(၇)ကြိမ်မြောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံကို ဒီဇင်ဘာ (၃)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံကို ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ် ပုသိမ်ခန်းမတွင် နံနက် (၁၀) နာရီမှစတင်၍ ကျင်းပပြုလုပ်မည်ဖြစ်ပြီး သတင်းမီဒီယာများတက်ရောက် သတင်းရယူနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖိတ်ကြားထားသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း (၆)ကြိမ်မြောက် ညီလာခံကို ကျင်းပပြုလုပ်ခဲ့ကြပြီး ၊ ယင်းနှစ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ငွေစာရင်းရှင်းလင်းချက်များကို တင်ပြခဲ့ကြသည်။
၂၀၂၃ ခုနှစ် ငွေစာရင်းရှင်းလင်းချက်အရ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ၏ စိုက်ထုတ်ငွေ အမေရိကန်ဒေါ်လာ (၁၈၂၅၅၃၃) အပါအဝင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ပံ့ပိုးငွေ အမေရိကန် ဒေါ်လာ (၁၈၅၇၈၈၄)၊ အာရှဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးငွေအမေရိကန်ဒေါ်လာ (၆၀၉၉၀၆)၊ အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးငွေအမေရိကန်ဒေါ်လာ (၉၂၅ ၉၀)၊ ဥရောပဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးငွေအမေရိကန်ဒေါ် လာ (၂၂၃၂၄)၊ စပွန်ဆာနှင့် အခြားဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ (၇၁၁၈၂၈) ဖြင့် ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ (၅၅၁၇၄၈၀) ရရှိခဲ့ကြပြီး ၊ လည်ပတ်သုံးစွဲငွေ စုစုပေါင်းမှာအမေရိကန် ဒေါ်လာ (၆၁၈၃၇၃၄)ဖြစ်သောကြောင့် လိုငွေအမေရိကန်ဒေါ်လာ (၆၆၆၂၅၅) ရှိကြောင်း သိရသ ည်။