Wednesday, November 20, 2024

အိန္ဒိယ၌ လေထုညစ်ညမ်းနေဆဲဖြစ်၍ ကျောင်းများပိတ်ထားရဆဲဖြစ်

နူးဒေလီ၊နိုဝင်ဘာ ၁၉ အိန္ဒိယနိုင်ငံ၏မြို့တော်နူးဒေလီနှင့် အနီးတစ်ဝိုက်တွင် လေထုညစ်ညမ်းမှုသဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး အပြင်းထန်ဆုံးအခြေအနေဖြစ်နေသေးသဖြင့် ကျောင်းများပိတ်ထားရကာ တက္ကသိုလ်များကို အွန်လိုင်းသင်ကြားရေးစနစ်သို့ပြောင်းလဲထားသည်ဟုသိရသည်။ လေထုညစ်ညမ်းမှုသည် ပိုမိုဆိုးရွားလာသဖြင့် အာဏာပိုင်များက တင်းကြပ်သောစည်းမျဉ်းများချမှတ်ထားပြီး အခြေအနေကိုထိန်းချုပ်နိုင်ရန်လည်းကြိုးပမ်းလျက်ရှိသည်ဟုလည်းသိရသည်။ အဆိပ်သင့်မီးခိုးမြူများကြောင့် မြင်နိုင်စွမ်းများကျဆင်းလာပြီး...

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၀၈)တွဲရောင်းချရ

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသနေသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၀၈ တွဲ ရောင်းချရကြောင်း ပြပွဲကျင်းပရေးကော်မတီ၏...

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဦးတည်ချက်များ၊ ဆောင်ပုဒ်တို့နှင့်အညီ...

လာမည့် နိုဝင်ဘာ ၂၅ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မြန်မာနိုင်ငံတဝန်း အကြိုလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်...

Starship ဒုံးပျံလွှတ်တင်မှုကို ထရမ့်ပ်နှင့် မတ်စ်...

အီလွန်မတ်စ်၏ SpaceX ကုမ္ပဏီသည် ၎င်း၏ ဧရာမဒုံးပျံ Starship ကို အင်္ဂါနေ့တွင် တက္ကဆပ်စ်ရှိ လွှတ်တင်စင်မှ အာကာသသို့ လွှတ်တင်ခဲ့ပြီး ဒုံးပျံ၏...
HomeNewsLocal News(၄)လတာ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့...

(၄)လတာ ကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဧည့်သည် (၁၉) သိန်းကျော် လာရောက်ဖူးမြော်ခဲ့

ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လမှ အောက်တိုဘာလအထိ လေးလတာကာလအတွင်း ဘုရားဖူးဧည့်သည် (၁၉) သိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ကာလအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ဝင်ရောက်မှုအနေဖြင့် ဇူလိုင်လတွင် (၄၄၀၉၁၇) ဦး၊ သြဂုတ်လတွင် (၃၆၃၂၆၁)ဦး၊ စက်တင်ဘာလတွင် (၅၀၈၅၃၁) ဦး၊ အောက်တိုဘာလတွင် (၆၇၈၉၁၅) ဦး စုစုပေါင်း (၁၉၉ ၁၆၂၄) ဦး လာရောက်ဖူးမြော်ခဲ့ကြကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

ရွှေတိဂုံစေတီတော်သို့ ပုံမှန်အားဖြင့် တစ်ရက်လျှင်ဘုရားဖူး လာရောက်သူ တစ်သောင်းဝန်းကျင်ရှိပြီး ရုံးပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင် တစ်သိန်းကျော်အထိ ဝင်ရောက်မှုရှိကြောင်း သိရသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာ ပြည်သူများအဆင်ပြေစေရန် ၂၀၂၂ ခုနှစ် မတ်လ (၂၆) ရက်မှစ၍ ဘုရား ဖူးမြော်ချိန်ကို နံနက် (၅) နာရီမှ ည (၈) နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှစ၍ နံနက် (၅) နာရီမှ ည (၉) နာရီအထိလည်းကောင်း၊ ထို့နောက် ၂၀၂၄ ခုနှစ်ဇွန်လ (၂၁) ရက်မှစ၍ နံနက် (၄) နာရီမှ ည (၁၀) နာရီအထိလည်းကောင်း တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယ၌ လေထုညစ်ညမ်းနေဆဲဖြစ်၍ ကျောင်းများပိတ်ထားရဆဲဖြစ်

