovery Redevelopment များအား ရေရှည်အစီ အမံများ ချမှတ် ဆောင်ရွက်ရန်၊ (၉) လူငယ်များ၏ ကဏ္ဍ၊ အမျိုးသမီးများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်စေရေးတို့အတွက် အထူးလေးထား လုပ်ဆောင်ရန်၊ (၁၀) ပဋိပက္ခဒဏ်ခံစားရသော ဒေသများမှ ပြည်သူလူထုအတွက် ရုပ် ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် စသည့်အချက်များ ဖြစ်သ ည်။

“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့” ဟူသည့် ရည်မှန်းချက်ဖြင့် ဆောင်ရွက်ခဲ့သည့် ငြိမ်းချ မ်းရေးစကားဝိုင်း (Peace Talk 2025 ) သို့ NSPNC ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လက်ရှိ တပ်မတော်အရာရှိများနှင့် အငြိမ်းစား တပ်မတော်အရာရှိကြီးများ ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြင်ပပညာရှင်များ ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ လေ့လာသူများတက်ရောက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအား နစက ဥက္ကဋ္ဌထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်အစိုးရ ထောက်ပံ့သည့် ပထမဆုံးအသုတ် ငလျင်ကယ်ဆယ်ရေးနှင့် ကူညီရေးပစ္စည်းများ စတင်ပို့ဆောင်

တရုတ်နိုင်ငံအစိုးရအစီအစဉ်ဖြင့် ထောက်ပံ့သည့် ပထမဆုံးအသုတ် ငလျင်ကယ်ဆယ်ရေးနှင့် ကူညီရေးပစ္စည်းများကို ယနေ့ မတ်လ (၃၁)ရက်၌ ပေကျင်း မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှစတင်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ပထမဆုံးအသုတ် ကူညီရေးပစ္စည်းများကို စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်မည်ဖြစ်ပြီး၊ရွက်ဖျင်တဲ(၁,၂၀၀) လုံး၊ ခြုံစောင် (၈,၀၀၀) ၊ အရေးပေါ်ကယ် ဆယ်ရေးအိတ် (၄) သောင်းကျော်ပါဝင်သည်ဟု တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA)၏ အသိပေးချက်အပေါ်ဆင်ဟွာသတင်းဌာန ဖော်ပြထား သည်။ အဆိုပါ ကူညီရေးပစ္စည်းများသည်မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံအစိုးရမှ ယွမ်သန်း (၁၀၀) တန်ဖိုးရှိလူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေး အကူအညီများ...

SKY Villa ကွန်ဒိုရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အချို့ရပ်နားလိုက်ပြီ

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေးမြို့ လမ်း(၆၀) ၊ (၂၃) လမ်း နှင့် (၂၄) လမ်း ကြားရှိ (၁၁) ထပ်အမြင့်ရှိသည့် SKY Villa ကွန်ဒိုတွင် ဆောင်ရွက်နေသည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်သည်။ အပျက်အစီးများအောက်၌ ပိတ်မိနေသူများ အားလုံး အသက်ရှင်လျက် မရှိတော့သည့်အတွက် ကယ်ဆယ်ရေးများ ရပ်နားရခြင်းဖြစ်ကြောင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့တွင်ပါဝင်လာသည့် အဖွဲ့ဝင်တစ်ဦးက ကယ်ဆယ်ရေး ရပ်နားခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။ " အသက်ရှင်တဲ့ သူတွေရှိရင် ကျွန်တော်တို့ ဆက်ရှာပါတယ်။ အခုက ဒီဘက်မှာ...

မန္တလေးမြို့၌ကိုယ်ဝန်ဆောင်အမျိုးသမီးကိုတရုတ်ကယ်ဆယ်ရေးသမားတွေကကယ်တင်နိုင်ခဲ့

မန္တလေးမြို့၊ မတ် ၃၁ တနင်္လာနေ့ မနက်ပိုင်းက မြန်မာနိုင်ငံ မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ကိုယ်ဝန်ဆောင် အသက်ရှင်ကျန်ရစ်သူကို တရုတ် ကယ်ဆယ်ရေး သမားများက ကယ်ထုတ်ခဲ့သည်။ အထက်ဖော်ပြပါ ကယ်ဆယ်ရေးမစ်ရှင်တွင် တရုတ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် RAMUNION RESCUE အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့သည်ဟု တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ယုရှင်း က မြို့တော်၏ လူနေရပ်ကွက်တစ်ခုရှိ ကယ်ဆယ်ရေးစခန်းတွင် ရှင်းဟွာသို့ ပြောကြားခဲ့သည်။ တရုတ် ကယ်ဆယ်ရေးသမားများသည် ယခု ကယ်ဆယ်ရေး ခရီးစဉ် အတွင်း တုန်လှုပ် ချောက်ချားဖွယ်ရာ အများအပြားကို သတ္တိရှိရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071