နူးဒေလီ၊နိုဝင်ဘာ ၁၉ အိန္ဒိယနိုင်ငံ၏မြို့တော်နူးဒေလီနှင့် အနီးတစ်ဝိုက်တွင် လေထုညစ်ညမ်းမှုသဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး အပြင်းထန်ဆုံးအခြေအနေဖြစ်နေသေးသဖြင့် ကျောင်းများပိတ်ထားရကာ တက္ကသိုလ်များကို အွန်လိုင်းသင်ကြားရေးစနစ်သို့ပြောင်းလဲထားသည်ဟုသိရသည်။ လေထုညစ်ညမ်းမှုသည် ပိုမိုဆိုးရွားလာသဖြင့် အာဏာပိုင်များက တင်းကြပ်သောစည်းမျဉ်းများချမှတ်ထားပြီး အခြေအနေကိုထိန်းချုပ်နိုင်ရန်လည်းကြိုးပမ်းလျက်ရှိသည်ဟုလည်းသိရသည်။ အဆိပ်သင့်မီးခိုးမြူများကြောင့် မြင်နိုင်စွမ်းများကျဆင်းလာပြီး လေကြောင်းခရီးစဉ်များလည်း နှောင့်နှေးကြန့်ကြာကာ ရထားနှင့်လေကြောင်းခရီးစဉ်များကိုလည်း အချိန်ရွှေ့ဆိုင်းခြင်းနှင့်ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့ရသည်ဟုလည်းသိရသည်။ နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့နံနက်အထိ ရထားခရီးစဉ် ၂၂ ခုကို အချိန်ရွှေ့ဆိုင်းခဲ့ရပြီး လေကြောင်းခရီးစဉ် ၈ ခုကိုလည်း လမ်းကြောင်းပြောင်းပျံသန်းခဲ့ရသည်ဟုလည်းသိရသည်။ဒေလီ၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးကမူ ယခုပြဿနာကို ပြည်ထောင်စုအစိုးရဝန်ကြီးချုပ်မိုဒီအနေဖြင့်လည်း ကြားဝင်ဖြေရှင်းပေးစေလိုသည်ဟုပြောကြားခဲ့သည်။ ယင်းနောက် ၎င်းက မိုးအတုများပြုလုပ်ရွာသွန်းစေခြင်းနည်းသော်လည်းကောင်း ကျွမ်းကျင်ပညာရှင်များ၊အာဏာပိုင်များအနေဖြင့် အရေးပေါ်စည်းဝေးကာ ဝိုင်းဝန်းဖြေရှင်းပေးလိုသည်ဟုလည်းပြောကြားခဲ့သည်။ Source : ရှင်းဟွာ

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၀၈)တွဲရောင်းချရ

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသနေသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၀၈ တွဲ ရောင်းချရကြောင်း ပြပွဲကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြပွဲ ဒုတိယနေ့တွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲ အမှတ် (၁) မှ အတွဲအမှတ် (၁၄၀) အထိ ပုလဲအတွဲများကို စိတ်ကြိုက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ဒါပုံးများအတွင်းထည့်သွင်းခဲ့သည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေး၍ ပုလဲအတွဲပေါင်း (၁၀၈) တွဲရောင်းချရကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ အလားတူ ပြပွဲတတိယနေ့တွင်လည်း ပုလဲအတွဲအမှတ် (၁၄၁)...

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဦးတည်ချက်များ၊ ဆောင်ပုဒ်တို့နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်

လာမည့် နိုဝင်ဘာ ၂၅ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မြန်မာနိုင်ငံတဝန်း အကြိုလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရေးနှင့် အခမ်းအနားများကို စီမံချက်နှင့်အညီ အောင်မြင်စွာကျင်းပသွားနိုင်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီထံမှ သိရသည်။ ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အမျိုးသားအောင်ပွဲနေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071